Met Gala ပွဲမှာ မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့တဲ့ Harry Styles

One Direction အဖွဲ့သားတွေအနေနဲ့ နုတ်ထွက်သွားခဲ့တဲ့ Zayn အပါအဝင် Niiall, Louis, Liam, Harry Styles တို့တစ်ယောက်တစ်ချင်းတိုင်းဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲသည်းသည်းလှုပ်အားပေးခြင်းကို ယနေ့အချိန်အထိ ခံယူနေကြဆဲဖြစ်တဲ့ အနုပညာရှင်တွေပါ။

Instagram

အဲဒီအထဲမှ Harry Styles ကိုဆိုရင်တော့ ပရိတ်သတ်တွေ ပိုမျက်စိကျခဲ့ကြရတာပါ။ သို့ပေမယ့် ယခုလတ်တလော မီဒီယာတွေပေါ်တက်လာတဲ့ ပုံတွေရော၊ သူ့ Instagram မှာ တင်ထားတဲ့ ပုံတွေရောကပါ Harry ဟာ အရင်တုန်းက Harry Styles မဟုတ်တော့ဘဲ ဝတ်ပုံစားပုံ၊ အမူအရာတို့ဟာ ပြောင်းလဲနေတယ်လို့ ခံစားနေရပါတယ်။

Instagram

ဒီအကြောင်းကို ပရိတ်သတ်တွေ သတိထားမိနေခဲ့ကြတာ ကြာပြီဖြစ်ပေမယ့်လည်း fashion ပိုင်းကို ပိုဦးစားပေးလာတယ်လို့သာ ထင်မြင်မိခဲ့ကြပေမယ့် တစ်ခုခုမှားယွင်းနေပြီဆိုတဲ့ သံသယကို မီးမြိုက်ပေးခဲ့တာကတော့ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ Met Gala ဆိုတဲ့ ပွဲအခမ်းအနားတစ်ခုမှာ Harry Styles တစ်ယောက် ပွဲတက်လာပုံပါပဲ။

READ
ကင်ဆာဆေး ကုချင်လို့ပါဆိုပြီး အွန်လိုင်းမှာ အလှူငွေတွေ လိမ်ကောက်နေတဲ့ အမျိုးသမီး
Invision
REX

ပုံမှမြင်တွေရတဲ့အတိုင်း Harry Styles ဟာ တစ်ကိုယ်လုံးအမည်းရောင်ဆင်ယင်ထားပါတယ်။ အင်္ကျီနဲ့ဘောင်းဘီသပ်သပ်စီဝတ်ထားတယ်လို့ ထင်မိကြမှာဖြစ်ပေမယ့် တကယ်တမ်းတော့ Harry တစ်ယောက်ဝတ်ထားတာဟာ အမျိုးသမီးတွေသာဝတ်လေ့ရှိကြတဲ့ အပေါ်အောက်တစ်ဆက်တည်း jumpsuit ပဲဖြစ်ပါတယ်။ GUCCI မှာ ထုတ်လုပ်ထားပြီး pussybow jumpsuit အမည်ရှိတဲ့ ဒီဝတ်စုံဟာ ပါးလွှတဲ့အပေါ်ပိုင်းနဲ့ စမတ်ကျစေတဲ့ပုံစံမျိုးဖြစ်အောင် အသားပေးချုပ်လုပ်ထားတဲ့ ဝတ်စုံတစ်စုံပဲဖြစ်ပါတယ်။

Wire Image
Wire Image

ဒီအပြင် သံသယကိုအထွတ်အထိပ်သို့ရောက်ရှိစေခဲ့တာကတော့ Harry ရဲ့ နားတစ်ဖက်က ပုဘဲနားဆွဲလေးပါပဲ။ ဘယ်လောက်ပဲ fashion ကျတယ်ဆိုဦးတော့ အမျိုးသားတစ်ယောက်ကတော့ ပွဲကြီးကို ပုလဲနားကပ်တွဲလောင်းလေးဝတ်ဆင်ကာ လာမယ်လို့သင်ထင်ပါသလား။ နောက်ထပ်သံသယဖြစ်စရာတစ်ခုကတော့ Harry စီးထားတဲ့ ဖိနပ်ပါ။ ဖိနပ်ဟာ သာမန်ကြည့်မယ်ဆိုရင်တော့ အမည်းရောင်ဘွတ်ဖိနပ်လို့ ထင်ရပေမယ့် တကယ်တမ်း ဖိနပ်မှာ ဒေါက်ကြီးပါလို့နေတာပါ။ လက်ကလက်စွတ်တွေရောအပြင် လက်သည်းနီပါဆိုးထားတာကိုလည်း မြင်တွေ့ရမှာပါ။

Film Magic

ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ 2019 Met Gala ကို ရောက်လာတဲ့ Harry Styles ရဲ့ ပုံစံဟာ အမျိုးသမီး fashion ဖက်ကို လုံးဝကြီး ရောက်နေတဲ့ ပုံစံမျိုးဖြစ်နေပြီး တွေးကြောက်နေရသလို Sam Smith တို့လိုင်းထဲ ရောက်နေပြီလားဆိုတာ စဉ်းစားစရာမါပဲ။

READ
ISIS တွေမကျရှုံးသေးသရွှေ့၊ အိမ်မပြန်ဘူးလို့ ဆိုလာတဲ့ ဘဏ်လုပ်ငန်းရှင်ဟောင်း စစ်သားကြီး
Instagram

Penny

SHARE