ဒီနေ့မှာ သက်တမ်းနှစ်(၂၀)ပြည့်သွားပြီဖြစ်တဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ Google

ဘာရှာရှာ Google ကိုပဲ ပြေးပြေးသွားတတ်တဲ့လူတွေ ရှိကြတယ်မဟုတ်လား။ အခုဆိုရင်တော့ Google ဆိုတဲ့ search engine လေးဟာ စက်တင်ဘာလ (၂၇) ရက်နေ့ ဒီနေ့မှာပဲ နှစ် (၂၀) ပြည့်လို့လာပါပြီ။

လွန်ခဲ့တဲ့ နှစ် (၂၀) ဒီလိုအချိန် Stanford တက္ကသိုလ်မှာရှိတဲ့ ကျောင်းသားလေးနှစ်ယောက်ဟာ ကမ္ဘာကြီးရဲ့လူသားတွေကို ဗဟုသုတရှာဖွေရာမှာ ပိုမိုလျှင်မြန်လွယ်ကူစေဖို့ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ Google ကို တီထွင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ နိုင်ငံပေါင်း (၁၉၀) ကျော်မှာ (၁၅၀) ကျော်သောဘာသာစကားများနဲ့ Google ကို သုံးစွဲနိုင်ပြီပဲဖြစ်ပါတယ်။

Google တည်ထောင်တာ နှစ် (၂၀) ပြည့်တဲ့အနေနဲ့ ကာတွန်းပုံလေးတချို့ကိုအသုံးပြုပြီး Google ရဲ့ Home Page, search engine ရဲ့ အပေါ်ဘက်မှာ ပြီးခဲ့တဲ့ နှစ် (၂၀) အတွင်း  လူရှာဖွေမှုအများဆုံးရင်းတွေကို ချပြလိုက်ပါတယ်။

Google ကို စတင်တည်ထောင်ခဲ့တဲ့ အချိန်

(၁၉၉၅) ခုနှစ်မှာ Stanford တက္ကသိုလ်မှာကျောင်းတက်နေတဲ့ Sergey Brin နဲ့ Larry Page တို့က တည်ထောင်ခဲ့တာပဲဖြစ်ပါတယ်။

(၁၉၉၆) ခုနှစ်မှာတော့ နှစ်ယောက်ပေါင်းစည်းကာ အင်တာနက်မှာရှိတဲ့ website နဲ့ page တွေကို သူတို့ရဲ့ search engine နဲ့ တစ်ခုချင်းလိုက်လံချိတ်ဆက်ခဲ့ပါတယ်။

READ
မိသားစုထဲမှာအငယ်တွေဟာ ပြဿနာပိုရှာတတ်သူတွေဖြစ်ကြောင်းတွေ့ရှိရ

တကယ်တမ်းတော့ ၁၉၉၈ ခုနှစ်အထိ Google ဟာ တရားဝင်မဖြစ်သေးပါဘူး။ Andy Bechtolsheim ဆိုတဲ့ ဒေါ်လာ (၁) သိန်း ရင်းနှီးမြှုပ်နှံသူပေါ်လာကာမှ တရားဝင်ထုတ်ပြန်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

Google ရဲ့တည်ထောင်သူတွေက ဘယ်သူတွေလည်း။

Kulish, Kim

Brin ဟာ Google တည်ထောင်တဲ့ ကုမ္ပဏီဖြစ်တဲ့ Alphabet ရဲ့ ဥက္ကဌဖြစ်ပြီး (၂၀၁၈) ဇွန်လအရတော့ ကမ္ဘာ့အချမ်းသာဆုံးစရင်းဝင် (၁၀) ယောက်မြောက်ပဲစြစ်ပါတယ်။

Larry Page ဟာလည်း Alphabet ရဲ့ အမှုဆောင်ဒါရိုက်တာချုပ်ဖြစ်ပြီး ကမ္ဘာ့အဆင့် (၉) နေရာနဲ့ အချမ်းသာဆုံးစာရင်းဝင်နေပါတယ်။

