Halsey ရယ်လို့ဖြစ်လာပြီးနောက် နှစ်ကြိမ်တိုင်တိုင်သတ်သေခဲ့ဖူးတယ်ဆိုတဲ့ သူမ

@iamhasley/Instagram

အသက် ၂၄ နှစ်ရှိနေပြီဖြစ်တဲ့ အဆိုတော်မလေးဟာ သူမဘဝမှာ စပြီးအောင်မြင်လာကတည်းကိုက သတ်သေခဲ့တာ နှစ်ကြိမ်တိတိရှိနေပြီလို့ ကမ္ဘာကျော်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Rolling Stone နဲ့ အင်တာဗျူးမှာ ဖွင့်ပြောလာခဲ့ပါတယ်။ သူမနာမည်ကတော့ Halsey ဖြစ်ပြီး Colors, Gasoline, Sorry, Bad At Love စတဲ့ သီချင်းတွေအပြင် လက်ရှိမှာတော့ Without Me နဲ့ Billboard မှာ အချိန်တော်တော်ကြာအောင် နေရာယူခဲ့ပါတယ်။

Halsey ရယ်လို့ လူသိလာခဲ့ပြီး mainstream ပေါ် ရောက်လာခဲ့တာ ၅ နှစ်ကျော်လောက်ရှိနေခဲ့ပါပြီ။ ဒီကြားထဲ Halsey ဆိုတာနဲ့ အမေရိကန် rapper တစ်ယောက်ဖြစ်တဲ့ G-Eazy နဲ့ တမ်းတွဲမြင်မိလောက်အောင်ကို သီချင်းတွေဘာတွေအတူတူတွဲလုပ်ပြီး ချစ်သူတွေအဖြစ် ပေါ်ပေါ်တင်တင် တွဲခဲ့ပါသေးတယ်။

@iamhasley/Instagram

သူမရဲ့ဘဝမှာ အခက်အခဲပေါင်းများစွာ၊ ကြေကွဲမှုပေါင်းများစွာ၊ ထိုးနှက်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ရပြီး အဲဒီကြမ်းတမ်းမှုတွေကြောင့် အဖျားရိုက်ခတ်လာခဲ့တဲ့ Bipolar Disorder ဆိုတဲ့ စိတ်ရောဂါကြီးကို ငယ်ကတည်းက ခံစားလာခဲ့ရပြီး ဆယ်ကျော်သက်အရွယ်အနောက်ပိုင်းမှာတော့ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ စိတ်ရောဂါအထူးကုတွေနဲ့ အချိန်မှန်ပြသနေတဲ့ ကြားထဲကိုကမှ Halsey ရယ်လို့ နာမည်ကျော်ဖြစ်လာပြီးနောက်ပိုင်း ၂ ကြိမ်တိတိ ကိုယ့်အသက်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အချိန်မှီကံကောင်းလို့သာ အသက်မသေဘဲ ရှိနေခဲ့တာပါ။ ပထမဆုံးတစ်ကြိမ်ကတော့ အသက် ၁၇ နှစ်တုန်းက အကိုက်အခဲပျောက်ဆေးတွေ အများကြီးသောက်လိုက်လို့ ဆေးလွန်ကာ ဆေးရုံတင်ခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ၂ ပတ်တိတိ နေခဲ့ရပါတယ်။

သတ်သေဖို့ ကြိုးစားတဲ့အကျိုးဆက်ကြောင့် ဆေးရုံသွားတက်ခဲ့ရပြီး နောက်ယခုအချိန်မှာတော့ သူမကိုယ်သူမထိခိုက်အောင် မလုပ်ချင်တော့ဘူးလို့ တစ်ဖက်မှာစိတ်ဆုံးဖြတ်ထားခဲ့ပေမယ့်လည်း တစ်ဖက်မှာလည်း ဘယ်အချိန် ထပေါက်မယ်မှန်းမသိတဲ့ suicide bomb ကြီးကို ကြောက်ကြောက်နဲ့ ထမ်းရွက်ထားနေရဆဲပါပဲ။ အင်တာဗျူးမှာတော့ Halsey ဟာ ဒီအကြောင်းကို ပရိတ်သတ်တွေကို သိအောင်ဖွင့်ပြောရတာ တော်တော်လေးတော့ ရှက်စရာကောင်းတယ်လို့ ရယ်ကျဲကျဲနဲ့ ပြောခဲ့ပါသေးတယ်။

