ကမ္ဘာ့ အလှဆုံးအဖြစ် သတ်မှတ်ထားတဲ့ သင်္ချိုင်း (၁၁) ခု

သင်္ချိုင်းတွေဟာ ခရီးသွားတဲ့ လူတွေအသွားချင်းဆုံနဲ့ လေ့လာချင်ဆုံးသော နေရာတွေထဲမှာ ထိပ်ဆုံးမှာ ဘယ်တော့မှ ရှိမယ်လို့တော့ မထင်ပါဘူး။

သွားရောက် စူးစမ်းဖို့ကလည်း အနိဋ္ဌာရုံတွေ ရှိနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ လှပတဲ့ သုဿန်၊ သင်္ချိုင်းတွေရှိနေပြီး အဲ့ဒီနေရာတွေမှာ အံသြမှင်သက်ဖွယ် ဗိသုကာလက်ရာတွေနဲ့ ဓာတ်ပုံရိုက်လို့ သိပ်လှတဲ့ ရှုခင်းတွေလည်း ရှိနေပါတယ်။

ဒါကြောင့် ကမ္ဘာပေါ်က အလှဆုံး သင်္ချိုင်း (၁၂) ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါတွေကို သင့်ကို သွားရောက် လေ့လာချင်စိတ်တွေပါ ဖြစ်လာစေနိုင်ပါတယ်။ အများစုကတော့ နေ့အချိန်မှာပဲ ဖွင့်ကြတဲ့အတွက် သင့်အနေနဲ့ ကြောက်နေဖို့လည်း မလိုပါဘူးဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ခရိုအေးရှားနိုင်ငံက Mirogoj သုဿန်

iStockphoto

ဒီ သုဿန်ကတော့ Zegreb မြို့တော်ပိုင်းမှာ ဖြစ်ပြီး ဘယ် ဘာသာဝင်မဆို မြှုပ်နှံလို့ရတယ်လို့ သိရပါတယ်။ ရင်သပ်ရှုမောဖွယ် အပင်တန်းတွေနဲ့ မြင်ရတာ သိပ်လှပါတယ်။

ရိုမေးနီးယား နိုင်ငံ Merry သင်္ချိုင်း

iStock Editorial

ဒီနေရာက အုတ်ဂူ ကျောက်တိုင်တွေမှာတော့ ကဗျာတွေ၊ ပန်းချီးဆေးရေးတွေနဲ့ အောက်မေ့ဖွယ် အမှတ်တရတွေကို အရောင်အသွေးစုံစွာနဲ့ ဖော်ကျူးထားတာကို တွေ့နိုင်ပါတယ်။

အင်္ဂလန်နိုင်ငံက Highgate သင်္ချိုင်း

iStock Editorial

ဒီ သင်္ချိုင်းမှာတော့ Karl Marx တို့လို့ နာမည်ကျော် ပုဂ္ဂိုလ်တွေကို မြှုပ်နှံတယ်လို့ သိရပါတယ်။ များစွာသော အထိမ်းအမှတ်အရုပ်တွေနဲ့ ရှုပ်ထွေးနေပြီး  အပင်စိမ်းတွေ ပေါက်နေတဲ့ လမ်းတွေလည်းရှိပါတယ်။ သင့်အနေနဲ့ Victorian ခေတ်ကို ပြန်ရောက်သွားသလို ခံစားရမှာဖြစ်ပါတယ်။

READ
တရုတ်နိုင်ငံမှ မော်ဒယ်တို့ရဲ့ ပဲ့ကိုင်ရှင်မိခင်ကြီး Grace Han ရဲ့ ရာဇဝင်

အာဂျင်တီနားနိုင်ငံက La Recoleta သင်္ချိုင်း

iStock Unreleased

ဒီ သင်္ချိုင်းမှာဆိုရင် အာဂျင်တီးနားရဲ့ အကျော်ကြားဆုံး First Lady ဖြစ်တဲ့ Evita ကို မြှုပ်နှံထားပါတယ်။ Buenos Aries မြို့မှာ တည်ရှိပြီး သမိုင်းဝင် ရုပ်အဆောက်အအုံ ရုပ်တုများစွာလည်း ရှိပါတယ်။

