ဥရောပကို ရေကြောင်းခရီးနဲ့ဝင်ရောက်ဖို့ကြိုးစားသူတွေရဲ့ ရင်နင့်ဖွယ်ရာအဖြစ်အပျက်များ

လစ်ဗြားနိုင်ငံမှ ဥရောပသို့ ရေကြောင်းခရီးနဲ့ ၀င်ရောက်ဖို့ကြိုးစားခဲ့တဲ့ ဒုက္ခသည်တွေဟာ အီတလီရေကြောင်းပို့ဆောင်
ရေး သုံးထပ်သင်္ဘောကြီးနဲ့တူ ပင်လယ်အတွင်းမှာ အတိဒုက္ခရောက်ခဲ့ရပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ နိုင်ငံရေးခိုလှုံခွင့် အကြောင်းပြချက်တွေနဲ့ လစ်ဗြားအများစုဟာ ယခုနှစ်အစောပိုင်းကတည်းက ဥရောပနို်င်ငံတွေဆီကို နည်းအမျိုးမျိုးနဲ့ ၀င်ရောက်နေကြပါတယ်။

ယခုအပတ်မှ လစ်ဗြားကမ်းရိုးတန်းကနေ ထွက်ခွာလာတဲ့ သင်္ဘောကြီးထဲမှာ လူအချို့ဟာ အသက်ရှုကြပ်ကာ သေဆုံးခဲ့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မကြာသေးမီအချိန်တုန်းကလည်း ဒုက္ခသည်တွေ တင်ဆောင်လာတဲ့ သင်္ဘော တိမ်းမှောက်ခဲ့လို့ လူ (11) ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။

Aris Messinis လို့အမည်ရတဲ့ ဓာတ်ပုံဆရာဟာ ရော်ဘာအသက်ကယ်လှေတွေနဲ့ ကယ်ဆယ်ရေးလုပ်နေရတဲ့ အီတလီ
ပင်လယ်ကူးသင်္ဘောကြီးဆီကို ချဉ်းကပ်ပြီး စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံတွေကို ရိုက်ယူနိုင်ခဲ့ပါတယ်။ ဒီဓာတ်ပုံတွေထဲမှာပါတဲ့ မြင်ကွင်းတွေဟာ လက်ရှိ လစ်ဗြားနိုင်ငံရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကြပ်အတည်းနဲ့ စီးပွားရေးမူဝါဒ မခိုင်မာမှု၊ အ
လုပ်အကိုင် အခွင့်အလန်း ရှားပါးမှုတွေကို မီးမောင်းထိုးပြနေပါတယ်။

READ
ခွေးလေခွေးလွင့်များရဲ့ အရှင်လတ်လတ် ကိုက်ခဲစားသောက်ခြင်းခံရတဲ့ အရက်သမား

အသက်ရှုကြပ်ပြီး သေဆုံးသူဟာ (30) ကျော်အထိ ရှိခဲ့ပြီး အသက်ကယ်ရာဘာလှေအကြီးကြီးထဲမှာ အလောင်းချင်းထပ်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါသင်္ဘောဆီကို အရောက်သွားပြီး ကယ်ဆယ်ခဲ့တဲ့ အဖွဲ့ကတော့ Proactiva Open Arms NGO အဖွဲ့ဝင်တွေ ဖြစ်ပြီး Mediterranean ပင်လယ်အတွင်းကို ၀င်ရောက်ကာ စွန့်စွန့်စားစား ကယ်ခဲ့ရတာ ဖြစ်ပါတယ်။

ကယ်ဆယ်ရေးလှေဆီကို ရေပြင်ကနေ ဖြတ်ကူးလာတဲ့ လူပေါင်း ရာချီကို ကယ်တင်နိုင်ခဲ့ပြီး လူ (32) ယောက်ကတော့ အသက်ရှုကြပ်ကာ သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အဆိပ်အတောက်ဖြစ်စေမယ့် အငွေ့အသက်သင့်သူတွေ
လည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။

သေဆုံးခဲ့သူ (32)ယောက်ဆိုတာ ဓာတ်ပုံဆရာ Aris လက်လှမ်းမီရောက်ရှိခဲ့တဲ့ အသက်ကယ်လှေတစ်စင်းပေါ်မှာ
တင်ထားတဲ့ အရေအတွက်မျှသာ ဖြစ်ပါတယ်။ Proactiva Open Arms NGO ဟာ ယခုကယ်ဆယ်ရေးအတွက် အ
သက်ကယ်ရော်ဘာလှေပေါင်း အစင်း(30) စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

READ
ရထားရှေ့ကဖြတ်ပြေးပြီး ရထားပေါ်တက်ဖို့ ကြိုးစားခဲ့တဲ့ကျောင်းသား

သေဆုံးသူအများစုကို သဘော်ရဲ့ တတိယအထပ်ရှိ သစ်သားနဲ့လုပ်ထားတဲ့ Vessel တွေထဲမှာ အမြောက်အများရှိနေခဲ့
ပြီး အဆိုပါသင်္ဘောပေါ်မှာ ဒုက္ခသည်ပေါင်း ထောင်ချီပါဝင်လိမ့်မယ်လို့ ဓာတ်ပုံဆရာက ခန့်မှန်းထားပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပင် ပါဝင်တယ်လို့ သိရပါတယ်။ အသက်ကယ်လှေတွေ ရှိရာဆီကို လူတစ်ချို့က သင်္ဘောပေါ်ကနေ ခုန်ချကူးခတ်လာတာမျိုးလည်း ရှိခဲ့ပါတယ်။

အီတလီနိုင်ငံတစ်ခုတည်းမှာပင် ယခု အခြေချရောက်ရှိလာတဲ့ ဒုက္ခသည်ပေါင်း 10600 အထိ ရှိပြီး၊ ယခုနှစ်စကတည်းက ရောက်ရှိလာခဲ့တဲ့ လူတွေနဲ့ပေါင်းရင် 140000 အထိ ရှိနေပြီလို့ သိရပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk

SHARE