Vogue ရဲ့ ပထမဆုံး Solo Male Cover Star ဖြစ်လာတဲ့ Harry Styles

Image:IG/voguemagazine/malcolmedwards

Harry Styles က တော့ Vogue ရဲ့ မျက်နှာဖုံးမှာ တစ်ကိုယ်တော် ပါဝင်ခွင့်ရတဲ့ ပထမဆုံး အမျိုသားဖြစ်လာ  ခဲ့ပါတယ်။သူက တော့ (၂၀၂၀)ဒီဇင်ဘာ လ ထုတ် US Vogue ရဲ့ Cover Star အဖြစ်နဲ့ ပါဝင် ခွင့်ရခဲ့တာပါ။ အ၀တ်အစားကို အမျိုးသမီးဝတ် ၊အမျိုးသားဝတ် ရယ်လို့ ခွဲ ခြားတာမျိုး မရှိတော့ပဲ သူကြိုက်ရင် ကြိုက်သလို ၀တ်တတ်တဲ့ Harry Styles  က တော့ ဒီတစ်ခါ မဂ္ဂဇင်း ကာဗာ မှာလည်း ထုံးစံ အတိုင်း သူ့စိတ်ကြိုက် ၀တ်စားထားပါ တယ်။

 

View this post on Instagram

 

A post shared by Vogue (@voguemagazine)

Gucci Dress ကို ၀တ်ဆင်ပြီး အမိုက်စား ရိုက်ချက်တွေ နဲ့ အတူတူ ပါဝင် ခဲ့ပါတယ်။ဇာပန်းထည်နဲ့ လည်ပင်းအဟိုက် ကို ယုံကြည်မှု ရှိရှိနဲ့ ၀တ်ပြခဲ့ပါတယ်။ အသက်(၂၆)နှစ်ရှိနေတဲ့ Harry က တော့ အပြာရောင် ၀တ်စုံရဲ့ အပေါ်မှာတော့ အနက်ရောင် Blazer ကို ထပ်ဝတ်ထားပြီး ဘောလုံး မှုတ်နေတဲ့ ပုံကို တွေ့ရမှာပါ။ ဒီအကြောင်းကိုတော့ CNN မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Tyler Mitchell (@tylersphotos)

Harry Styles က တော့ အင်တာဗျူး မှာ တိုကျို ကို သွားမယ့် ခရီးအကြောင်း၊ဂီတနဲ့ အ၀တ်အစားနဲ့ ပတ်သက်တဲ့ ရွေးချယ်မှု တွေ အေ ကြာင်း ပြောခဲ့ပါတယ်။အ၀တ်အစားရွေးချယ်မှုမှာတော့.”ကလေး တုန်းက တော့ Fancy အ၀တ်အစားတွေကို ကြိုက်တယ်၊ငယ်ငယ် တုန်းက ကျောင်းတက်ရင် ကျပ်တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ခဲ့ရတယ်။ဒီလို အ၀တ်အစားအကျပ်တွေ ၀တ်ရတာ ရူးချင်စရာ ကောင်း တယ် ဆိုတာ ကို မှတ်မိနေတယ်..” လို့ ပြောခဲ့ပါတယ်။ ကာဗာ မှာတော့ Gucci ရဲ့  Alessando Michele Dress နဲ့ ဂျက်ကတ် ကို  တွဲ ဖက် ၀တ်ဆင်ထားပါတယ်။ဒါ့အပြင် Chopova Lowena စကပ် မျိုးကို လည်း ၀တ် ထားပါတယ်။ ပုံတွေကို တော့ ဓါတ်ပုံဆရာ Tyler Mitchell က ရိုက်ကူး ပေးခဲ့တာပါ။ Mitchell က တော့ Vogue Cover မဂ္ဂဇင်း ပုံ ကို ရိုက်ကူး ပေး ခွင့်ရတဲ့ ပထမဆုံး လူမည်း ဓါတ်ပုံဆရာပါ။

 

View this post on Instagram

 

A post shared by Vogue (@voguemagazine)

Harry Styles က တော့ ဒီနှစ် အစောပိုင်း တုန်း ကလည်း Beauty Papers ရဲ့ ကာဗာမှာ ပါဝင် ပေးခဲ့ပါတယ်။အမျိုးသမီးတွေပဲ ၀တ်လေ့ ရှိတဲ့ ပိုက်ကွန် Stocking ကို ၀တ်၊နှုတ်ခမ်းနီကို ဆိုးပြီး ပုံတွေကို ရိုက်ပေးခဲ့တာပါ။အ၀တ်အစားနဲ့ ပတ်သက်ပြီး ကျား ၀တ်၊မ ၀တ် ဆိုပြီး ခွဲခြားတဲ့ gender stereotypes တွေကို စိန်ခေါ်ခဲ့ပါတယ်။သူ့လိုပဲ အခုလိုမျိုး ကျား ၀တ် မ ၀တ် မခွဲပဲ အမျိုးသမီး ၀တ်တွေကို ၀တ်ဆင် ခဲ့ဖူးတဲ့ အမျိုးသားဆယ်လီ တွေ ရှိတော့ ရှိပေမယ့် ရှားပြီး လူနည်းစု လောက်ပဲ ရှိတာပါ။

”ဘာကို မိန်းမ က ၀တ် ရမယ်၊ဘာ ကို ယောက်ျားက ၀တ်ရမယ်.။ကျွန်တော့် အတွက် တော့ ဒါက မေးခွန်း မဟုတ်ဘူး..” လို့ Styles က The Guardian နဲ့ (၂၀၁၉) တုန်းက အင်တာဗျူးမှာ ဖြေခဲ့ဖူးပါတယ်။အရမ်းမိုက်တဲ့ Shirt အလန်းလေးကို တွေ့တယ်၊ဒါက အမျိုးသမီး အတွက် ထုတ် ထားတာ ဆိုလဲ သူ့ အတွက် တော့ အဆင် ပြေတယ် ဆိုပြီး ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by @harrystyles

#SHWEMOM

SHARE