ဘွဲ့အတွက် ကျမ်းတင်ရာမှာ ရက်(ပ်) အယ်လ်ဘမ်တင်ခဲ့ ကျောင်းသား ဂုဏ်ထူးပါထွက်

ဟားဗတ် တက္ကသိုလ်က သမိုင်းမေဂျာ ကျောင်းသားတစ်ယောက်ဟာ ဖိုင်နယ် ဘွဲ့အတွက် ကျမ်းတင်သွင်းရမှာ  Rap အယ်လ်ဘမ် တစ်ချပ်နဲ့ တင်ခဲ့ပြီး ကျောင်းမှာ သမိုင်းဝင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ တကယ်ပဲ ဂုဏ်ထူးတွေနဲ့ ဘွဲ့ရခဲ့တာပါ။

အသက် (၂၀) အရွယ် ရှိပြီဖြစ်တဲ့ Obasi Shaw ဟာ သီချင်း (၁၀) ပုဒ်ပါတဲ့ အခွေတစ်ခွေကို တစ်နှစ်လုံး ဖန်တီးခဲ့ပြီး သူ ဌာနရဲ့ ဒုတိယ အမြင့်ဆုံး summa cum laude minus ဆိုတဲ့ အဆင့်သတ်မှတ်တာတောင် ခံရသူပါ။ Shaw ဟာ Georgia ပြည်နယ် Stone Mountain ကလာတဲ့ သူဖြစ်ပြီး သူအနေနဲ့ ၀င်ခွင့်ရမယ်လို့တောင် မထင်ခဲ့သူပါ။

READ
Photoshop အသုံးမပြုခင်ပုံနဲ့အသုံးပြုပြီးဓာတ်ပုံတွေကိုမျှဝေခဲ့တဲ့ မော်ဒယ်များ
Elite Reader

သူရဲ့ Liminal Minds ထဲက သီချင်းတစ်ပုဒ်စီတိုင်းဟာ မတူညီတဲ့ စရိုက် ရှုထောင့်ကနေ ရေးသားထားတာဖြစ်တယ်။ ပုံစံအချိုးအစားကို (၁၄) ရာစုက Geoffrey Chaucer ရဲ့ ပုံစံကိုယူပြီး ဖန်တီးထားပြီး အမေရိကန်နိုင်ငံက လူမည်းတွေရဲ့ လက္ခဏာပေါ်ကို စူးစိုက် ထားတယ်လို့သိရတယ်။

ဘွဲ့မရသေးတဲ့ ကျောင်းသားတွေကတော့ ဒီလို လုပ်ဖို့မလိုဘူးလို့သိရပေမယ့် ဂုဏ်ထူးနဲ့ ဘွဲ့ယူချင်သူတွေအတွက်တော့ လိုအပ်တယ်လို့ သိရတယ်။ Shaw ကတော့ စာတမ်းတွေရေးရမှာ၊ ကဗျာတွေရှာဖွေ စုဆောင်ပြီး တင်ရမှာထက် ပိုထူးခြားတာ တစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

Elite Reader

တချို့သော ကျောင်းသားတွေကတော့ ဒီ မူလအိုင်ဒီယာပေးသူဟာ သူ့ အမေဖြစ်ကိုယ်တိုင်ဖြစ်ပြီး ကျောင်းကပွဲတွေမှာ ရက်(ပ်) တွေဆို၊ ရေးနေတတ်တာကို တွေ့ရပြီးတဲ့နောက် အခုလိုအားပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

READ
ယူရို (၁၀၅)သန်း ထီပေါက်တာတောင်မှ လက်ရှိအလုပ်ကို ဆက်လုပ်ဦးမယ်ဆိုတဲ့ အမျိုးသား

Shaw ရဲ့ အင်္ဂလိပ်စာ ဆရာမလည်းဖြစ်၊ ကျမ်းအတွက် အကြံပေးသူလည်းဖြစ်တဲ့ Josh Bell က ပြောပြပုံအရ Shaw ရဲ့ အားထုတ်မှုက အလွန်သဘောကျစရာ ကောင်းရုံသာမက အနုပညာအရည်အသွေးပြတဲ့ ဖန်တီးမှုတစ်ခုလို့ ပြောပါတယ်။ ဘွဲ့ရပြီးရင်တော့ Google ကုမ္ပဏီမှာ ဆောဖ့်ဝဲ အင်ဂျင်နီယာလုပ်မယ်လို့ သိရပါတယ်။

စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ သူရဲ့ သီချင်းတွေကို SoundCloud မှာ နားထောင်နိုင်တယ်လို့ ဖော်ပြပေးလိုက်ပါတယ်။

Source: Elite Reader

Matthew (ShweMOM)
SHARE