စွန့်စားလိုသူ ခရီးသွားဝါသနာရှင်တို့ အတွက် ခြောက်ခြားဖွယ်ရာ ရေအောက်မြို့တော်များ

ခရီးသွားဝါသနာပါသူတွေထဲမှာ အချို့ကလည်း အေးအေးဆေးဆေး သက်တောင့်သက်သာနဲ့ အပန်းဖြေလိုသူတွေရှိသလို တချို့ကလည်း စွန့်စားရတာ ၀ါသနာပါသူတွေ ရှိကြပါတယ်။ စွန့်စားလိုစိတ်ရှိတဲ့ ခရီးသွားဝါသနာရှင်တွေအဖို့ အခုဖော်ပြပေးမှာကတော့ ဗဟုသုတပေးနိုင်ပေမယ့် ခြောက်ခြားဖွယ်ကောင်းတဲ့ ရေအောက်မြို့တော်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ခြင်္သေ့မြို့တော်

Deus Mortus

တရုတ်နိုင်ငံက Qiandao ကန်ကြီးအောက် တစ်ပေလောက်နေစပြီး ခြင်္သေ့မြို့တော်ကြီး တည်ရှိပါတယ်။ သူ့ရဲ့ သက်တမ်းကတော့ နှစ်ပေါင်းတစ်ထောင်ကျော်နေပါပြီ။ ခြင်္သေ့မြို့တော်ကြီးရဲ့ ရာဇ၀င်ကတော့ (၁၉၅၉) ခုနှစ်မှာ တရုတ်ဘုရင်ဟာ ရေအားလျှပ်စစ်သုံး ရေကာတာဆောက်လုပ်ဖို့ လိုအပ်တာနဲ့ မြို့ကို တမင်တကာ ရေလွှမ်းပစ်ခဲ့တယ်လို့ သိရပါတယ်။ ရေအောက် ခြင်္သေ့မြို့တော်ကြီးထဲကို လမ်းညွှန်ရေငုပ်သမားတွေရဲ့ အကူအညီနဲ့ သွားလာနိုင်ပါတယ်။ ရေအောက်မှာတော့ နှစ်ပေါင်းများစွာက ရှေးဟောင်း ကျောက်ခြင်္သေ့ရုပ်ကြီးတွေ၊ နဂါးတွေနဲ့ ဖီးနစ်စ်ငှက်ရုပ်တွေအပြင် အခြားဗဟုသုတရစရာတွေကိုလည်း တွေ့နိုင်မှာ ဖြစ်ပါတယ်။

အာဂျင်တီးနားက Epecuen Villa

Mariano Perez

Villa Epecuen မြို့သေးသေးလေးမှာ လူပေါင်း(၅,၀၀၀) ၀န်းကျင် နေထိုင်ခဲ့ကြပါတယ်။ (၁၉၈၀) ခုနှစ်များမှာတော့ ဆည်ကျိုးပြီး မြို့လေးကို ရေတွေ ဖုံးလွှမ်းခဲ့ပါတယ်။ မြို့နားမှာရှိတဲ့ ကန်ကြီးတစ်ခုထဲက ဆားငံရည်တွေကလည်း မြို့ထဲကို စီးဝင်လာတာကြောင့် မြို့လေးထဲက နေရာအများအပြားဟာ ဆားငံရည်တွေနဲ့ ဖုံးလွှမ်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ မြို့ထဲက ရေတွေပြန်ကျ သွားခဲ့ပေမယ့် ဘယ်နေရာ ကြည့်ကြည့် ဖွေးဖွေးဖြူနေတဲ့ အပျက်အစီးတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

READ
ဒိုင်နိုဆောအရုပ်ကြိုက်တဲ့ကလေးတွေက သာမန်ထက်ဉာဏ်ရည်ပိုမြင့်မားကြောင်း လေ့လာတွေ့ရှိ

အီတလီက Lake Reschen

Rui Jose

ရက်စ်ချန်ရေကန်ဟာ အီတလီမြောက်ပိုင်းမှာ ရှိပါတယ်။ ထူးဆန်းစွာပဲ ရေကန်ရဲ့ အလယ်နားလောက်မှာ (၁၄) ရာစုလောက်က တည်ဆောက်ထားတဲ့ ဘုရားကျောင်း မျှော်စင်ဟာ ထိုးထွက်နေတာကို မြင်ရမှာပါ။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက ရေလွှမ်းမိုးခံခဲ့ရတဲ့ ရက်စ်ချန်မြို့လေးဟာ မြို့တစ်မြို့လုံး ကန်အောက် ရောက်နေပေမယ့် ဘုရားကျောင်းကတော့ ရေပေါ် ထိုးထွက်နေတာပါ။ ကန်ရေခဲတဲ့ အချိန်ဆိုရင်တော့ ၄င်းဘုရားကျောင်း မျှော်စင်ဆီကို လမ်းလျှောက်သွားနိုင်ကြောင်း သိရပါတယ်။

အီဂျစ်က Thonis- Heracleion

Huffington Post

Thonis- Heracleion မြို့ဟာ ဘီစီ(၈) ရာစုတုန်းက နိုင်းလ်မြစ်နှုတ်ခမ်းပေါ်မှာ တည်ထောင်ခဲ့တဲ့ မြို့ပါ။ အီဂျစ်ရဲ့ သယ်ပူပို့ဆောင်ရေးမှာ အဓိက အရေးပါတဲ့ဆိပ်ကမ်းမြို့လဲ ဖြစ်ပါတယ်။ အေဒီ(၈) ရာစုအရောက်မှာတော့ သဘာဝဘေးအန္တရာယ်တွေနဲ့ ထပ်တလဲလဲ ကြုံတွေ့ခဲ့တာကြောင့် မြို့က ရေကြီးပြီး ပျက်စီးသွားခဲ့ပါတယ်။ သက္ကရာဇ်(၂၀၀၀) ခုနှစ်ရောက်လာတဲ့အခါမှာတော့ မြို့ကို အာဘူကီပင်လယ်အော် အောက်ခြေမှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပြီး မံမီတွေ၊ သင်္ဘောအပျက်အစီးတွေနဲ့ ရုပ်ထုကြီးတွေကိုပါ တွေ့ရှိခဲ့ကြပါတယ်။

READ
လူ့အသုံးအဆောင်ပစ္စည်းတွေရဲ့ နောက်ကွယ်က ထူးခြားတဲ့ ရည်ရွယ်ချက်လေးများ

လင်းလင်း (ShweMom)

Ref: elitereaders

SHARE