သစ်ရွက် သစ်ခက်လေးတွေကို သုံးပြီး ဖန်တီးထားတဲ့ အနုပညာလက်ရာလေးများ

Image:IG/Hannah Bullen-Ryner

အနုပညာကို ပုံစံ မျိုးစုံနဲ့ ပုံဖော်ကြတဲ့ Artist တွေ အများကြီးရှိပါတယ်။အဲ့ဒီအထဲကမှ ဒီတစ်ခါ မှာတော့ Hannah Bullen-Ryner ရဲ့ အ ကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။သူမက တော့ အမိုက်စားငှက် ပုံ လက်ရာ လေးတွေ ကြောင့် နာမည်ကြီး တာပါ။ပုံဖော်တဲ့ အခါ မှာ သူမ သုံးတဲ့ အရာ တွေ က သစ်ရွက်၊ သစ်ခက် လေးတွေ၊ပန်း ပွင့် ပွင့်ချပ် လေးတွေ ကို အသုံးပြု ပုံဖော်တာပါ။သူမရဲ့ အေ ကြာင်းကိုတော့ odditycentral မှာ ဖော်ပြထားပါတယ်။

သူမက ပန်းချီဆရာမ၊ဓါတ်ပုံဆရာ မ တစ်ယောက် အဖြစ်လည်း ပညာ သင်ယူခဲ့ဖူးပါတယ်။သစ်ရွက် သစ်ခက် လေးတွေ နဲ့ အခုလို ပုံတွေ ဖန်တီးပုံဖော်ရတယ်ဆိုတာ ထင် သ လောက် မလွယ်ပါဘူး။စိတ်ရှည်ရှည် နဲ့ ပုံ ဖော်ဖန်တီးနိုင်မှ ရတာပါ။လက်ရာ လေးတွေက တော့ ယာယီ  လေးတွေ ပါ။လုံးဝ အ သေ Fix လုပ် ဖန်တီး ထားတာမျိုးတော့ မဟုတ်ပါဘူး။ငှက် ရဲ့ အ တောင် နေရာ မှာတော့ သစ်ခက် သစ်ရွက် လေးတွေ နဲ့ ဖန်တီးပြီး မျက်လုံးနေရာကိုတော့ ဘယ်ရီ သီးလေးတွေ နဲ့ ဖန်တီး တာပါ။

သူမရဲ့ လက်ရာ တွေ က ကမ္ဘာမြေကြီးနဲ့ သူမရဲ့ စိတ်ဝိဥာဉ် ကို ပူးပေါင်းပြီး ဖန်တီးရတာ မျိုးလို့ သူမက ဆိုပါတယ်။ Hannah Bullen-Ryner မှာတော့ သုံးနှစ် အရွယ် သမီး အမြွှာေ လး နှစ်ယော က်ရှိပါတ ယ်။သမီး အမြွှာ နှစ်ယောက်ရဲ့ မေ မေ ဖြစ်တဲ့ သူမက တော့” သမီးအမြွှာ နှစ်ယောက် ရဲ့ မေ မေ တစ်ယောက် အ နေနဲ့ စိတ် ပူပန်ကြောင့်ကြရတာတွေ ရှိပါတယ်။ကျမရဲ့ အနုပညာလက်ရာ က ကျ မရဲ့ တိတ်ဆိတ် နေတဲ့ အချိန်၊ကျမရဲ့ ငြိမ်းချမ်းမှုပဲ..” လို့ ပြောခဲ့ပါတယ်။

Hannah Bullen-Ryner က တော့ အရင် ဆုံး ပစ္စည်းတွေကို လိုက်စုပြီးမှ သူမ စိတ်ဆန္ဒရှိတဲ့ အရာ မျိုးကို ပုံဖော် ဖြစ်တယ်လို့ ဆိုပါတယ်။လမ်းလျှောက်ရင်းနဲ့ လည်း ကြုံ ရင်ကြုံ သလို သူမ ဖန်တီးချင်တဲ့ လက်ရာ မျိုးလေးတွေ ကိုလည်း ဖန်တီးပြီး ထားခဲ့တယ်လို့ ပြောပါတယ်။ဘာကြောင့် အ သေ မဟုတ်ပဲ လေ တိုက် ရင် လွှင့်ပျယ်သွားမယ့် လက်ရာ မျိုးတွေကိုပဲ ဖန်တီးဖြစ်နေရတာလဲ ဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

Morning visitor..

A post shared by Hannah Bullen-Ryner Art (@hannahbullenrynerart) on

“ လူတွေ က ကျ မကို မေးတယ်။ဘာလို့ ကြာကြာခံ တဲ့ လက်ရာ မျိုးကို မလုပ်တာလဲ၊ခဏ ခံတာ မျိုးတွေ ပဲ လုပ်တာလဲ ဆိုပြီး.ကျမ အတွက် က တော့ ကျ မလုပ်တဲ့ အရာ လေးတွေ က ကျမစိတ်ဝိဥာဉ် အတွက် ကုစားတဲ့ ကုထုံး တစ်ခု လို ဖြစ်နေလို့။ကျမ ခံစားရတဲ့ စိုးရိမ်ပူပန် စိတ်၊ကြောက်စိတ်၊ ဦးနှောက်ထဲက ပရမ်းပတာ အ တွးတွေ အားလုံးကို ဆွဲထုတ်ပြီး သဘာဝ တရားကြီး ကိုဂုဏ်ပြု တဲ့အနေနဲ့ ဒီလို လက်ရာ တွေကို ဖန်တီးတာပါ။

ဓါတ်ပုံ တစ်ချို့ကျ မရိုက်တယ် ပြီးတော့ ဒီတိုင်း ထားပြီး ပြန်လာတယ်။စိတ်ထဲမှာ တည်ငြိမ် အေးချမ်းတဲ့ ခံစားချက်၊ပေါ့ပါးတဲ့ ခံစားချက်မျိုးကျန် နေခဲ့တယ်..” လို့ ဆိုပါတယ်။သူမ အတွက် ကေ တာ့ လက်ရာ တွေ ကြာကြာခံတာ၊ယာယီခဏပဲ ခံတယ်ဆိုတာ ထက် သူမရဲ့ စိတ်အေးချမ်းမှု အတွက် ဒီလို လက်ရာ မျိုးလေးတွေကို ဖန်တီးနေတာပါ။

#SHWEMOM

SHARE