စိတ်ဝင်စားဖွယ် ဗဟုသုတကို လိုရင်းတိုရှင်းနဲ့ ဖော်ပြထားတဲ့ သတင်းပုံလေးများ

ဗဟုသုတဆိုင်ရာ အကြောင်းအရာများကို သတင်းစာတွေ၊ သတင်းတွေမှာ လိုရင်းမရောက်နိုင်ဘဲ မလိုအပ်တဲ့အကြောင်းအရာတွေကို စာတွေအရှည်ကြီးနဲ့ အကျယ်တဝင့် ဖော်ပြထားတာတွေကို စိတ်ကုန်နေပြီလား။ ဒါဆိုရင်တော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး သတင်းတွေကို The Happy Broadcast မှ သူတို့ရဲ့ instagram အကောင့်မှာ ရုပ်ပုံကားချပ်လေးတွေတွဲကာ လိုရင်းအချက်အလက်ကို စာတစ်ကြောင်းတည်းနဲ့ ပြန်လည်ဖန်တီးထားတဲ့ သတင်းပုံလေးတွေကို ကြည့်လိုက်ကြပါဦးနော်။

စူပါမားကတ်တွေမှာ ရောင်းမကုန်ဘဲ ပိုလျှံနေတဲ့စားသောက်ကုန်တွေကို လွှတ်ပစ်မယ့်အစား မရှိဆင်းရဲသားတွေကို ပြန်လှူဖို့အတွက် ပြင်သစ်အစိုးရမှ တရားဝင်အမိန့်ချမှတ်ခဲ့ပါတယ်။

The Happy Broadcast

နှစ်စဉ်နှစ်တိုင်း ပင်လယ်ထဲသို့ စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများကြောင့် ပင်လယ်သတ္တဝါများ ဒုက္ခရောက်နေကြပါတယ်။ ဒါကြောင့် ဘီယာကုမ္ပဏီတစ်ခုဟာ ဘီယာဗူးခွံထိန်းထည့်တဲ့အရာတွေကို စားမိသည့်တိုင်အောင် ဘေးဥပတ် မဖြစ်စေမည့်ပါဝင်ပစ္စည်းများဖြင့် ထုတ်လုပ်လိုက်ပါပြီ။ အထူးသဖြင့် လိပ်တွေအတွက်ပါ။

The Happy Broadcast

စကော့တလန်မှာ ဝင်ငွေနည်းပါသူ သို့မဟုတ် ဝင်ငွေမရှိသူအမျိုးသမီးများနှင့် ကျောင်းသူများကို အမျိုးသမီးတစ်ကိုယ်ရည်တကာယသုံးပစ္စည်းများအား အစိုးရမှ အခမဲ့ဝေငှနေပြီဖြစ်ပါတယ်။

READ
ကမ္ဘာ့အန္တရာယ်အရှိဆုံး ပင့်ကူ(၇)မျိုး
The Happy Broadcast

ရဝမ်ဒါကျေးလက်ပိုင်းဒေသမှ ဆရာဝန်များဟာ လိုအပ်တဲ့ဆေးကုသကိရိယာ သို့မဟုတ် လူနာအတွက်သွေး စသည်တို့ကို ဖုန်းမတ်ဆေ့ခ်ျမှ တောင်းဆိုလိုက်ရုံနဲ့ ပို့ခိုင်းတဲ့နေရာသို့ ဒရုန်းဖြင့်ပို့ဆောင်ပေးနေပြီပဲဖြစ်ပါတယ်။

The Happy Broadcast

California ဟာ တိရိစ္ဆာန်လေးတွေနဲ့စမ်းသပ်ကာ ထုတ်လုပ်ထားတဲ့ အလှကုန်ပစ္စည်းရောင်းချခွင့်ကိုပိတ်ပင်လိုက်တာ ပထမဦးဆုံး ပြည်နယ်ပဲဖြစ်ပါတယ်။

The Happy Broadcast

ရင်သားကင်ဆာကြောင့် အမျိုးသမီးများသေဆုံးမှုနှုန်းဟာ ၃၉% အထိ လျော့ကျသွားပြီး အရေအတွက်အရတော့ ရင်သားကင်ဆာဝေဒနာသည်အမျိုးသမီးပေါင်း (၃၂၂,၆၀၀) ယောက်ကို အသက်ဘေးမှ ကယ်တင်နိုင်ခဲ့ပါတယ်။

The Happy Broadcast

၁၉၈၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း တိုင်းတာချက်အရ အန္တာတိကတိုက်အပေါ်နေရာမှာရှိတဲ့ အိုဇုန်းလွှာပေါက်ပြဲမှုဟာ ၂၀၁၇ ခုနှစ်အတွင်းမှာတော့ ထိုနှစ်တွေအတောအတွင်း အသေးဆုံးအရွယ်အဖြစ် ပြန်လည်ကျုံ့သွားခဲ့ပြီဖြစ်ပါတယ်။

The Happy Broadcast

ဆေးရွက်ကြီးနှင့် ဆေးလိပ်သောက်သုံးမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုလျှင်တော့ လျော့ကျနေပါပြီ။ အထူးသဖြင့် အမျိုးသမီးများဆေးလိပ်သောက်မှုနှုန်းဟာ သိသိသာသာ လျော့ကျနေပါတယ်။

The Happy Broadcast

နုလုံးဖောက်ခြင်းတွေနဲ့ ရုတ်တရက် stroke ဖြစ်ခြင်းတွေကို ခန့်မှန်းရန်အတွက် သွေးဖောက်စစ်စရာမလိုအပ်ဘဲ တံတွေးနဲ့တင် စစ်လို့ရနေပါပြီ။

The Happy Broadcast

California ဟာ Marijuana ကို တရားဝင်သုံးစွဲခွင့်ပေးလိုက်တဲ့ ဒုတိယမြောက်နိုင်ငံပဲဖြစ်ပါတယ်။

READ
April Fools' Day အကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ အချက်(၇) ချက်
The Happy Broadcast

အသားအတွက် မွေးမြူထားတဲ့ တိရိစ္ဆာန်တွေအတွက်လိုအပ်နေတဲ့ မြေနေရာနဲ့ရေတွေကိုကာကွယ်တဲ့အနေနဲ့ အသားအစစ်အစား lab-meat များကို ၂၀၂၁ တွင် တီထွင်ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

The Happy Broadcast

Source: Boredpanda, The Happy Broadcast

Penny

 

 

 

 

 

SHARE