Google လို့ ဘာကြောင့် ခေါ်ခဲ့ကြတာလဲ။

Google ဟာ အရင်တုန်းကတည်းက Google လို့ အမည်ပေးခဲ့ကြတာမဟုတ်ပါဘူး။ Google ရဲ့ဖခင်တွေက အစတုန်းကတော့ Backrub လို့ အမည်ပေးခဲ့ပါသေးတယ်။

(၁၉၉၆) ရောက်ကာမှ (၁) ကဏန်းနောက်မှာ  သုံညအလုံးတစ်ရာ ကပ်လျက်ရှိနေတာကို သင်္ချာသဘောအရ Google လို့ခေါ်တာကို အစွဲပြုပြီး နာမည်ပြောင်းခဲ့တာပဲဖြစ်ပါတယ်။ သဘောကတော့ ကမ္ဘာကြီးမှာရှိတဲ့ပြန့်ကျဲနေတဲ့ ဗဟုသုတတွေကို ဒီအတိုင်းထားရင် အသုံးဝင်သင့်သလောက်ဝင်မှာမဟုတ်တာကြောင့် အခုလို တစ်စုတစ်စည်းတည်းရှာလို့ရနိုင်ခြင်းနဲ့ အသုံးဝင်အောင် ပြုလုပ်ပေးတဲ့အတွက်ပဲဖြစ်ပါတယ်။

READ
ချစ်စရာ Emoji လေးနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများ
Engine Land

Google ရဲ့မွေးဖွားရာအရပ်ကဘယ်မှာလဲ။

Stanford တက္ကသိုလ်ရဲ့ အဆောင်အခန်းကျဥ်းလေးထဲကနေ ဖန်းတီးခဲ့တာပဲဖြစ်ပါတယ်။ အခုအခါမှာတော့ နိုင်ငံပေါင်း (၅၀) လောက်မှာ ဝန်ထမ်းအင်အား (၆၀၀၀) ကျော်နဲ့ လည်ပတ်လျက်ရှိပါတယ်။

တခြားဘယ်ကုမ္ပဏီတွေရော Google ပိုင်သေးလဲ။

အခြားသော ကုမ္ပဏီပေါင်း (၂၀၀) ကျော်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ TVတွေ၊ ကြော်ငြာလုပ်ငန်းတွေနဲ့ စက်ရုပ်တီထွင်တဲ့ဈေးကွက်တွေအပါအဝင်ပါပဲ။ ထင်ရှားတဲ့ company တချို့ကတော့ Google Maps, You Tube, AdSense နဲ့ Double Click တို့ပါ။

Google ကိုအသုံးပြုသူအရေအတွက်

Google ဟာ ဒါကိုတော့ အတိအကျဖော်ပြလေ့မရှိပေမယ့် တစ်နှစ်မှာ search engine အသုံးပြုသူအရေးအတွက်ဟာ ထရီလီယံနဲ့ချီပြီးကို ရှိနေပါတယ်။

Google

Google မှာ အများဆုံးဘာတွေရှာဖွေတတ်ကြသလဲ။

မနှစ်ကပဲ ရှာဖွေသူအရေအတွက်နဲ့အကြောင်းအရာတွေကို မှတ်တမ်းတင်ထားနိုင်မယ့် Insight tracker တစ်ခုကို Google ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့်ပဲ သူ့ရဲ့အမျိုးအစားနဲ့ နှစ်အလိုက် အများဆုံးရှာဖွေခံခဲ့ရတဲ့ စာရင်းကို Google က ဖော်ပြထားခဲ့ပါတယ်။ ကိုယ်ကိုယ်တိုင်ပါဝင် ရှာဖွေချင်တယ်ဆိုရင်တော့ ဒီကိုနှိပ်လိုက်ပါနော်။

Source: Mirror

Penny

SHARE