ဗယ်လင်တိုင်းနေ့မှာ ဓားထောက်ပြီး အလုခံလိုက်ရတဲ့ Harry Styles

instagram/harrystyles

One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ခဲ့တဲ့ Harry Styles ဟာ ပြီးခဲ့တဲ့သောကြာနေ့ ဗယ်လင်တိုင်းဒေးတုန်းက ဓားထောက်ပြီး အလုခံခဲ့ရကြောင်း insider သတင်းဌာနအရ သိရပါတယ်။ လုယက်မှုနဲ့ပတ်သက်လို့ ရဲတွေက ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ လက်ရှိထိတော့ တရားခံမဖမ်းမိသေးပါဘူး။ Styles ဟာ သောကြာနေ့ညတုန်းက လန်ဒန်ဟမ့်ပ်စက်ဒ်ဧရိယာကို သွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ချိန်ဟာ ဖေဖော်ဝါရီ (၁၄) ရက်နေ့ ညဘက် (၁၁.၅၀) အချိန်ကြီးဖြစ်ပါတယ်။ London’s Metropolian Police ကတော့ “အသက် (၂၀) အရွယ်ရှိတဲ့ အမျိုးသားတစ်ဦးဟာ အခြားအမျိုးသားတစ်ဦးကို ချဉ်းကပ်ကာ ဓားနဲ့ခြိမ်းခြောက်ခဲ့တယ်။ လုယက်ခံရသူသားကောင်ဟာ ဒဏ်ရာမရခဲ့ပေမယ့် ပါလာသမျှပိုက်ဆံတွေတော့ အကုန်ပါသွားတယ်…” လို့ မှတ်တမ်းထုတ်ပြန်ထားပါတယ်။

View this post on Instagram

San Jose, Live On Tour.

A post shared by @ harrystyles on

အသက် (၂၆) နှစ်အရွယ် Styles ဟာ လက်နက်ကိုင်အကြမ်းဖက်မှုကို တည်တည်ငြိမ်ငြိမ်ပဲ ဖြေရှင်းခဲ့တာပါ။ “သူက တော်တော်လေး အေးအေးဆေးဆေးပါပဲ။ ချက်ချင်းပိုက်ဆံထုတ်ပေးလိုက်တယ်။ မြန်မြန်ဆန်ဆန်ပဲ အခြေအနေကို တည်ငြိမ်အောင်လုပ်ပေးတယ်။ ဒါပေမယ့် လုယက်တဲ့သူထွက်သွားတော့မှ Styles ဟာ တုန်လှုပ်ပြီး ကြောက်နေခဲ့တယ်…” လို့သတင်းဌာနတစ်ခုက ပြောပါတယ်။

READ
ဖေဖေါ်ဝါရီလ နောက်ဆုံးအပတ်အတွင်း အသစ်ထွက်ရှိထားတဲ့ ကေပေါ့ သီချင်းကောင်းများ

ဓားပြတိုက်လုယက်ခံရအပြီးမှာ “Adore You” အဆိုတော်ကို အင်္ဂလန်နိုင်ငံက အင်္ဂါနေ့ညနေပိုင်းမှာကျင်းပတဲ့ Brit Awards အခမ်းအနားက ကော်ဇောနီပေါ်မှာ တွေ့ခဲ့ရပါတယ်။ ပွဲမှာတော့ Styles ဟာ ကွယ်လွန်သွားတဲ့ ရည်းစားဟောင်း Caroline Flack ကိုဝမ်းနည်းကြောင်း အမှတ်တရအဖြစ် အနက်ရောင်နက်ခ်တိုင်ဖဲပွင့်ကို ၀တ်ဆင်လာခဲ့ပုံရပါတယ်။

View this post on Instagram

Mexico City Two, Live On Tour.

A post shared by @ harrystyles on

အင်္ဂလန် တယ်လီဗေးရှင်း အစီအစဉ်ကြေညာသူဖြစ်တဲ့ Caroline Flack ကို လွန်ခဲ့တဲ့ စနေတနင်္ဂနွေရက်သတ္တပတ်ကမှ သူမရဲ့တိုက်ခန်းမှာသေဆုံးနေတာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Brit Awards မှာတော့ Styles ဟာ ဖျော်ဖြေတင်ဆက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။ လုယက်ခံရမှုနဲ့ပတ်သက်လို့တော့ Styles ရဲ့မန်နေဂျာက တစ်စုံတစ်ရာမှတ်ချက်ပေးပြောဆိုတာမျိုးတော့ မရှိခဲ့ပါဘူး။

READ
ဆယ်လီတွေရဲ့ ၀န်းရံမှုနဲ့အတူ ပရိသတ်ရှေ့ကို ရောက်လာတော့မယ့်”ည”

လင်းလင်း (ShweMom)

SHARE