သူကလွဲပြီး နောက်ထပ် အင်ဒီယားနား ဂျုံးစ်ဆိုတာ ရှိလာမှမဟုတ်ဘူးဆိုတဲ့ ဟယ်ရီဆင်ဖို့ဒ်

Indiana Jones ရဲ့ စတား ဟယ်ရီဆင် ဖိုဒ့်က သူ့နေရာကို ဆက်ခံမယ့် နောက်ထပ်လူဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ အတိအလင်းပြောကြားလိုက်ပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ  ၁၉၈၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Indiana Jones ရဲ့ ပထမဆုံး ဇာတ်ကား Raiders of the Lost Ark ကတည်းက အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖြစ်ပါတယ်။ အဲ့ဒီ့က စလို့ ထုတ်လုပ်ရေးရဲ့ ပင်တိုင်ဖြစ်လာခဲ့တယ်။

Paramount Pictures

အဲ့ဒီ့နောက် ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Indiana Jones and the Temple of Doom ရယ် 1989 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Indiana Jones and the Last Crusade ရယ် စတဲ့ ဇာတ်လမ်းတွေမှာလည်း ဆက်လက် သရုပ်ဆောင်ခဲ့တယ်။

READ
Kim Kardashian ရဲ့လူသိပ်မသိသေးတဲ့ လျှို့ဝှက်ချက်တစ်ချို့

နောင် ဆယ်စုနှစ် နှစ်စုလောက် အကြာ ၂၀၀၈ ခုနှစ်မှာတော့ ဖို့ဒ် ဟာ Indiana Jones and the Kingdom of the Crystal Skull  တစ်ခါပြန် ပါဝင်လာခဲ့တယ်။ MovieWeb ရဲ့ ဖော်ပြချက်အရ ငါးကားမြောက် ဇာတ်ကားကို ဒါရိုက်တာ စတီဗင် စပိုင်အယ်လ်ဘတ်နဲ့ ရိုက်ကူးဖို့ရှိနေပြီး ၂၀၂၁ မှာ ထွက်နိုင်အောင် မှန်းထားကြောင်း သိရပါတယ်။

twitter

အခုလို အောင်မြင်ခဲ့တဲ့ ဇာတ်ရုပ်ဟောင်းမှာ ပြန်လည် သရုပ်ဆောင်ရမှာနဲ့ ပတ်သက်ပြီး ဖို့ဒ်က ဒီ ရုပ်ရှင်ဟာ ပရိတ်သတ်တွေ နှစ်ခြိုက်သဘောကျပြီးသားရုပ်ရှင်ဖြစ်ကြောင်း၊ ဇာတ်ကောင်မှာလည်း သမိုင်းတွေရှိပြီး နောက်အထပ် အလားအလာတွေကောင်းတွေကလည်း ရှိနေကြောင်း၊ ပရိတ်သတ်တွေအတွက် အဆင့်မှီ ကောင်းမွန်တဲ့ ရုပ်ရှပ်တစ်ခုဖြစ်မှာဖြစ်ကြောင်း စိတ်လှုပ်ရှားစွာပြောပြထားပါတယ်။

Disney နဲ့ Lucasfilm တို့က ဇာတ်ကောင်နေရာကို မင်းသား အငယ်၊ အသစ်တွေနဲ့ ပြန်လည် ဆန်းသစ်မယ်ဆိုတဲ့ ကောလဟလတွေနဲ့ ပတ်သက်ပြီး ဖို့ဒ်က ဘယ်သူ့မှ သူ ခြေလှမ်းကို လိုက်နိုင်မှာ မဟုတ်ဘူးဆိုတာကို ယုံကြည်ချက်ရှိရှိပဲ ပြောခဲ့ပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်…. Indiana Jones ကို နှစ်ပေါင်းများစွာ သူနဲ့ပဲ တွဲပြီး သိခဲ့ကြတာကိုး။

READ
ပရိသတ်တွေ အံ့သြမှင်သက်သွားမယ့် ဓါတ်ပုံအသစ်တွေ ချပြလိုက်တဲ့ နန်းသီရိမောင်
Paramount Pictures

ဒါနဲ့ ပတ်သက်ပြီး ဖို့ဒ်က “ကျွန်တော်က အင်ဒီယားနား ဂျုံးစ်ပဲ။ ကျွန်တော်မရှိတော့ရင် သူလည်းရှိတော့မှာ မဟုတ်ဘူး.. ရိုးရိုးလေးပါပဲ” ဆိုပြီး NBC နဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

The Sun က ဖော်ပြတဲ့ ဒါရိုက်တာရဲ့ ပြောကြားချက်ကတော့ ပုံစံအသစ် တစ်မျိုးနဲ့  တင်ဆက်မှာဖြစ်ကြောင်း၊ ဟယ်ရီဆင် ဖိုဒ့်ရဲ့ နောက်ဆုံး အင်ဒီယာနား ဂျုံးစ် ရုပ်ရှင်ဖြစ်မှာ ဖြစ်ကြောင်း၊ ဟယ်ရီဆင် ဖို့ဒ်ပါတဲ့ နောက်ဆက်တွဲတွေလည်း ရှိလာဦးမှာ သေချာကြောင်း ဖော်ပြလိုက်ရပါတယ်။

Ref: Unilad

Matthew (ShweMOM)

SHARE