READ
ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသွေးပါဝင်ခဲ့တဲ့"မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားက ဇာတ်ဝင်ခန်းပုံရိပ်များ

 

 

View this post on Instagram

 

“pop’s queen of chaos” says thank you, @rollingstone

A post shared by halsey (@iamhalsey) on

ဘယ်လောကမှာပဲဖြစ်ဖြစ် အောင်မြင်လာခါစဆိုရင် လောကဓံရဲ့ရိုက်ချက်တွေ ပိုပြင်းတတ်ကြတာ သဘာဝပါပဲ။ Halsey ကလည်း လူသိများလာပြီးနောက်ပိုင်းမှာတင် အေးအတူပူအမျှတွဲခဲ့ပြီး သူမကိုယ်တိုင်ထောက်ပံ့မှုတွေ အများကြီးပေးခဲ့တဲ့ ချစ်သူနဲ့လမ်းခွဲခဲ့ပြီးနောက် နောက်ထပ်တစ်ခါ စိတ်ဓာတ်ယိုင်နဲ့ခဲ့ပေမယ့် အခုအချိန်မှာတော့ တော်တော်လေးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး ဂီတအပေါ်မှာပဲ အာရုံစိုက်ထားနေပါတယ်တဲ့။ လက်ရှိမှာတော့ တတိယမြောက် album အတွက် သီချင်းတွေ ဖန်တီးနေပြီး လုံးဝအကြမ်းစားတွေချည်းဖြစ်အောင် ပြင်ဆင်နေပါတယ်တဲ့။ သီချင်းအမျိုးအစားတွေကတော့ hip-hop တို့၊ country တို့ကစပြီး rock တွေအထိ မျိုးစုံပါမှာပါ။

 

 

View this post on Instagram

 

I won’t smile but I’ll show you my teeth. 📷: @samdameshek

A post shared by halsey (@iamhalsey) on

Rolling Stone မဂ္ဂဇင်းမှာ မဂ္ဂဇင်းကာဗာစတားအဖြစ် ရိုက်ကူးထားခဲ့တဲ့ ပုံလေးကိုလည်း Halsey ဟာ လွန်ခဲ့တဲ့ ၄ ရက်တုန်းက တင်ထားခဲ့ပါတယ်။ Armpit hair တွေကို အရှိကိုအရှိအတိုင်း ပြသရင်းနဲ့ပေါ့။ အမျိုးသမီးတွေတော်တော်များများဟာ ဒီ armpit hair တွေမရှိအောင်၊ သူတစ်ပါးအမြင်မှာ သေသပ်နေအောင်ဆိုတဲ့စိတ်နဲ့ နည်းမျိုးစုံအသုံးပြုကာ အမြဲတစေစိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဖယ်ရှားနေရပါတယ်။ Halsey ပေးချင်တဲ့ message ကတော့ အမျိုးသမီးတွေဟာ မွေးကင်းစကလေးတွေမဟုတ်တဲ့အတွက် ခန္ဓကိုယ် အမွှေးအမျှင်တွေဆိုတာ ရှိမှာပါပဲ၊ သူများကြောင့်နဲ့တော့ အဲဒီ အမွှေးအမျှင်တွေကို အလုပ်ကြီးတစ်ခုကို ဖယ်ရှားဖို့ မလိုအပ်ဘူးဆိုတာပါ။

READ
Priyanka လက်ထပ်ပွဲအကြောင်း မေးခွန်းကို လိမ္မာသုံးပြီး ရှောင်ခဲ့တဲ့ SRK

အဲဒီပုံနဲ့ Halsey ကို Demi Lovato တို့၊ Maggie Rodgers တို့၊ Zara Larsson တို့ကပါ ဖောက်ခံအားပေးထားခဲ့ပါတယ်။ Halsey ဟာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ LGBTQ အခွင့်အရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားတတ်တဲ့ အနုပညာရှင်တစ်ယောက်ပါ။

 

Penny

SHARE