HBO Max မှာ Live-action တီဗီစီးရီးအနေနဲ့ ပြန်လည်တွေ့မြင်ရဖို့ရှိတဲ့ Harry Potter

twitter/The Hollywood Reporter

HBO Max ကုမ္ပဏီဟာ စုန်းမှော်အတတ်ကမ္ဘာအကြောင်းဖန်တီးရေးသားထားတဲ့ Harry Potter စီးရီးတွေကို Live-action တီဗီရှိုးအဖြစ်ပြန်လည်ဖန်တီးသွားဖို့ရှိကြောင်း hollywoodreporter သတင်းအရ သိရပါတယ်။ လက်ရှိမှာတော့ HBO Max နဲ့ Warners တို့ဟာ Harry Potter တီဗီစီးရီးအတွက် ကနဦးဆွေးနွေးနေကြတာဖြစ်ပါတယ်။

Live-action တီဗီစီးရီးမှာတော့ မူရင်းဝတ္ထုစာအုပ်တွေကိုပဲ ပြန်လည်ကိုးကားပြီးပြုလုပ်မလား၊ ဒါမှမဟုတ် အခြားဇာတ်လမ်းတွေထပ်ရေးသားဦးမလားဆိုတာတော့ မသိရသလို စာရေးသူတွေ၊သရုပ်ဆောင်တွေကိုလည်း မရွေးချယ်ရသေးပါဘူး။ HBO Max နဲ့ Warner Bros. အတွက်တော့ Harry Potter ဟာ ထိပ်တန်းဦးစားပေးဖြစ်နေဆဲဖြစ်ပြီး ဖန်တီးသူ J.K.Rowling ကတော့ မူပိုင်ခွင့်ကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ Rowling ရဲ့စာအုပ်၇အုပ်ပါစီးရီးဟာဆိုရင် ရုပ်ရှင် ၈ကားထွက်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဝင်ငွေဒေါ်လာ ၇ဘီလီယံကျော်ရရှိခဲ့ပါတယ်။ Warners ကတော့ Fantastic Beats အတွက် ရုပ်ရှင်စီးရီးတွေကိုဖန်တီးနေတာပဲဖြစ်ပါတယ်။

မနှစ်ကမှ စတင်ခဲ့တဲ့ HBO Max streaming platform ဟာ DC Comic ရုပ်ရှင်တွေ၊ Friends၊ Game of Thrones နဲ့ Sex and City အပါအဝင် HBO ကုမ္ပဏီရဲ့မူရင်းရုပ်ရှင်တွေကိုလည်း ပြသပေးနေတာဖြစ်ပါတယ်။ Harry Potter မှာတော့ မူပိုင်ခွင့်တွေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေရှိနေပါတယ်။ Rowling ကတော့ Harry Potter လုပ်ပိုင်ခွင့်တွေကို ထိန်းချုပ်ထားပြီး အရာရာမှာပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ ရှိနေပါတယ်။

READ
ဆွဲဆောင်အားပြင်းတဲ့ အကြည့်တွေနဲ့ ပရိသတ်ကို ညို့ယူလိုက်တဲ့ အိချောပို

ပရိသတ်အချို့ကတော့ Harry Potter ကို တီဗီစီးရီးအဖြစ် ဖန်တီးမယ့် အစီအစဉ်ကိုသဘောကျလျက်ရှိပါတယ်။ တကယ်လို့ မူရင်းစာအုပ်တွေအတိုင်းသာ စီးရီးအနေနဲ့ ပြန်လည်ဖန်တီးမယ်ဆိုရင်တော့ ဇာတ်ကောင်တွေဖွံ့ဖြိုးလာမှုအတွက် အချိန်ပိုပေးရမှာဖြစ်သလို အရင်ရုပ်ရှင်တွေထဲမပါဘဲ ကျန်နေခဲ့တဲ့ ဇာတ်ဝင်ခန်းအသေးစိတ်တွေအတွက်ပါ အချိန်ပေးရမှာပါ။ တစ်ချို့ကျတော့လည်း ရုပ်ရှင်တွေထဲကပါတဲ့ဇာတ်ဝင်ခန်းတွေက လုံလောက်ပြီဖြစ်လို့ ပြန်ဖန်တီးစရာမလိုဘူးလို့ စဉ်းစားသူတွေလည်းရှိကြောင်း သိရပါတယ်။

ShweMom

SHARE