အမေရိကန်နိုင်ငံ တစ်ဝန်းက သရဲခြောက်တယ်လို့ နာမည်ကျော်တဲ့ ဟိုတယ်များ

Malagainn.com

နာမည်ကျော် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်တဲ့ TripAdvisor က အမေရိကန် နိုင်ငံတစ်ဝန်းမှာရှိတဲ့ 😎သရဲခြောက်တဲ့ ဟိုတယ်တွေကို reviewer တွေရဲ့ comment တွေကနေတဆင့် ထုတ်ပြန်ကြေငြာ ခဲ့ပါတယ်။ TripAdvi-sor ရဲ့ ထုတ်ပြန်ကြေငြာချက်ကတော့ သည်းထိတ်ရင်ဖို ခရီးတွေကိုမှ စိတ်ဝင်စားတဲ့ ခရီးသွားဧည့်သည်တွေအတွက် ကွက်တိလို့ပဲ ပြောရမှာပါ။

ဒီစာရင်းထဲကမှ နာမည်ကြီး ခြောက်ခြားစရာဟိုတယ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1)ALABAMA : Malaga Inn in Mobile 
malagainn.com

Mobile မြို့မှာရှိတဲ့ Malaga Inn ကတော့ သရဲခြောက်တယ်လို့ နာမည်ကြီးပြီး သက်တမ်းကတော့ နှစ်ပေါင်း (၁၅၇) နှစ်ရှိပြီဖြစ်ပါတယ်။ လာတည်းခဲ့တဲ့ ဧည့်သည်တွေရဲ့ ပြောကြားချက်အရ အခန်းအမှတ် ၀၀၇ ရဲ့ လသာဆောင်မှာ မိန်းမတစ်ယောက် လမ်းလျောက်နေတာတွေ၊ ပစ္စည်းတွေအလိုအလျောက် ရွေ့လျားနေတာတွေ၊ မီးအိမ်က မီးပလပ်အလိုလို ပြုတ်သွားတာတွေ ကြုံတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

(2)ALASKA : Historic Anchorage Hotel in Anchorage
Wikimedia Commons

Anchorage မြို့မှာတည်ရှိတဲ့ သမိုင်းဝင် Anchorage ဟိုတယ်ကတော့ (၁၉၃၆) ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး သက်တမ်း (၈၃) နှစ်ရှိပါပြီ။ သရဲဖမ်းသူတွေ၊ ပုံမှန်မဟုတ်တဲ့ သဘာဝလွန်ကိစ္စတွေကို စိတ်ဝင်စားသူတွေအတွက် ဒီဟိုတယ်က ဆုံမှတ်တစ်ခုလို ဖြစ်နေတာပါ။ သရဲခြောက်ရတဲ့အဓိက အချက်ကတော့ ၁၉၂၁ ခုနစ် ရဲ့ ဖေဖော်ဝါရီ လ ၂၀ ရက်နေ့မှာ Anchorage မြို့ရဲ့ ရဲချုပ်တစ်ယောက် ဟိုတယ်ရဲ့ လှေကားမှာ ပစ်သတ်ခံရပြီးနောက်မှာ သဘာဝလွန်ကိစ္စတွေ ဖြစ်လာရတယ်လို့ဆိုပါတယ်။ နောက်ပြီး ဒီလူသတ်မှုရဲ့ တရားခံကိုလည်း ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။

READ
လန်ဒန်က ကမ္ဘာ့ပထမဆုံး ထူးထူးခြားခြား ချိစ် စားသောက်ဆိုင်လေး
(3)ARIZONA : Jerome Grand Hotel in Jerome

Posted by Haunted Scottsdale Ghost Tours on Wednesday, November 16, 2016

၁၉၂၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၉၃ နှစ်ရှိပါပြီ။ Jerome Grand Hotel က တစ်ချိန်က ဆေးရုံတစ်ခုပါ အဲ့ဒီကာလမှာ လူပေါင်း ၉,၀၀၀ လောက် ဆေးရုံမှာ သေဆုံးခဲ့ဖူးပါတယ်။ ဝှီးချဲတွန်းသံတွေ၊ အသံတွေနဲ့ အလင်းရောင်တွေကို တွေ့ရတယ်လို့ တည်းတဲ့ဧည့်သည်တွေကဆိုပါတယ်။ အရင် ဆေးရုံအဖြစ်ရှိခဲ့တုန်းက ပြုစုစောင့်ရှောက်သူတစ်ယောက် ကြိုးဆွဲချသေဖူးပါတယ်။ လူနာတစ်ယောက်လည်း ဝှီးချဲနဲ့ လသာဆောင်ကနေတွန်းချ သေခဲ့ပြီး စက်ပြူပြင်ရေးသမားတစ်ယောက်လည်း ဓာတ်လှေကားပြတ်ကြပြီး သေဆုံးခဲ့ဖူးတယ်လို့ ပြောကြပါတယ်။

