နယူးယောက်မြို့ပြင်မှာ ဖွင့်လှစ်ထားတဲ့ ဟယ်ရီပေါ်တာစတိုင် နေအိမ်လေး

Raven/AirBnb

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရဲ့အပြင်ဘက်မှာ ဟယ်ရီပေါ်တာစတိုင် နေအိမ်လေးတစ်အိမ်ဆောက်လုပ်ထားပြီး ၄င်းအိမ်လေးကို Airbnb မှတဆင့် တည်းခိုနေထိုင်နိုင်ပြီ ဖြစ်ကြောင်း insider သတင်းအရ သိရပါတယ်။ အဆိုပါ အိမ်လေးဟာ စတုရန်းပေ (၃၀၀) ကျယ်ဝန်းပါတယ်။ အိမ်လေးထဲမှာတော့ ဟော့ဂ်ဝပ်က ပင်မကျောင်းသားဆောင်ကြီးတွေရဲ့ အလံတွေ၊ လေပေါ်မှာ မြောနေတဲ့ ဖယောင်းတိုင်တွေနဲ့ အခြားစိတ်ဝင်စားဖွယ် အရာတွေလည်း ပါဝင်ပါတယ်။ အိမ်လေးရဲ့ အပြင်အဆင်ဟာ ဂျေကေရိုးလင်းရဲ့မှော်ကမ္ဘာထဲက အိမ်ပုံစံမျိုးပဲ ဖြစ်ပါတယ်။

Raven/AirBnb
Raven/AirBnb

အိမ်ထဲဝင်ဝင်ချင်းမှာတော့ လေပေါ်မြောနေတဲ့ ဖယောင်းတိုင်တွေကို တွေ့ရမှာပါ။ နောက်ပြီးတော့ ဟော့ဂ်ဝပ်က ကျောင်းသားအလံတွေနဲ့ ဟယ်ရီပေါ်တာ ပစ္စည်းတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အိမ်မျက်နှာကြက်က ဖယောင်းတိုင်တွေကတော့ ဇာတ်ကားထဲက ကျောင်းခန်းမဆောင်ကြီးထဲမှာ ချိတ်ဆွဲထားတဲ့ ဖယောင်းတိုင်တွေကို တုပထားတာပါ။ တဖန် ဆီးဗရက်စ် စနိပ်ပ်နဲ့တူတဲ့ ပုံသဏ္ဏာန်တစ်ခုကိုလည်း တံခါးပေါ်မှာ ချိတ်ဆွဲထားပါသေးတယ်။ အိမ်ထဲက လှေကားတွေကတော့ Deathly Hallows ထဲမှာပါတဲ့ ဇာတ်ဝင်ခန်းထဲက လှေကားတွေလိုမျိုး ဆောက်လုပ်ထားပါတယ်။

Raven/AirBnb

အိမ်လေးက သေးပေမယ့် အိပ်ရာ() ခုပါဝင်ပြီး စုစုပေါင်း ဧည့်သည်() ယောက် တည်းခိုနိုင်မှာပါ။ မာစတာအိပ်ခန်းထဲမှာတော့ ကင်းဆိုက်ဒ်မွေ့ယာကြီးတစ်လုံး ရှိတဲ့အပြင် Expecto Patronum ခေါင်းအုံးတွေ၊ ဟော့ဂ်ဝပ်စောင်တွေနဲ့ ပြင်ဆင်ခင်းကျင်းထားပါတယ်။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွဲတွေထဲက အခန်းတစ်ခုမဟုတ် တစ်ခုနဲ့တော့ ဆက်စပ်နေတာချည်းပါ။ ဥပမာ အောက်ထပ်မှာ တွေ့ရမယ့် မှန်ချပ်ဆိုရင် Harry Potter and the Sorcerer’s Stone ထဲက မှန်ကို ပရိသတ်တွေအမှတ်ရစေဖို့ ရည်ရွယ်ထည့်သွင်းထားတာပါ။

Raven/AirBnb

မီးဖိုဆောင် စားပွဲခုံပေါ်မှာလည်း မှော်လောကရဲ့ သတင်းတွေကို သိစေနိုင်ဖို့အတွက် The Daily Prophet နဲ့ The Quibbler လိုမျိုး သတင်းစာ၊ စာစောင်တွေ တင်ထားပါသေးတယ်။ စားပွဲခုံကတော့ လက်ပ်တော့နဲ့အလုပ်လုပ်လိုသူတွေအတွက်ရော၊ ထပ်တိုးရောက်လာမယ့် ဧည့်သည်တွေအတွက်ပါ နေရာပိုရစေဖို့ အလွယ်တကူ အသွင်းအထုတ်လုပ်နိုင်ပါတယ်။ အခုဖော်ပြပေးသွားတဲ့ နေချင့်စဖွယ် ဟယ်ရီပေါ်တာစတိုင် အိမ်လေးကို ယခုနှစ် ဆောင်းရာသီအတွက်သာ ဖွင့်လှစ်ထားမှာ ဖြစ်ပြီး တစ်ညကို ဒေါ်လာ (၁၅၉) ကျပ် ကျသင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Raven/AirBnb
Raven/AirBnb

လင်းလင်း (ShweMom)

SHARE