Harry Styles ကတော့ Disney ရဲ့ နာမည်ကျော် ကာတွန်းရုပ်ရှင်ဖြစ်တဲ့ Little Mermaid ဇာတ်ကားမှာ Prince Ericနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ကို ငြင်းလိုက်ပြီဖြစ်ပါတယ်။
Harry Styles ကတော့ Little Mermaid ကာတွန်းရဲ့ ပရိသတ်တစ်ယောက်ဖြစ်ပေမဲ့လည်း သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတာကို လေးလေးစားစားပဲ ငြင်းဆိုလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Disney ကတော့ Prince Ericနေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် နောက်တစ်ယောက်ကို ရှာနေပြီဖြစ်တယ်လို့လည်း သတင်းတွေအရသိရပါတယ်။ Little Mermaid ရုပ်ရှင်ကားမှာတော့ Alan Menken နဲ့ Howard Ashmanတို့ သီဆိုထားတဲ့ ၁၉၈၉ ခုနှစ်က ဂန္တဝင်သီချင်းတွေပါဝင်မှာဖြစ်ပြီး သီချင်းအသစ်တွေလည်းပါမှာဖြစ်ပါတယ်။ ရေသူမလေး Ariel ရဲ့နေရာမှာတော့ Halle Bailey က ပါဝင်သရုပ်ဆောင်မှာဖြစ်ပြီး Ursulaရဲ့ နေရာမှာတော့ Melissa McCarthy တို့ကပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

ရုပ်ရှင်ရိုက်ကူးမှုကိုတော့ ၂၀၂၀ အစောပိုင်းလောက်မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
Source: CNN