မီဂန်ကို ဘယ်လောက်ချစ်လဲဆိုတာ သက်သေပြလိုက်တဲ့ မင်းသားဟယ်ရီရဲ့ အပြုအမူများ

YouTube/CTVNews

အချစ်ဆိုတာ ကမ္ဘာပေါ်မှာ ကဗျာအဆန်ဆုံး ကဗျာတစ်ပုဒ်ပါ။ အချစ်နဲ့တွေ့တဲ့အခါ လူကြမ်းကြီးတွေ၊ မိန်းမရိုင်းကြီးတွေ၊ ရှင်ဘုရင်တွေ၊ မိဖုရားတွေ၊ ဆင်းရဲသားတွေ၊ သူကြွယ်တွေ၊ လက်လုပ်လက်စားတွေ … ဘယ်သူတွေပဲဖြစ်ဖြစ် ကဗျာဆန်တတ်သွားကြမယ်ဆိုတာကတော့ သေချာပါတယ်။

 

တော်ဝင်သွေး တော်ဝင်မာန် အပြည့်ရှိတဲ့ မင်းသားဟယ်ရီအဖို့ သာမန်အရပ်သူလည်းဖြစ်၊ တစ်ခုလပ်မလေးလည်း ဖြစ်တဲ့ မီဂန်ကို အမျိုးမျိုးသော ဝေဖန်မှုတွေကြားမှာ မရမက ရွေးချယ်ခဲ့ရခြင်းရဲ့ နောက်ခံအကြောင်းအရင်းက ခိုင်ခိုင်မာမာ ရှိနေခဲ့တယ်ဆိုတာ လူတွေ သဘောပေါက်သွားစေခဲ့ပါတယ်။ အဲဒီအကြောင်းပြချက်ကတော့ လူတစ်ယောက်ကို တကယ် စူးစူးနစ်နစ် ချစ်မိလို့ သူဟာ ဝေဖန်သံတွေ ဘယ်လောက်ကျယ်လောင်နေပါစေ မကြားတော့တာပါလို့ နားလည်ရမှာပါ။

 

အခုလည်း နန်းတော်ရာထူးတာဝန်တွေကနေ ရုတ်တရက် အနားယူလိုက်တဲ့ မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်တို့စုံတွဲဟာ သတင်းကွန်ရက်ထက်ပေါ်မှာ နဂိုကထက် အာရုံစိုက်စရာ ဖြစ်နေပါတယ်။ အခုလည်း ဗွီဒိယိုဖိုင်တစ်ခုမှာ မင်းသား ဟယ်ရီအနေနဲ့ မီဂန်ရဲ့အပေါ်ကို ဘယ်လောက်အထိ ချစ်ကြောင်း သံယောဇဉ်ရှိကြောင်း မြင်သာစေမှာပါ။

ဟယ်ရီဟာ မီဂန့်ကို ကြင်ယာတော်အဖြစ် ရွေးချယ်ခဲ့လို့ သူ့အနေနဲ့ နောင်တမရတဲ့အပြင် အတော်လေး ပျော်နေပုံပါဘဲ။ သူရဲ့ အသေးစိတ်ကအစ ဂရုစိုက်တတ်ပုံကို လူမှုကွန်ရက် အသုံးပြုသူတစ်ယောက်က ဗွီဒီယိုဖန်တီးပြီး စုစည်းတင်ပြခဲ့ရာ ကြည့်ရှုသူ (၂၇.၉)သန်းအထိ ရှိခဲ့ပါတယ်။

ဟယ်ရီဟာ အဲဒီဗွီဒီယိုဖိုင်ထဲမှာ မီဂန်ရဲ့ အခြေအနေအမျိုးမျိုးကြောင့် ပျက်ယွင်းသွားတဲ့ ဆံကေသာကို ဂရုတစိုက် ပြုပြင်ပေးခဲ့တာကို တွေ့ရမှာပါ။ ဒီအပြုအမူတွေကြောင့် အမျိုးသမီးထုကတော့ မီဂန်ဟာ ကမ္ဘာမှာ ကံအကောင်းဆုံး အမျိုးသမီးအဖြစ် အမွှမ်းတင်နေပါတယ်။

READ
ရုပ်ရှင်ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်တဲ့ ပိုပို

ဒီဗွီဒီယို သက်သေတွေကြောင့် အမျိုးသမီးတွေကတော့ သူတို့ခင်ပွန်းတွေ၊ ချစ်သူတွေအနေနဲ့ ဒီလိုလေး ဂရုစိုက်ရင် ကောင်းမှာပဲဆိုတဲ့ မှတ်ချက်စကားတွေ ရေးခဲ့ကြပါတယ်။ မင်းသား ဟယ်ရီကတော့ သူရဲ့အပြူအမူဟာ တစ်စုံတစ်ယောက်အတွက် ရယ်စရာဖြစ်နေမလား၊ ဒါမှမဟုတ် ပြောစရာဖြစ်နေမလားဆိုတာကို လုံးဝ ဂရုမစိုက်ဘူးဆိုတာ ပေါ်လွင်စေပါတယ်။

ဒါဟာ သတ္တိရှိလွန်းတဲ့အချစ်လို့တောင် ပြောလို့ရပါတယ်။ အမျိုးသားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သတ္တိရှိရှိ ချစ်ဖို့အလွန်အရေးကြီးပါတယ်။ သတ္တိရှိတဲ့အချစ်မျိုးက ပိုပြီးခိုင်မာသလို၊ ရဲဝင့်ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ဆောင်မှုတွေကိုလည်း မဆိုင်းမတွ ဘာကိုမှ အရေးမထားဘဲ လုပ်စေသည်အထိ ရဲဝင့်စေနိုင်ပါတယ်။

လင်းဇော်ကို

SHARE