Mask တပ်ချိန်ကြုံရတဲ့ ခံတွင်းနံ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်း(၅) မျိုး

Image:Freepik/@yuriiyarema

Mask နဲ့ မြန်မာနိုင်ငံ ဆိုတာ အရင် တုန်းက လုံးဝ ကို မဆိုင်တဲ့အရာ တစ်ခုပါ။ဒါပေမယ့် အခု အချိန်မှာတော့ ကိုဗစ် ကြောင့် Mask က လူတွေ ရဲ့ နေ့စဉ်ဘ၀ မှာ မရှိမဖြစ် အ ရေးပါတဲ့ အရာ တစ်ခု ဖြစ်လာခဲ့ပါပြီ။Mask တပ်ထားတဲ့ အချိန်မှာ ကိုယ့်ရဲ့ ခံတွင်းနံ့ က ဆိုးရွားနေတာကို ခံစား နေရပြီလား ..?တကယ်တော့ Mask တပ်လိုက်ရလို့ ခံတွင်း နံ့ က ဆိုး နေတာ မဟုတ်ပါဘူး။Mask က အလုံးပိတ်တပ်ထားရတဲ့ အချိန်မှာ ကိုယ့်မှာရှိတဲ့ ခံတွင်းနံ့ ပြဿနာကို ကိုယ် တိုင် သတိထားမိ သွားတာပါ။စိတ် မပူပါနဲ့ ။ဒီအချက်တွေကို သုံးပြီး ဖြေရှင်းလို့ ရပါတယ်။ဒီအ ကြောင်းကိုတော့ AsiaOne မှာ ဖော်ပြထားတာပါ။

ပါးစပ်က အသက်ရှုတာ လျှော့ပါ

Image:Freepik/@chinnarach

နှာ ခေါင်းကို အုပ်ထားရတဲ့ အတွက် Mask တပ်ထားတဲ့ အချိန်မှာ လူ တော်တော် များများက ပါးစပ်က နေ အသက်ရှု ကြပါတယ်။ပါးစပ်က ရှုတာ များလာရင် တော့ ခံတွင်းနံ့ က ဆိုးလာတာကို သတိထားမိကြမှာပါ။နှာ ခေါင်း ထက် ပါးစပ် ကိုပဲ အသက်ရှု ဖို့ အသုံးချတာ များလာရင် ပါးစပ်က ပို ခြောက် လာပြီး အနံ့ ဆိုးတွေ ထွက်လာ တတ်ပါတယ်။

READ
ကော်ဖီက ကျန်းမာရေးအတွက် သင့်/မသင့်ဆိုတာ ... ဒီအချက်တွေကို ကြည့်ပြီး သိနိုင်ပါတယ်

စကားပြောတာ လျှော့၊ရေများများသောက်ပါ

Mask တပ်ထားတဲ့ အချိန် စကားတွေ ပြောတာ သိပ်များရင် လည်း ပါးစပ်ထဲမှာ တံ ထွေး နည်းလာပြီး ပါးစပ် ခြောက်လာတတ်ပါတယ်။တံ တွင်း မှာက ခံတွင်းကို သန့်ရှင်းစေတဲ့ အကျိုး ကျေးဇူး ရှိပါတယ်။စကား များများ ပြော လို့ ခံတွင်း ခြောက်တာ များလေ အနံ့ ဆိုး ပို ထွက် လေပါ။ဒါ ကြောင့် ရေ များများ သောက်ပါ။စကား များများ ပြောတာ  လျှော့ပါ။

အစား အသောက် ဆင်ခြင်ပါ

Image:Freepik/@filistimlyanin

ဒူးရင်းသီး၊ဓညင်းသီး. အစရှိတဲ့ အနံ့ပြင်းတာတွေ စားပြီး Mask တပ် လိုက်ရင် တော့ ကိုယ့်အနံ့ နဲ့ ကိုယ် တော်တော် လေး ခံရခက်မှာပါ။အရင် က တော့ ကိုယ် ခံတွင်းနံ့ ဆိုးရင် ဘေးလူခံ ရ ပေမယ့် အခုက Mask တပ် ထားရတာ မို့ ကိုယ်ပဲ ခံရမှာပါ။ဒါ ကြောင့် ကိုယ်က ခံ တွင်းနံ့ ဆိုးတတ် ရင် အစား အ သောက်ကို အနံ့ ပြင်းတာ မျိုးတွေကို ရှောင်ပါ။အရည်ရွှမ်းတဲ့ အသီးအနှံ မျိုးတွေ များများစားပါ။ပရိုတင်းဓါတ် ပါတဲ့ carbohydrate  မဟုတ်တဲ့ အစားအစာတွေ များများ စားပေးပါ။

READ
အီဘိုလာသံသယရှိသူတစ်ဦး တွေ့ရှိခဲ့တာကြောင့် အလုပ်များခဲ့ရတဲ့ ဒန်ဗာဆေးရုံ

လျှာနဲ့ ခံတွင်းကို သေချာ သန့်ရှင်းပါ

Image:Freepik/nensuria

ခံတွင်း ကျန်းမာရေး အတွက် လျှာနဲ့ သွား ကို သေချာ သန့်ရှင်းပေးဖို့ လိုပါတယ်။ပုံမှန် သွားတိုက်ရုံ လောက်နဲ့ မရပါဘူး။လျှာ ခြစ်တံ လေးေ တွကို ၀ယ်လို့ရပါတယ်။လျှာခြစ်တံ လေးနဲ့ လျှာ ခြစ်တာ မျိုးတွေ လုပ်ပါ။ပြီးရင် တော့ သွားကြားထဲမှာရှိတဲ့ အစားအကြွင်းအကျန် တွေကို သွားကြား သန့်ရှင်းတဲ့ ကြိုး လေး အပါအ၀င် တခြား သန့်ရှင်းလို့ ရတဲ့ အရာ တွေနဲ့ သန့်ရှင်း ပေးပါ။

ပီကေ ၊ သကြားလုံး ဆောင်ပါ

ခံတွင်းနံ့ ဆိုးတဲ့ လူတွေ အနေ နဲ့ ဆိုရင် တော့ ဒါကို မဖြစ် မ နေ ဆောင် ဖို့ လိုပါတယ်။ပီ ကေ ၀ါးတာ၊သကြားလုံး ငုံတာ မျိုး လုပ်ပေးပါ။အဲ့ဒီ အခါ မှာလည်း ပူရှိန်းသကြားလုံး၊ပီ ကေ မျိုးတွေ ကိုပဲ ၀ါးပေး ၊ငုံ ပေးတာ အ ကောင်းဆုံးပါ။

#SHWEMOM

SHARE