(4)ILLINOIS : The Drake in Chicago
Flickr/Stephen Hogan

Chicago က The Drake ဟိုတယ် ဟာ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်ပြီး လူကုံထံ တွေကြားမှာကျော်ကြားပါတယ်။ စိတ်မကောင်းစရာကတော့ ဟိုတယ်မှာ သရဲခြောက်တယ်လို့ ပြောကြတာပါ။ ဟိုတယ်ရဲ့ (၁၀) ထပ်မြောက်မှာ အနီရောင်ဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရတယ်လို့ ပြောကြပါတယ်။ ပုံပြင်လိုလို ပြောကြားချက်တွေအရတော့ ၁၉၂၀ နှစ်သစ်ကူးပါတီပွဲတစ်ခုမှာ ယောက်ျားဖြစ်သူ ဖောက်ပြန်နေတာကို တွေ့သွားတဲ့မိန်းမတစ်ယောက်က ဟိုတယ်ရဲ့ (၁၀) ထပ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတယ်လို့လည်း ပြောကြပါတယ်။ ဟိုတယ်မှာ တွေ့ရတာ ဒီမိန်းကလေးဖြစ်မယ်လို့ ယူဆရပါတယ်။

(5)INDIANA : Story Inn in Nashville

Posted by Story Inn Bed & Breakfast on Monday, July 9, 2018

Nashville က Story Inn ကတော့ လှပပြီးတည်းချင်စရာ ဖြစ်ပေမယ့်လည်း သရဲတော့ခြောက်ပါတယ်တဲ့။  ဒီဟိုတယ်မှာ Blue Lady ဆိုတဲ့ ဝိညာဉ် ရှိပြီးတော့ သူမကတော့ အရင် ဒီအိမ်ပိုင်ရှင်ရဲ့ မယားကြီးလို့ပြောကြပါတယ်။ Blue Lady လို့ပြောရတာကတော့ သူမမှာ လှပတဲ့ အပြာရောင်မျက်လုံးရှိလို့ပါတဲ့။

READ
ရုပ်ရှင်ချစ်သူတို့အတွက် ပြင်သစ်က ရုပ်ရှင်နဲ့ အသေးစားစီလီကွန်ပုံတူပြတိုက်လေး
(6)KANSAS : Midland Railroad Hotel in Wilson
Wikimedia Commons

Wilson က Midland Railroad ဟိုတယ်ကို ၁၈၉၉ မှာ ဖွင့်လှစ်ခဲ့ပြီး သက်တမ်း ၁၂၀ ရှိပါပြီ။ အရင်တုန်းက ဒီဟိုတယ်က ရထားမှတ်တိုင် နေရာဖြစ်ခဲ့ပြီး ဝိညာဉ် တွေ ရဲ့အိမ်လို့လည်းပြောပါတယ်။ နာမည်ကြီးတဲ့ အချက်ကတော့ မိဘမဲ့ ကလေးမဝိညာဉ်က ဟိုတယ်ရဲ့ တံခါးတွေကို လိုက်ခေါက်တတ်တာပါ။

(7)LOUISIANA : Bourbon Orleans Hotel in New Orleans
Facebook/Bourbon Orleans Hotel

New Orleans မှာရှိတဲ့ Bourbon Oreleans ဟိုတယ်က တစ်ချိန်တုန်းက ခန်းမနဲ့ ရုပ်ရှင်ရုံတစ်ခု ဖြစ်ခဲ့တာပါ။ သရဲကတော့ ခြောက်တဲ့နေရာမှာ သူမတူအောင်ခြောက်တယ်လို့ ဆိုပါတယ်။ ကလေးဝိညာဉ် သီလရှင်ဝိညာဉ်တွေကို မြင်တွေ့ကြရပြီး စစ်သားဝိညာဉ် ကိုလည်း ဟိုတယ်ရဲ့ ၃ ထပ်နဲ့ ၆ထပ်မှာ တွေ့မြင်ကြရတယ်လို့ ပြောကြပါတယ်။

စာဖတ်သူလည်း သရဲနဲ့ ပတ်သက်ပြီးစိတ်ဝင်စားရင် အမေရိကကို ရောက်တာနဲ့ ဒီပြည်နယ်တွေက ဟိုတယ်တွေမှာ တည်းကြည့်ဖို့အကြုံပြုလိုက်ပါရစေ။

Lwin Min

SHARE