ဖုန်းကလိနေလို့ လေးနှစ်အရွယ် သားဖြစ်သူရေနစ်နေတာကို မသိလိုက်တဲ့မိခင်

မိခင်ဖြစ်သူနဲ့အတူ ရေကူးကန်သို့ လာခဲ့တဲ့ လမ်းလျှောက်တတ်ခါစ ကလေးငယ် ဟာ မိခင်ရဲ့ပေါ့လျော့မှုကြောင့် အသက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ် တရုတ်နိုင်ငံ မှာဖြစ်ပွားခဲ့ပါတယ်။ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့ မိခင်ရဲ့နောက်ဘက် မီတာ အနည်းငယ်အကွာမှာ လမ်းလျှောက်တတ်စ သားငယ်ရေနစ်နေခဲ့ပေမယ့် မိခင်ဖြစ်သူက လုံးဝသတိမထားခဲ့တာပါ။ကလေးငယ်ဟာရေနစ်မသေဆုံး ခင် ရေထဲမှာ ပေါ်လိုက်မြှုပ်လိုက်နဲ့ ရုန်းရင်း ဆန်ခတ်နဲ့ကြိုးစားရုန်းကန်ခဲ့ ပါသေး တယ်။သေဆုံးသွားပြီးတော့မှ မိသားစု တစ်စုလုံး ဖြေမဆယ်နိုင်ဖြစ်ခဲ့ကြ ပါတယ်။

four-year-old-boy-drowns-in-pool-while-mum-texts-on-her-phone-just-feet-away-00_00_08_01-still008

ကလေးငယ်က နောက်ဘက်ခြမ်းမှာ အကြီးအကျယ်ကယ်ပါယူပါဖြစ်နေပေမယ့် ဖုန်းနဲ့မက်ဆေ့ခ်ျပို့နေခဲ့တဲ့ မိခင်ဖြစ်သူကတော့ လုံးဝသတိထားမိခဲ့ဟန်မပေါ်ပါ ဘူး။အခင်းဖြစ်ပွားရာရေကူးကန်ရဲ့အလယ်မှာ ရေပန်းကြီးတစ်ခုရှိပြီး၊ရေကန် အနားစပ်တွေမှာလည်း ကျောက်တုံးတုတွေရှိပါတယ်။အခင်းဖြစ်ပွားချိန်ကလည်း ကန်ထဲမှာ ရေကူးနေသူတွေအပြည့်ပါ။ဒီဗီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွား ခဲ့ပြီး၊ရေကူးကန်ကို ကလေးခေါ်သွား ရင် ဖြစ်တတ်တဲ့ အန္တရာယ်ကို သတိပြုနိုင်ဖို့ ရည်ရွယ်ကာ တွစ်တာပေါ်မှာ ရှယ် တဲ့သူ ထောင်ပေါင်းများစွာရှိခဲ့ပါတယ်။ ကလေးငယ်နဲ့အတူ ရေကူးကန်ကို လာတဲ့ မိဘအုပ်ထိန်းသူတွေကို ဖုန်းအ သုံးပြုခွင့်မပေးသင့်ကြောင်း၊ဒါမှဟာ ကလေးကို ပိုအာရုံစိုက်နိုင်မှာ ဖြစ်တယ်လို့ ဆိုရှယ်မီဒီယာအသုံးပြုသူတစ်ဦးကမှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

READ
ရောဂါဝေဒနာကြောင့် ၁၀လသားကလေးက(၉)နှစ်သားခန္ဓာကိုယ်အလေးချိန်ရှိနေ

four-year-old-boy-drowns-in-pool-while-mum-texts-on-her-phone-just-feet-away-00_00_10_14-still009

Child Accident Prevention Trust ဆိုတဲ့ အဖွဲ့အစည်းကတော့ ကလေး ငယ်တွေကို(၅)စင်တီမီတာအနက်ရှိတဲ့ရေထဲကိုသာဆင်းခွင့်ပြုဖို့ သတိပေးခဲ့ပါ တယ်။လွန်ခဲ့တဲ့(၆)နှစ်ကဟိုတယ်ရေကူးကန်(သို့)အပမ်းဖြေရေကူးကန်တွေမှာ ရေနစ်သေဆုံးခဲ့တဲ့ ကလေးငယ်စုစုပေါင်း(၃၀)ရှိကြောင်း၊ရေကူးကန်ကိုလာတဲ့ မိဘအုပ်ထိန်းသူတွေရဲ့ ပေါ့ဆမှုကြောင့် ကလေးငယ်တွေ ရေနစ်သေဆုံး ရတဲ့ ဖြစ်ရပ်ဟာပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

inset-straddling

Ref;the sun

SHARE