တော်ဝင်မိသားစုကနေ နှုတ်ထွက်ပြီးနောက် ပထမဆုံးအကြိမ် လူကြားထွက်ခဲ့တဲ့ ဟယ်ရီတို့စုံတွဲ

Instagramsussex royal

ဖေဖော်ဝါရီလ(၇)ရက်နေ့က Miami မြို့မှာ ပြုလုပ်ခဲ့တဲ့ JP Morgan ညစာစားပွဲမှာ အမေရိကန်ဘဏ် လုပ်ငန်းရှင်တွေကို ဟယ်ရီဟာ လွန်ခဲ့တဲ့(၇)နှစ်ကစပြီး ဆုံးပါးသွားတဲ့မိခင်နဲ့ပတ်သက်ကာ ခံစားနေရတဲ့ဝေဒနာတွေ ကို ရောဂါကုထုံးနဲ့ ကုသခံနေကြောင်း ပြောပြခဲ့ပါတယ်။

 

ဒါဟာ တော်ဝင်မိသားစုမှထွက်ခွာပြီး ပထမဆုံးအကြိမ်ပြည်သူတွေရှေ့မှာပြန်ပေါ်လာတာဖြစ်ပါတယ်။ ဒီပွဲကို တက်ရောက်ပြီး စကားပြောခဲ့လို့လည်း မင်းသား ဟယ်ရီဟာ ဟောပြောခ ဒေါ်လာ (၅)သိန်းကနေ (၁)သန်းအတွင်း ရရှိခဲ့မယ်လို့လည်း မီဒီယာတွေက ခန့်မှန်းခဲ့ပါတယ်။ 1 Hotel South beach မှာပြုလုပ်ခဲ့တဲ့အခမ်းအနားမှာ လုပ်ငန်းရှင်ကြီးများ၊အနုပညာရှင်တွေတွေဖြစ်ကြတဲ့ Bob Craft..Alex Rodrigues နဲ့ Magic Johnson တို့လဲတက်ခဲ့ကြပါတယ်။

Page Six မှသတင်းအရ Megan ကို Gayle King ကမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီစင်မြင့်ကိုကမ်းနားမှာထိုးထားခဲ့တာဖြစ်ပြီး ကြီးမားတဲ့ တဲအောက်မှာဆောက် ထားခဲ့တာဖြစ်ပါတယ်။ Megan ကသူမရဲ့ယောင်္ကျားကိုဘယ်လောက်ချစ်ကြောင်းပြောပြီး Harry ကိုလည်း မိတ်ဆက်ပေးပါတယ်။ မိန့်ခွန်းအပြီးတက်ရောက်ခဲ့တဲ့အထူးဧည့်သည်အချို့နဲ့ညစာစားခဲ့ပါတယ်။

Harry ကသူ့အမေသေဆုံးပြီးကတည်းက သူဟာစိတ်ထိခိုက်ခဲ့ရပြီး စိတ်နဲ့ပတ်သက်တဲ့ရောဂါကိုကုသနေကြောင်း၊ သူငယ်စဉ်ကဖြစ်စဉ်ကြောင့် စိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့ ကုနေရကြောင်းကို ရှင်းပြခဲ့ပါတယ်။ တော်ဝင်မိသားစုကို ထွက်ခဲ့ရတာနဲ့ပတ်သက်ပြီး သူနဲ့ Megan တို့ဟာ အတော်လေးစိတ်နစ်ခဲ့ရကြောင်း၊ သူတို့ရဲ့ဆုံးဖြတ်ချက်အပေါ် နောင်တမရကြောင်းနဲ့ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့မိသားစုကိုကာကွယ်လိုကြောင်းကို ဟယ်ရီကပြောပြပါတယ်။

သူ့အနေနဲ့ Megan နဲ့သား Archue တို့ကို သူငယ်စဉ်ကဖြတ်သန်းခဲ့ရသလိုမျိုး မဖြတ်သန်းစေချင်တာကြောင့် အခုလိုလုပ်ခဲ့တာဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။ သူတို့တော်ဝင်မိသားစုတာဝန်တွေကနေအနားယူပြီး ဒီဇိမ်ခံကြယ်ပွင့် ငါးပွင့်ဟိုတယ်လာတာဟာပထမအဆုံးအကြိမ်ဖြစ်တယ်လို့လည်းပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ဒီအခမ်းအနားတက်ရောက်ခဲ့တာကို အတည်ပြုမပြောသေးပေမယ့် သူတို့ဒီအခမ်းအနားတက်ခဲ့ကြောင်းကို daily mail ကဖော်ပြခဲ့ပါတယ်။

Thae Su

SHARE