U.S ရောက် Harry ဇနီးမောင်နှံ တစ်နေ့ကို (£7,000)ပေးပြီး လုံခြုံရေး ငှားရမ်း

Image:Ig/sussexroyal

Harry နဲ့ Meghan တို့ ကတော့ တော်ဝင် မိသားစုက နေ ထွက်ခွာပြီး ကိုယ်ပိုင် ဘ၀ နဲ့ နေ  နေ ကြပါတယ်။တော် ၀င် မိသားစု က ထွက်ပါပြီလို့ ဘယ်လိုပဲ ပြော နေပါစေ  တော်ဝင်မျိုးနွယ် ၀င် က တော့ တော်ဝင် မျိုးနွယ်ပါ။နန်း တော် ထဲမှာ မ နေလည်း သူတို့ရဲ့ တခြား သာမန်လူတွေ လို သာမန် ဘ၀ နဲ့ နေဖို့ ဆိုတာ မဖြစ်နိုင် တဲ့ ကိစ္စပါ။ ဒါ ကြောင့် မို့ သူတို့ရဲ့ လုံခြုံ ရေး အတွက် အဆင့်မြင့်တဲ့ လုံခြုံ ရေးကုမ္ပဏီ တစ်ခုနဲ့ ချိတ် ဆက် ခဲ့ပါတယ်။ကုမ္ပဏီ ကို သူတို့ရဲ့ လုံခြုံ ရေး အတွက် ကာကွယ် ပေးဖို့ တစ်နေ့ကို £7,000 ပေးပြီး ငှားရမ်းခဲ့ပါတယ်။ဒီအ ကြောင်းကို တော့ Daily Mail မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

Having attended the 10th Annual One Young World opening ceremony on Tuesday, The Duchess of Sussex was joined today by The Duke of Sussex for a round table discussion on gender equity with OYW and Queen’s Commonwealth Trust young leaders. Over the last few days, these young leaders became @OneYoungWorld ambassadors with the intention to return to their communities and further existing initiatives to help change the world for the better. This year OYW partnered with the @Queens_Commonwealth_Trust, of which The Duke and Duchess are President and Vice-President respectively, to provide scholarships to young leaders driving positive social impact in the Commonwealth. This was the most exciting collaboration between two groups The Duchess is passionate about and has been working with for some time. For more information and highlights from the week and how you can support these incredible leaders and their initiatives, visit @OneYoungWorld Photo © SussexRoyal / PA

A post shared by The Duke and Duchess of Sussex (@sussexroyal) on

သူတို့ ကတော့ လက်ရှိမှာ ဗြိတိန် ကို စွန့်ခွာပြီး အ မေရိကန် မှာ နေ နေပါတယ်။အ မေရိကန် နိုင်ငံ လော့အိန် ဂျလိစ် မှာ ရှိတဲ့ အိမ်ကြီး တစ်လုံးမှာ ငှားနေ ပါတယ်။အဲ့ဒီ အိမ်ကြီးကတော့ မင်းသား Tyler Perry ရဲ့  အိမ်ကြီး ပါ။ အဲ့ဒီ အိမ်ကြီး မှာ မင်းသားဟယ်ရီ၊ဇနီးဖြစ်သူ Meghan ၊ သားလေး Archie တို့ နေ နေကြပါတယ်။အ မေရိကန် မှာ တော့ လက်ရှိမှာလည်း ဆူပူအုံကြွ မှုတွေ ဖြစ် နေတဲ့ အ နေအထားပါ။သူတို့ ဇနီးမောင်နှံ ငှားလိုက်တဲ့ လုံခြုံ ရေးကုမ္ပဏီ ကတော့ Jeff Bezos ၊ Tom Hanks တို့ လို တကယ့်ဒိတ်ဒိတ်ကြဲ တွေ ရဲ့ လုံခြုံ ရေးကိုပါ တာဝန်ယူ ဆောင် ရွက် ပေး နေတဲ့ ကုမ္ပဏီ ပါ။

READ
ပထမဆုံး ဒိတ်မှာတင် အလိမ်ခံရသူ အမျိုးသမီးအား ဆိုင်ဝန်ထမ်းများက ကယ်တင်
Image:Ig/sussexroyal

ဒိတ်ဒိတ်ကြဲ တွေ သာ ငှားနိုင်တဲ့ ကုမ္ပဏီ ကို Harry  တို့ ကလည်း တစ်နေ့ကို £7,000  ပေးပြီး ငှားလိုက်တာပါ။ ကုမ္ပဏီ က လုံခြုံ ရေး အဖွဲ့ လွှတ် ထားပေးပြီး သူတို့ တွေ အန္တရာယ် မကျ  ရောက် အောင် ငှားထားတဲ့ အချိန် ပြည့် စောင့် ရှောက် ပေးကြမှာပါ။အမေရိကန် သမ္မတ ဟောင်း Ronald Reagan ရဲ့ လုံခြုံ ရေး အကြီးအကဲ ဟောင်း ဖြစ်တဲ့ Gavin de Beckerr ရဲ့ ကုမ္ပဏီ ပါ။GDBA ကုမ္ပဏီ က တော့ CIA ၊ FBI  တို့လို အစိုးရ  အဖွဲ့ တွေ နဲ့ပါ လက် တွဲ လုပ်ပြီး သူတို့ရဲ့ Client တွေ ကို ကာကွယ် ပေးနေတာပါ။


#SHWEMOM

SHARE