ဂျပန်နိုင်ငံက Okunoin သင်္ချိုင်း

iStock Editorial

ဒီ သင်္ချိုင်းကတော့ နိုင်ငံထဲမှာ အကြီးဆုံးဖြစ်ပြီး ရင်သပ်ရှုမောဖွယ် ကျောင်းဆောင်တွေလည်း ရှိပါတယ်။ နှစ်သက်ကြည်နူးဖွယ် သစ်တောတွေနဲ့ ထူးခြားတဲ့ မြင်ကွင်းတွေကိုလည်း တွေ့ရမှာပါ။

ချီလီနိုင်ငံက Cemeterio Genere

Moment Open

Santiago မြို့မှာ ရှိတဲ့ ဒီသင်္ချိုင်းဟာ လူနှစ်သန်းကျော်လောက်ကို မြှုပ်နှံထားပြီး အုတ်ဂူသေးသေးလေးကအစ ဗိမာန် အကြီးကြီးတွေအထိ ပုံစံတကျနဲ့ တည်ဆောက်ထားတာပါ။

ပြင်သစ်နိုင်ငံက Pere Lachaise သင်္ချိုင်း

Moment RF

ပဲရစ်မြို့က အကြီးဆုံး ဒီသင်္ချိုင်းမှာ မွမ်းမံ တန်ဆာဆင်ထားတဲ့ အုတ်ဂူတွေ၊ ရုပ်တုတွေနဲ့ မျက်စိကို ဖမ်းစားနိုင်တဲ့ အနုစိတ်လက်ရာတွေကို တွေ့နိုင်ပါတယ်။

READ
စိတ်ဖိစီးမှု ရှိ၊ မရှိကို ပြောပြနိုင်တဲ့ သင့်ခန္ဓာကိုယ်က လက္ခဏာများ

မက္ကဆီကို နိုင်ငံက Xoxocotlan သင်္ချိုင်း

Moment RF

Oaxaca မြို့က နာမည်ကြီး သင်္ချိုင်းမှာ နေ့ခင်းဘက်က အသုဘချတဲ့ အခမ်းအနားတွေမှာ လိုက်ပို့သူတွေ လာရောက်ပြီး ဂါဝရပြုတာ၊ ပန်းတွေ ဖယောင်းတိုင်တွေနဲ့ လာရောက် ဆုတောင်းပေးထားတာကို တွေ့နိုင်ပါတယ်။

စကော့တလန်းနိုင်ငံက Glasgow Necropolis သင်္ချိုင်း

Moment Unreleased RF

ဒီ သင်္ချိုင်းမှာ လူ ငါးသောင်းလောက် မြှုပ်နှံထားပြီး Victoria ခေတ် အနုပညာအငွေ့အသက်တွေကို တွေ့ရမှာပါ။

အိန္ဒိယနိုင်ငံက South Park Street သင်္ချိုင်း

Moment Unreleased RF

ရောင်စုံပန်းတွေ၊ သစ်ပင်တွေ၊ ရေညှိတွေနဲ့ Kolkata မြို့က ဒီ သင်္ချိုင်းဟာ သိပ်ကို ပုံပြင်ဆန်ပါတယ်။

သြစတေးလျနိုင်ငံက Waverley သင်္ချိုင်း

Moment Unreleased RF

Sydeny မြို့ အရှေ့ပိုင်း ဆင်ခြေဖုံးက ကမ်းပါးပေါ်မှာ တည်ထားတဲ့ သင်္ချိုင်းဖြစ်ပြီး ပင်လယ် သမုဒ္ဒရာ နောက်ခံရှုခင်းတွေကို တစ်ဝကြီး ခံစားနိုင်ပါတယ်။

Source: Mirror

Matthew (ShweMOM)
SHARE