သုတေသီတွေ ပြောပြတဲ့ ဘ၀သက်တမ်းတစ်လျှောက် အပျော်ရွှင်ရဆုံးသော အပိုင်းအခြား

pixabay

ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်လုံးကို ပြန်ကြည့်မယ်ဆိုရင် ကိုယ်ရည်မှန်းထားတာနဲ့ တစ်ထပ်တည်းကျပြီး သာယာပျော်ရွှင်ရတဲ့အချိန်တွေရှိလား။ အရွယ်ရောက်လာလို့ အခွင့်အရေးတွေကို အပြည့်အဝခံစားရတဲ့အချိန်လား၊ အပူအပင်မရှိတက္ကသိုလ်တက်နေတဲ့အချိန်လား၊ ဒါမှမဟုတ် ကိုယ်အရမ်းရချင်တဲ့ အလုပ်ရသွားတဲ့အချိန်လား။

ဒီအဖြေကို သက်သေနဲ့တကွဖြေဖို့အတွက် သုသေတီတွေက စစ်တမ်းကောက်ချက်တွေပြုလုပ်ခဲ့ပါတယ်။ ရလဒ်တွေအရ လူ့ဘဝရဲ့ အသက်အပိုင်းအခြား နှစ် (၂) နှစ်အချိန်ဟာ တစ်ဘဝလုံးအတွက် အပျော်ရဆုံး နှစ်တွေပါတဲ့။ သင်ဟာ ဒီ (၂) နှစ်ထဲကို တစ်ခုကို ကြုံခဲ့ရပြီး နောက်ထပ်တစ်ခုကို မကြုံရသေးတာဖြစ်နိုင်သလို၊ (၂) နှစ်စလုံးကို မဖြတ်သန်းရသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လန်ဒန်မြို့ရှိ Economics and Political Science ကျောင်းမှ Centre of Economic Performance ကနေပြီး အသက် (၁၇) နှစ်မှ (၈၅) နှစ် အတွင်းမှာရှိတဲ့ အရွယ်ရောက်ပြီးသား ဂျာမန်လူမျိုး အယောက်ပေါင်း (၂၃,၀၀၀) ကျော်ကို ဘဝရဲ့ကျေနပ်ပြည့်ဝမှုတွေနဲ့ ကိုယ့်ရဲ့သက်တမ်းတစ်လျှောက် ဘယ်လိုအချိန်တွေက အပျော်ဆုံးဖြစ်ခဲ့လဲ၊ ဖြစ်နေမလဲဆိုတဲ့ မေးခွန်းကို ခန့်မှန်းမေးခိုင်းခဲ့ပါတယ်။

READ
ချစ်စရာကောင်းတဲ့ မိန်းကလေးကိုယ်စီမှာ ရှိကြတဲ့ မတူညီတဲ့ စူပါပါဝါ (၅) မျိုး

နောက်ထပ် (၅)နှစ် အတိအကျအကြာမှာတော့ ဒီမေးခွန်းကိုပဲ ထပ်မေးပြီး ပထမတစ်ခါ သူတို့ဖြေထားတာနဲ့ ကိုက်ညီ၊ မညီဆိုတာ ပြန်လည်ချိန်ဆကြည့်ခဲ့ကြပါတယ်။

pixabay

ထွက်ပေါ်လာတဲ့ရလဒ်ကတော့ ဘဝရဲ့ပျော်ရွှင်မှုကို သက်တမ်းရဲ့ U ပုံသဏ္ဍာန်အနေနဲ့ အသက် (၂၀) မှ (၇၀) ကြား လူများဟာ အပျော်ရွှင်ရဆုံးအချိန်ဟာ သူတို့ရဲ့ အသက် (၂၃) နှစ်နဲ့ (၆၉) နှစ်အရွယ်မှာ ရှာတွေ့ခဲ့တြတယ်လို့ပဲဖြစ်ပါတယ်။

အများစုသော (၂၃) နှစ်အရွယ်ဟာ ဘဝရဲ့နောက်ဆက်တွဲ ရုန်းကန်လှုပ်ရှားမှုတွေအတွက် ဝမ်းစာပြည့်နေပြီးတဲ့ အချိန်ပဲဖြစ်ပါတယ်။ ပညာလည်းစုံ၊ အလုပ်ခွင်မှာလည်း အတည်အကျဖြစ်နေပြီး ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ရေးဆွဲနိုင်ဖို့ အတောင်အလက်တွေလည်း စုံနေတဲ့အချိန်ပါ။

အသက် (၆၉) နှစ်ရွယ်မှာတော့ လူအများစုကတော့ အရှေ့ပိုင်း အသက်အရွယ်တွေမှာ ဆက်တိုက်ရုန်းကန်ထားခဲ့တဲ့ အသီးအပွင့်တွေကို အဆင်သင့် စားသုံးနေရမယ့် အချိန်ပါ။ အလုပ်မှာရော လူမှုရေးအရမှာရော မအောင်မြင်ရင်တောင်မှ နေရာတစ်ခုကို ရောက်ရှိလို့နေပါပြီ။

READ
ခွေးလေးတွေမွေးပြီးရင် ဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့အခြေခံအချက်များ
pixabay

ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက စစ်တမ်းကောက်တုန်းက လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်ကို စိတ်ကူးနဲ့ပုံဖော်ခိုင်းတဲ့အခါ လိုတာထက်ကိုပိုပြီး မှန်းကြသလို အသက်ကြီးပိုင်းကျတော့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုသိပ်မရှိတဲ့ ပုံစံမျိုးနဲ့ အနာဂတ်ကို မေးတဲ့အခါ အထင်သေးစွာ ဖြစ်ကလက်ဆန်းပဲ ပြန်ဖြေခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ်(၅)နှစ်အကြာမှာ (၅)နှစ်အတွင်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွကို ပြန်လည်မျှဝေတဲ့အခါမှာတော့ အသက် (၂၀) ဝန်းပိုင်းလူငယ်တွေကတော့ အလုပ်အကိုင်ရဲ့ဖိဆီးမှုတွေ၊ သမီးရည်းစားကိစ္စတွေ၊ ဒရာမာတွေနဲ့ စိတ်ရှုပ်ခဲ့ရပြီး အသက် (၆၀) ပိုင်းလူကြီးတွေကတော့ ရွေးချယ်ခဲ့တဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီး မထင်မှတ်ဘဲ ပျော်ရွှင်မှုကို ခံစားခဲ့ရပါတယ်။

ဘဝမှာ မှန်းချက်နဲ့ နှမ်းချက်နဲ့မကိုက်တဲ့အခါမျိုးတွေလည်းရှိသလို မှန်းထားတာထက်ပိုပြီး ဖြစ်လာတတ်တဲ့အခါမျိုးတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဘဝကိုသိပ်ပြီး ခက်ခက်ခဲခဲတွေးခေါ်ပြီး မလိုအပ်ဘဲ စိတ်ပင်ပန်းဆင်းရဲနေမယ့်အစား ရိုးရိုးဖြောင့်ဖြောင့်မှန်မှန်လေးသာ ဖြတ်သန်းသင့်တယ်လို့ သုသေတီတွေက ဆိုကြပါတယ်။

Source: Culture Trip 

Penny

SHARE