Harley-Davidson က ထုတ်လုပ်တော့မယ့် နောက်ဆုံးပေါ် လျှပ်စစ်မော်တော်ဆိုင်ကယ်

Harley-Davidson ဆိုတာ ၁၉၀၃ ခုနှစ်ကတည်းက စတည်ထောင်ခဲ့တဲ့ အမေရိကန် မော်တော်ဆိုင်ကယ် ကုမ္ပဏီဖြစ်ပါတယ်။ မော်တော်ဆိုင်ကယ် လောကမှာလည်း နာမည်အကြီးဆုံး ဘရန်းတစ်ခုပါ။ Harley-Davidson က နည်းပညာသုံး လျှပ်စစ် မော်တော်ဆိုင်ကယ်ကို ထုတ်လုပ်မယ်လို့ စသတင်းထုတ်ခဲ့တာ အခုဆို ၄ နှစ်ရှိခဲ့ပါပြီ။ ၄ နှစ်တာ စောင့်ဆိုင်းစေခဲ့ပြီးနောက်မှာတော့ Harley-Davidson ရဲ့ လျှပ်စစ်ဆိုင်ကယ်ဆိုတာ တကယ်ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်ပါတယ်။

techcrunch

ဆိုင်ကယ်မော်ဒယ်အသစ်ရဲ့ နာမည်ကိုတော့ Harley-Davidson LiveWire လို့ ပေးထားပြီး LiveWire ကို ထုတ်လုပ်တော့မယ့်အကြောင်းကို နိုဝင်ဘာ လဆန်းပိုင်းက အီတလီမှာ ပြုလုပ်ကျင်းပတဲ့ EICMA ဆိုင်ကယ်ပြပွဲမှာ ကြေညာခဲ့တာပါ။ ဆိုင်ကယ်မှာ သံလိုက်လျှပ်စစ်မော်တာကို အသေတပ်ဆင်ထားမှာဖြစ်ပြီး ၎င်းမော်တာကိုလည်း ဆိုင်ကယ်ရဲ့ အောက်ခြေပိုင်းမှာ တပ်ဆင်ထားမှာဖြစ်တာကြောင့် ဘယ်အမြန်နှုန်းမှာမဆို ပိုမိုချောမွေ့စွာ ထိန်းချုပ်မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ရှင်းပြထားပါတယ်။

techcrunch

ဆိုင်ကယ်မှာ ဘက်ထရီ ၂ ခုပါရှိမှာဖြစ်ပြီး အဓိကဘက်ထရီအကြီးမှာ lithium-ion ဆဲလ်နဲ့ ပြုလုပ်ထားမှာဖြစ်ကာ အလူမီနီယံနဲ့ ပုံလောင်းထားမှာဖြစ်ပါတယ်။ ဘက်ထရီအသေးကိုတော့ ဆိုင်ကယ်မီးလုံး၊ ဟွန်းနဲ့ အသံစနစ်တို့အတွက် ထည့်သွင်းထားပါတယ်။ အားသွင်းတဲ့နေရာကတော့ ဆိုင်ကယ်ထိုင်ခုံအောက်မှာ ပါရှိပါတယ်။ Level 1 charger ကိုပဲ သုံးပြီး ရိုးရိုးပလပ်ပေါက်တွေမှာပဲ အားသွင်းနိုင်ပါတယ်။ အားသွင်းပိုမြန်ချင်တယ်ဆိုရင်တော့ Level 2, Level 3 charger တွေကိုပါ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

READ
ထိုင်းကုမ္ပဏီများက တရားမ၀င် Page များကိုပိတ်ပေးရန် မာခ်ဇူကာဘတ်သို့ပြောကြားခဲ့
techcrunch

ဆိုင်ကယ်ရဲ့ handlebar အပေါ်ဘက်မှာဆိုရင် touchscreen display ပါရှိမှာဖြစ်ပြီး bluetooth ချိတ်ဆက်မှုလည်း သုံးလို့ရသလို၊ မြေပုံရှာကြည့်တာ၊ သီချင်းဖွင့်တာနဲ့ အခြား feature တွေလည်း ပါရှိပါတယ်။ မောင်းနှင်တဲ့အခါ သာမန် ဂတ်စ်သုံး ဆိုင်ကယ်တွေလို အသံထွက်မှာလည်း မဟုတ်ဘဲ အရှိန်တင်မှ အသံပါ လိုက်ကျယ်လာမယ့် တည်ငြိမ်တဲ့ လျှပ်စစ်ပါဝါသံ ထွက်ရှိမှာဖြစ်ပါတယ်။

LiveWire ဆိုင်ကယ်ကိုတော့ အသုံးပြုသူတွေလက်ထဲ ရောက်အောင် ၂၀၂၂ ခုနှစ်မှာ တရားဝင်ထုတ်လုပ်ဖြန့်ချိတော့မှာ ဖြစ်ကြောင်းသိရပါတယ်။ ခန့်မှန်းဈေးနှုန်းကတော့ မသတ်မှတ်ရသေးပါဘူး။ Harley-Davidson ကုမ္ပဏီရဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ နည်းပညာမြင့် LiveWire ဆိုင်ကယ်တွေဟာ အနာဂတ်ကာလမှာ ကမ္ဘာတစ်ဝန်းက ဆိုင်ကယ်လောကကို သိမ်းပိုက်မယ်လို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Ref: Tech Crunch

SHARE