ချစ်စရာအမူအရာလေးတွေနဲ့ ကိုရီးယားမလေးတစ်ယောက်လို လှနေတဲ့ဟန်နာယူရီ

fb page/ Hanna Yuri

ဟန်နာယူရီကတော့ ပရိသတ်တွေလက်ခံအားပေးမှုအပြည့်အ၀ရရှိထားတဲ့ make up artist တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ကိုရီးယားမလေးလို လှပတဲ့အသွင်အပြင်နဲ့ ချစ်စရာကောင်းတဲ့အမှုအရာလေးတွေကြောင့် ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း ဟန်နာယူရီကတော့ make up artist တစ်ယောက်အပြင် မော်ဒယ်တစ်ယောက်အဖြစ်နဲ့လည်း အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်လာပြီဖြစ်ပါတယ်။

fb page/ Hanna Yuri

ဟန်နာယူရီကတော့ make up tutorial တွေအပြင်၊ သူမရဲ့အနုပညာလှုပ်ရှားမှုတွေကို ဖေ့ဘွတ်မှာ အမြဲတင်ပေးလေ့ရှိတဲ့သူတစ်ယောက်ပါ။ အခုဆိုရင် Youtube မှာ ကိုယ်ပိုင်ချန်နယ်တစ်ခုကို တည်ထောင်ထားပြီး make up tutorial တွေနဲ့ တခြား blog တွေကို တင်ပေးလေ့ရှိပါတယ်။

အခုလည်း ဟန်နာယူရီက ကိုရီးယားမလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ သူမရဲ့ပုံလေးတွေကို ဖေ့ဘွတ်မှာ မျှဝေပေးထားပါတယ်။ ပုံတွေထဲမှာ နှင်းလိုဖြူဝင်းတဲ့အသားအရေနဲ့ ကိုရီးယားမလေးတစ်ယောက်လို လှနေတဲ့ ဟန်နာယူရီကတော့ မြင်သူတိုင်းကို ငေးမောနေစေမှာ အမှန်ပါပဲ။ ဒါ့အပြင် သူမရဲ့လန်းဆန်းတက်ကြွပြီး ကလေးဆန်တဲ့အမှုအရာလေးတွေက တမျိုးလေး ချစ်ဖို့ကောင်းနေပါတယ်။

READ
Red Velvet အဖွဲ့ဝင်တွေရဲ့ ဆွဲဆောင်မှုအရှိဆုံး ပွဲတက်ဖက်ရှင်များ
fb page/ Hanna Yuri
fb page/ Hanna Yuri

ဟန်နာယူရီကတော့ ပုံလေးတွေကို

“Riရဲ့ဒီနေ့တစ်နေ့တာ

Taken by Fujifilm X-A5 camera” ဆိုပြီး တင်ပေးထားပါတယ်။

Riရဲ့ဒီနေ့တစ်နေ့တာ 🤍Taken by Fujifilm X-A5 camera

Posted by Hannayuri on Sunday, 2 February 2020

ဟန်နာယူရီကတော့ ပရိသတ်အတွက် အနုပညာလှုပ်ရှားမူတွေကို ဆက်တိုက်ပြုလုပ်နေသူတစ်ဦးဖြစ်ပြီး ပရိသတ်ကြီးကလည်း အားပေးလိုက်ကြပါဦးနော်…

fb page/ Hanna Yuri
fb page/ Hanna Yuri

Source : Hanna Yuri’s Fb page

Eaint Thet

 

SHARE