ဟားဗက်ကျောင်းသူဘ၀ကို ဗီဒီယိုရိုက်တင်ခဲ့ရာကနေ YouTube စတားဖြစ်လာတဲ့သူမ

instagram/siennasanter

ဆီယန်နာစန်တာဆိုသူ ဟားဗက်ကျောင်းသူလေးတစ်ဦးဟာ သူမရဲ့ ဟားဗက်ကျောင်းဝင်ခွင့်ရခဲ့ပုံကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက ၀ိုင်းဝန်း မေးမြန်းခဲ့တာကြောင့် သူတို့ကို လွယ်လွယ်ကူကူရှင်းပြဖို့အတွက် နည်းလမ်းတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ကို ရှင်းပြဖို့ စာတွေအပြန်အလှန်ရေးမနေတော့ပဲ ဗီဒီယိုလေးတစ်ခု ဖန်တီးပေးဖို့ပါ။ သူမရဲ့ အကြောင်းကိုတော့ businessinsider ကနေတဆင့် အခုလို သိရပါတယ်။

instagram/siennasanter

ဆီယန်နာက “ကျွန်မကို လူတော်တော်များများက မေးကြပါတယ်။ ဟားဗက်ကို ဘယ်လိုဝင်ခွင့်ရတာလဲ ဆိုပြီးတော့။ ပြီးတော့ ကျွန်မဆီကလည်း အကြံဥာဏ်တောင်းကြတယ်။ ဒီတော့ သူတို့ကို စာအရှည်ကြီးရေးပြီး ရှင်းပြနေမယ့်အစား သူတို့သိသင့်တာလေးတွေကို အားလုံးစုပေါင်းပြီး ဗီဒီယိုလေးတစ်ခု လုပ်ဖို့ စိတ်ကူးရတယ်…” လို့ ပြောပြပါတယ်။

သြဂုတ်လ (၂၀၁၈) ခုနှစ်မှာတော့ စန်တာဟာ ဗီဒီယိုကို တည်းဖြတ်ပြီး YouTube ပေါ်မှာခဏတင်ထားလိုက်ပါတယ်။ နောက်ပိုင်း ရက်သတ္တပတ်တွေမှာတော့ ကျောင်းစစဖွင့်ချင်းမှာ အလုပ်များတာကြောင့် စန်တာဟာ အဲ့ဒီဗီဒီယိုကိုလည်း မေ့သွားခဲ့ပါတယ်။ ဒီဇင်ဘာအချိန် သူမအားလပ်တော့မှ ဗီဒီယိုကို ထပ်ပြင်စရာရှိတာ ပြင်ပြီး သူမရဲ့ ချန်နယ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သူမကတော့ ဗီဒီယိုကို အဓိကက မိသားစုဝင်တွေနဲ့ ရင်းနှီးသူမိတ်ဆွေတွေပဲ ၀င်ကြည့်မယ်ဆိုပြီး ထင်ခဲ့တာပါ။ ဒါပေမယ့် တစ်ပတ်အကြာ သူမ ချန်နယ်ထဲ ပြန်ဝင်ကြည့်တဲ့အခါမှာတော့ “COLLEGE MOVE-IN VLOG! Freshman Year at Harvard University” လို့ သူမအမည်ပေးထားတဲ့ ဗီဒီယိုဟာ အကြိမ်ပေါင်း (၁) သန်းခန့် ကြည့်ရှုခံနေရတာကို သိလိုက်ရတာ ဖြစ်ပါတယ်။

READ
မွန်မြတ်တဲ့အလုပ်အတွက် အအိပ်ဆင်းရဲခံကြရတဲ့ လေးစားဖွယ်ဆရာဝန်များ
instagram/siennasanter

စန်တာဟာ နေ့ချင်းညချင်းပဲ YouTube စတားတစ်ယောက် ဖြစ်လာခဲ့ပြီး subscriber ပေါင်း (၂၆၇,၀၀၀) နဲ့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ စန်တာရဲ့ တစ်နေ့ YouTuber တစ်ယောက်ဖြစ်ချင်တဲ့ သူမရဲ့အိပ်မက်ဟာ ပြည့်ဝခဲ့ပြီပဲ ဖြစ်ပါတယ်။ သူမကို YouTube management ကနေ ဆက်သွယ်ပြီး သူမရဲ့ ချန်နယ်ဟာ အလားအလာကောင်းတဲ့အတွက် စီးပွားရေးလုပ်လိုကြောင်း ဆက်သွယ်လာခဲ့ပါတယ်။

စန်တာလည်း တစ်လကြာ အချိန်ပေးစဉ်းစားခဲ့ပြီး YouTube နဲ့ ကြော်ငြာထည့်သွင်းခွင့်ပြုတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စန်တာဟာ ကောလိပ်ကျောင်းက အတွေ့အကြုံတွေကို ပြန်လည်မျှဝေရင်း ကျော်ကြားလာတဲ့ YouTuber တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ စန်တာရဲ့ ချန်နယ်ကတော့ ဗီဒီယိုလေးအနည်းငယ်သာ ရှိခဲ့ပေမယ့် ချက်ခြင်းပဲ ပေါက်သွားပြီး ၀င်ငွေကောင်းတဲ့ စီးပွားရေးတစ်ခု ဖြစ်သွားခဲ့တာပါ။

READ
ခြေထောက်တစ်ဖက်မရှိပေမယ့် Miss ရွေးပွဲမှာ နောက်ဆုံးအဆင့်ထိရောက်ခဲ့သူ
instagram/siennasanter

သူမနဲ့ရွယ်တူ ကျောင်းသူကျောင်းသားတွေကတော့ အချိန်ပိုင်းအလုပ်မျိုးစုံလုပ်ပြီး ကျောင်းစရိတ်ကို ကာမိအောင် မနည်းလုပ်နေရပေမယ့် စန်တာကတော့ သူမရဲ့ ချန်နယ်ထဲက ရလာတဲ့ ၀င်ငွေတွေနဲ့ ကျောင်းလခ ကျူရှင်စရိတ်တွေနဲ့ အခြားကုန်ကျစရိတ်တွေကို သုံးစွဲဖို့ လောက်လောက်ငှငှရှိနေပြီ ဖြစ်ပါတယ်။ YouTube မှာတော့ ဗီဒီယိုဖန်တီးသူ YouTuber တွေဟာ ၄င်းတို့ဗီဒီယိုထဲ Google က ထည့်သွင်းတဲ့ AdSense လို့ ခေါ်တဲ့ ကြော်ငြာတွေကတဆင့် ကြည့်ရှုသူလူဦးရေ၊ ကြည့်ရှုတဲ့ ကြာချိန်၊ ကြည့်ရှုတဲ့ ပထ၀ီမြေအနေအထားပေါ်မူတည်ကာ ၀င်ငွေရရှိလျက်ရှိကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE