ရင်တွင်းဖြစ် short film လေးရိုက်ကူးနေတယ်ဆိုတဲ့ ဟန်နာယူရီ

မိတ်ကပ်ပညာရှင် တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ လူသိများတဲ့ ဆယ်လီမလေးတစ်ယောက်ဖြစ်တဲ့ ဟန်နာယူရီကတော့ သူမကို အားပေးနေကြတဲ့ ပရိသတ်တွေအတွက် ရင်တွင်းဖြစ် ဇာတ်လမ်းတိုလေးကို ရိုက်ကူးနေပြီဆိုတဲ့အကြောင်းကို ဒီကနေ့မှာ ပြောဆိုလာပါတယ်။

ကိုရီးယားမင်းသမီးဆန်ဆန်လှတဲ့ မျက်နာလေးကို ပိုင်ဆိုင်ထားတဲ့ ဟန်နာယူရီကတော့ “Riတို့ ရဲ့  short film
ရင်တွင်းဖြစ်လို့ လဲပြောလို့ ရတဲ့ Short film လေးကိုမကြာမီonline တင်သွားမှာပါ အရင်လိုBehind the scenes မတင်သေးဘူးနော် စိတ်လှုပ်ရှားရင်ခုန်စေချင်လို့ ပါ အားလုံးကြိုးပမ်းထားလို့ အားပေးပါဦးရှင်”လို့ရေးပြီး ပရိသတ်တွေကို အသိပေးထားတာဖြစ်ပါတယ်။

ဟန်နာယူရီကတော့ သူမရဲ့ အနုပညာစွမ်းရည်အသစ်တွေကို ပရိသတ်တွေကို ချပြတော့မယ့်ပုံပါပဲ။ ပရိသတ်တွေလည်း ဟန်နာရီယူရီ ရိုက်ကူးနေတဲ့ ဇာတ်လမ်းတိုလေး ထွက်လာတဲ့အခါ အားပေးလိုက်ကြပါဦးနော်။

READ
မြန်မာဝတ်စုံလေးနဲ့လည်း ဆွဲဆောင်မှုအပြည့်ရှိနေတဲ့ သင်ဇာဝင့်ကျော်

Source:Hanna Yuri

SHARE