ငွေနဲ့ဝယ်မရတဲ့ပျော်ရွှင်မှုအကြောင်း ခံစားသိမြင်ရတဲ့လမ်းဘေးကပုံရိပ်လေး

facebook/Humanity

လူအများစုဟာ ပျော်ရွှင်မှုနဲ့ငွေကို တွဲဖက်မြင်ကြလေ့ရှိပါတယ်။ ဒါဟာ အတိုင်းအတာတစ်ခုအထိတော့ မှန်နိုင်ပေမယ့် တကယ်တမ်းပျော်ရွှင်မှုရဖို့မှာ စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာစရာမလိုပါဘူးဆိုတာ အခုတွေ့မြင်ရတဲ့ ဓာတ်ပုံလေးက သက်သေပြနေပါတယ်။

ဒီပုံရိပ်လေးဟာ မကြာသေးခင်ကမှ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့တာ ဖြစ်ပြီး ထောင်ပေါင်းများစွာသော လူတွေရဲ့ နှလုံးအိမ်ကို ကြည်နူးသွားစေခဲ့ပါတယ်။ ဓာတ်ပုံထဲတွေ့မြင်ရမှာက စုံတွဲတစ်တွဲဖြစ်ပြီး သူတို့ဟာ လမ်းဘေးမှာရှိနေရင်း ကြည်နူးဖွယ်အချိန်လေးတွေကို မျှဝေခံစားနေပုံရတာပါ။ အမျိုးသမီးဟာ အမျိုးသားကို ချစ်မြတ်နိုးစွာနဲ့ အနောက်ကနေ သိုင်းဖက်ထားခဲ့ပါတယ်။ သူမရဲ့ မျက်နှာဟာ ပြုံးရွှင်နေတဲ့အပြင် ခေါင်းလေးကိုလည်း အမျိုးသားရဲ့ ပခုံးပေါ်မှာ မှီတင်ထားပါသေးတယ်။ အမျိုးသားကတော့ ပန်းကန်တွေဆေးနေပါတယ်။ အမျိုးသမီးရဲ့ ချစ်စရာကောင်းပြီး ချွဲနွဲ့တဲ့ အပြုအမူလေးကြောင့် အမျိုးသားဟာလည်း  ကျေနပ်နေပုံရတာကို အတိုင်းသား တွေ့မြင်ရပါလိမ့်မယ်။

ဒီဓာတ်ပုံလေးဟာ လွန်ခဲ့တဲ့ ဇွန်လ(၂၅) ရက်တုန်းကမှ အွန်လိုင်းပေါ်မှာ “ချမ်းသာကြွယ်ဝဖို့ထက် ပျော်ရွှင်ဖို့ဟာ ပိုအရေးကြီးတယ်…” ဆိုတဲ့ စာသားနဲ့အတူ ပို့စ်တက်လာခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံထဲက တွေ့ရတဲ့ စုံတွဲဟာ ဘယ်သူတွေမှန်းတော့ မသိရပါဘူး။ ဒါပေမယ့် ဓာတ်ပုံနောက်ခံထဲတွေ့ရတဲ့ ဆိုင်းဘုတ်က စာသားတွေအရတော့ ထိုင်းနိုင်ငံထဲက လမ်းတစ်လမ်းပေါ်မှာ ရိုက်ကူးခဲ့တယ်လို့ ယူဆရပါတယ်။

It's more important to be happy than to be rich. ❤

Posted by Humanity on Monday, June 24, 2019

ဓာတ်ပုံက သာမန်ပါပဲ။ ၀တ်ကောင်းစားလှတွေ ၀တ်ထားတာ၊ ပြင်ဆင်ခြယ်သထားတာ၊ ဈေးကြီးတဲ့ အစားအသောက်တွေ တည်ခင်းထားတာ၊ လှပတဲ့ နောက်ခံရှုမျှော်ခင်းတွေရှိနေတာစတဲ့ ရိုဆန်လွန်းတဲ့ အနေအထားမျိုး တစ်ခုမှမပါပါဘူး။ ဒါပေမယ့် ဓာတ်ပုံလေးက အသက်ဝင်နေပါတယ်။ သူတို့ရဲ့ ကိုယ်အမူအရာနဲ့ မျက်နှာဘေးတွေဟာ ဓာတ်ပုံထဲမှာ စကားပြောနေကြပါတယ်။ တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာနဲ့ရှိနေတဲ့ သူတို့ရဲ့အပျော်ဟာ ကြည့်နေတဲ့သူကိုတောင် ကူးစက်သွားသလိုပါပဲ။ အခုခေတ် လူ့ဘောင်အဖွဲ့အစည်းထဲ ရုပ်ဝတ္ထုပစ္စည်းနဲ့ ဓနအင်အားက လွှမ်းမိုးမှုများနေတာကြောင့် ဒီဓာတ်ပုံလေးဟာ လူသားတွေအတွက် ထူးခြားတဲ့ message လေးကို ပေးကြောင်း အွန်လိုင်းပေါ်ကလူတွေကတော့ ဝေဖန်သုံးသပ်လျက်ရှိနေကြပါတယ်။

READ
ကောလိပ်ဒီဂရီ လိုချင်တဲ့ဆန္ဒ ပြည့်ဝသွားပြီဖြစ်တဲ့ အသက်(၇၅)နှစ် အရွယ်အဖွားအို

လင်းလင်း (ShweMom)

SHARE