လုပ်ငန်းခွင်ထဲမှာ ကြိုးကြိုးစားစားအလုပ်လုပ်နေတဲ့ ချစ်စဖွယ် ကြောင်လေးများ

reddit/CamTheChest and reddit/GallowBoob

အိမ်မွေးတိရစ္ဆာန်တွေထဲမှာ ခွေးတွေတင် လူတွေရဲ့ အလုပ်ကို ၀ိုင်းကူညီပေးတတ်တာ မဟုတ်ပါဘူး။ အိမ်ကိုမကပ်၊ သခင်နားမကပ်ပဲ အချိန်ရှိရင် လမ်းလည်ထွက်တတ်တယ်လို့ လူအများစုက ယူဆကြတဲ့ ကြောင်လေးတွေဟာလည်း လူတွေရဲ့အလုပ်ကို ကူပေးတတ်ပါသေးတယ်။ အောက်ဘက်မှာ တွေ့ရမှာကတော့ Boredpanda အွန်လိုင်းဝက်ဆိုက်ဒ်ပေါ်ကနေ တွေ့ရတဲ့ အလုပ်ကြိုးစားနေတဲ့ ကြောင်လေးတွေပဲ ဖြစ်ပါတယ်။ တချို့ကောင်လေးတွေက သခင်ရဲ့ အရောင်းဆိုင်မှာ ကူညီတယ်၊ တချို့ကျတော့လည်း သခင်ရဲ့ ကားဂိုထောင်အရောင်းထွက်အောင်လို့ ကိုယ်မှာ ဆိုင်းဘုတ်ချိတ်ပြီး လူခေါ်ပေးတယ်၊ စသဖြင့် အမျိုးမျိုးရယ်ပါ။ ချစ်စရာကောင်းပြီး အလုပ်လုပ်တတ်တဲ့ ကြောင်လေးတွေကို ကြည့်ပြီး တစ်နေ့တာစိတ်ပင်ပန်းမှုတွေကို ဖြေလျော့ကြစို့လား…

အိုက်စ်လန်က ကြွက်ဖမ်းဝန်ထမ်းလေးပါ…

ဂျပန်နိုင်ငံ ကီရှိဘူတာရုံက အထွေထွေစီမံခန့်ခွဲရေးနဲ့ ရုံပိုင်လေး တာမာ

https://www.instagram.com/p/BvzidiIllwm/

READ
စက္ကန့်ပိုင်းအတွင်းမှာ အမိအရဖမ်းယူနိုင်ခဲ့တဲ့ ရယ်မောစရာ ဓာတ်ပုံများ

ကားဂိုထောင် ရောင်းဖို့ ကြော်ငြာသမားလိုတာနဲ့…

GallowBoob

လုံခြုံရေးဝန်ထမ်းလေးပါ…

cheezfang

ဝယ်ထားသမျှကို သေချာကြည့်နေတဲ့ စစ်ဆေးရေးမှုးကြီး..

Shuang

သူလေးကတော့ ဧည့်ကြိုကောင်တာက ၀န်ထမ်းလေး…

St. Augustine Health Ministrie

နေမကောင်းဖြစ်နေသူတွေကို နွေးထွေးဖေးမပေးနေတဲ့ သူနာပြုကြောင်လေး

KimfromNorway

ပိုးဟပ်သုတ်သင်ရေး မန်နေဂျာကြီး…

Good_Natured_Guy Report

ဓာတ်မှန်စကန် ဖတ်ပေးရတဲ့ လက်ထောက်လေးပါ…

CamTheChest

တိရစ္ဆာန်အရောင်းဆိုင်က ဆိုင်မန်နေဂျာလေး

youandmeandrainbows

စတိုးဆိုင်က လုံခြုံရေးအစောင့်..

theminimalistpharaoh

လင်းလင်း (ShweMom)

SHARE