အမေရိကန်သမိုင်းမှတ်တမ်းမှာ ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ဆိုတဲ့ North Brother ကျွန်း

North Brother ကျွန်းဟာ New York မြို့ Manhattan နဲ့ မိုင်နည်းနည်း အကွာမှာရှိတဲ့ East River မြစ်အတွင်းက (၁၃) ဧက ကျယ်ဝန်တဲ့ ကုန်းမြေအပိုင်းတစ်ခုဖြစ်တယ်။ အခုထိ ဒီ ကျွန်းဟာ စိတ်ဝင်စားစရာကောင်းနေသေးပြီး လွမ်းစရာ သမိုင်းတွေလည်း ပြည့်နှက်နေပါတယ်။

Bored Panda

Riverside ဆေးရုံကို ကျွန်းပေါ်ကို ရွေ့ပြီးတဲ့နောက်မှာ စတင်အခြေချခဲ့ကြတယ်။ ကူးစက်ရောဂါခံစားနေရတဲ့ ဒုက္ခသည်းတွေကို သီးခြားခွဲထားပြီး ကုပေးဖို့အတွက် ရည်ရွယ်ပြီး ဆေးရုံနေရာကို ရွှေ့ခဲ့တယ်လို့ သိရပါတယ်။

Bored Panda

ဒီ ကျွန်းကို ပထမဆုံးရောက်လာတဲ့ သူတွေဟာဆိုရင် ရေကျောက်၊ တီဘီ၊ ငန်းဝါ အဖျား၊ တိုက်ဖတ်ရောဂါ စတဲ့ ရောဂါတွေ ခံစားနေရတဲ့ သူတွေဖြစ်တယ်။ ရောက်လာတဲ့ သူတွေဟာဆိုလည်း သူတို့ရဲ့ ဆန္ဒမပါဘဲ ရောက်လာခဲ့ရသူတွေ ချည်းပဲ။

READ
ဟစ်တလာရဲ့အတွင်းစည်းမှာနေခွင့်ရခဲ့တဲ့ ဣတ္ထိယ(၅)ဦး
Bored Panda
Bored Panda

ဒီလို ရောက်လာတဲ့အထဲမှာ Mary Mallon က နာမည်ကြီးတစ်ယောက်ပါပဲ။ အားလုံးက သူ့ကို တိုက်ဖိုက် Mary ဆိုပြီး သိကြတယ်။

Bored Panda

Mary ဟာ တိုက်ဖိုက်အဖျားကို ဖြစ်စေတဲ့ ဘက်တီးရီးယားကို စတင်ကူးစက်ခံရပြီး ပျံ့နှံ့စေခဲ့သူအဖြစ်နဲ့ စာရင်းသွင်း ဖော်ပြခြင်းခံရတယ်။ Mary ဟာ New York မြို့က အိမ်တော်တော်များအတွက် ထမင်းချက်အလုပ်ကို လုပ်ပါတယ်။ သူချက်တာစပြီးတာနဲ့ ဖျားနာကြတော့တာပဲလို့ သိရတယ်။

Bored Panda

အဲ့လိုနည်း လူ အယောက် (၅၀) ကို ကူးစက်စေကာ (၃) ယောက်သေဆုံးခဲ့ရတဲ့အတွက် ရောဂါပိုးသယ်ဆောင်သူလို့ သတ်မှတ်ခံခဲ့ရတယ်။ သူဟာ သူမရဲ့ အနှစ်သက်ဆုံး အချိုပွဲဖြစ်တဲ့ မက်မွန်သီး ရေခဲမုန့်နဲ့ အားလုံးကို ဒီလိုဖြစ်စေခဲ့တယ်လို ယုံကြည်ခဲ့ကြတယ်။

Bored Panda

သူမကို အတင်းအကြပ် ကျွန်းပေါ်က ဆေးရုံကို ပို့ခဲ့ကြပြီး နှစ် (၃၀) လောက်နဲ့ နေခဲ့ရတယ်။ သူမက သူမ အဓိကပြဿနာမဟုတ်ဘူးလို့ ဆိုတဲ့တိုင် ပြည်သူ့ကျန်းမာရေး အာဏာပိုင်တွေက သူမကို အားလုံးနဲ့ ခွဲပြီးထားခဲ့ကြတယ်။

READ
ယုံကြည်မှုလွန်ကဲတာကြောင့် လူ(၁,၀၀၀)နီးပါး ပျော်ပျော်ကြီး သေပွဲဝင်ခဲ့ကြတဲ့ ဖြစ်ရပ်
Bored Panda
Bored Panda

သူ့ထက် ပိုဆိုးတဲ့ ဘ၀တွေလည်း ကျွန်းပေါ်မှာ အများကြီးရှိပါသေးတယ်။ (၁၉၀၄) ခုနှစ်ကဆို General Slocum လို့ခေါ်တဲ့ မီးသဘောင်္မှောက်လို့ လူအယောက် (၁၀၀၀) ကျော်လောက်အထိ သေဆုံးရတဲ့ အဖြစ်အပျက်တွေလည်းရှိခဲ့ပါတယ်။

Bored Panda

အခုဆို လူအရောက်အပေါက်လည်း သိပ်မရှိတော့ပေမယ့် ကျွန်းကြီးက လုံးဝကို ဆန်းကြယ်မှုတွေ၊ ခြောက်ခြားမှုတွေ၊ ၀မ်းနည်းကြေကွဲဖွယ် အငွေ့အသက်တွေနဲ့ ပြည်နှက်နေဆဲပါပဲ။ ဒီ သမိုင်းကြောင်းတွေကို ဖော်ပြထားတဲ့ ဗီဒီယိုကိုလည်း ထည့်သွင်းဖော်ပြပေးထားပါတယ်။

Source: Bored Panda

Matthew (ShweMOM)

SHARE