မိသားစုအပေါ် ချစ်တတ်ပြီး သားသမီးတွေအပေါ်မှာ ကြင်နာဂရုစိုက်တတ်တဲ့ ဖခင်တစ်ယောက်ရှိတာလောက် ကံကောင်းတဲ့အရာမျိုး မရှိနိုင်ပါဘူး။ မိဘတွေဟာ သားသမီးတွေအတွက်ဆို ပေးဆပ်ဖို့ ၀န်မလေးကြတဲ့ အနန္တဂိုဏ်းဝင်တွေပဲ ဖြစ်ပါတယ်။ ဒီလို မိဘတွေမျိုးထဲမှာ ဂျင်မ် ပေါ်တာဖီးလ်ဟာ တစ်ဦးအပါအ၀င်ပါ။ သူဟာ လောကဓံရဲ့ စိန်ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် သမီးဖြစ်သူကိုတော့ သူချစ်တယ်ဆိုတာ ထင်ရှားအောင် ပြသနိုင်ခဲ့ပါတယ်။
(၁၉၈၁) ခုနှစ်တုန်းက ဂျင်မ်ဟာ ကားအက်ဆီးဒင့်တစ်ခုကြောင့် ရက်သတ္တပတ်(၆) ပတ်လောက် ကိုမာဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မလို့ သတိပြန်လည်လာခဲ့ပါတယ်။ ဆေးရုံက ဆင်းပြီးနောက်ပိုင်းမှာတော့ သူ့ကျန်းမာရေးက အရင်နဲ့ မတူတော့ပါဘူး။ မကြာခဏ တက်တဲ့ အာရုံကြောရောဂါ ရလာတဲ့အပြင် လမ်းလျှောက်ရင်လည်း တုတ်အကူအညီပါမှ လျှောက်နိုင်ပါတော့တယ်။ မှတ်ဥာဏ်တွေလည်း သိပ်မကောင်းတော့ပါဘူး။

ကိုယ်တိုင်က ရောဂါကြောင့် သတိမကောင်း၊ ကျန်းမာရေးမကောင်းနေပေမယ့် သားသမီးတွေကိုတော့ ဂရုစိုက်ဖို့ မမေ့အားတာဟာ ဂျင်မ်ပဲ ဖြစ်ပါတယ်။ ဒါကိုတော့ သူ့ရဲ့ အငယ်ဆုံးသမီးလေးတစ်ယောက်ဖြစ်တဲ့ မော်ဂန်က ဖခင်ကြီးရဲ့ ချစ်တတ်ပုံကို အခုလို ပြောပြပါတယ်။ (၂၀၁၈) ခုနှစ်မှာ ဂျင်မ်ဟာ အလုပ်လက်မဲ့ဖြစ်သွားပြီး မိသားစုထဲမှာ ငွေကြပ်တည်းနေတဲ့ အချိန်ပါ။ ဒါကြောင့် မော်ဂန်ဟာ ကောလိပ်ကျောင်းမတက်ခင် ကားတစ်စီးလောက်ဝယ်ဖို့ အပိုဝင်ငွေရအောင် ဆိုပြီး မက်ဒေါ်နယ်ဆိုင်မှာ အလုပ်လုပ်ကာ ငွေစုနေခဲ့ပါတယ်။

နေ့တိုင်းဆိုသလို အလုပ်ကိုသွားမယ့်လမ်းမှာ သူမက ကော်ဖီအေးတစ်ခွက် ၀ယ်သောက်လေ့ရှိပါတယ်။ ဒါကို ဂျင်မ်က မှတ်ထားပါတယ်။ ဂျင်မ်ဟာ တစ်ခုခုသုံးလို့ ငွေအကြွေစေ့တွေရလာတိုင်း သူ့အခန်းထဲက ခွက်ကလေးတစ်လုံးထဲမှာ ထည့်စုထားလေ့ရှိပါတယ်။ တစ်နေ့မှာတော့ မော်ဂန်ဟာ အလုပ်ကနေ အိမ်ကို ပြန်လာရာမှာ ဖခင်ဖြစ်တဲ့ ဂျင်မ်ကနေ မော်ဂန်အတွက် လက်ဆောင်တစ်ခုလုပ်ထားတယ်။ သူ့အိပ်ရာပေါ်မှာ သွားယူချေလို့ ဆိုတာကြောင့် မော်ဂန်ဟာ လက်ဆောင်ကို သိချင်ဇောနဲ့ အပြေးအလွှားလေး လာခဲ့ပါတယ်။ သူမတွေ့လိုက်ရတာကတော့ အကြွေစေ့တွေထည့်ထားတဲ့ ပုလင်းလေးတစ်လုံးဖြစ်ပြီး ပုလင်းလေးမှာ စာရွက်ပိုင်းလေးတစ်ခုပါ ချည်ထားပါတယ်။ “ဒေါ်လာ ၁၁.၁၉ / ကော်ဖီသောက်ဖို့/ ချစ်တဲ့ဖေဖေ” ဆိုပြီးတော့ပါ။
As some know my dad is mentally and physically handicapped and so especially now that he’s older he’s unable to work or earn an income but he’s been saving his pocket change for the past month for some reason and I thought nothing of it til I came home from work to this today❤️ pic.twitter.com/rdEqu6u8rf
— Morgan Porterfield (@morganp_2018) June 2, 2018
မော်ဂန်ဟာ ဖခင်ရဲ့ သူမအပေါ် အလေးထားပုံကို မြင်ပြီး အံ့သြသွားခဲ့တာပါ။ အလုပ်ကလည်း အဆင်မပြေ၊ ပိုက်ဆံက ကြပ်တည်း၊ ကိုယ်တိုင်က ရောဂါဖြစ်နေတာတောင် ငွေအကြွေစေ့လေးတွေကို တစ်ဦးတည်း မသုံးရက်ပဲ ကော်ဖီကြိုက်တတ်တဲ့ သမီးလေး ကော်ဖီသောက်ဖို့ မုန့်ဖိုးပေးရအောင် စုခဲ့တဲ့ ဂျင်မ်ရဲ့ ဖခင်မေတ္တာကတော့ အံ့မခန်းပါပဲ။ အွန်လိုင်းပေါ်က လူတွေကတော့ ဒီသားအဖနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ပြောမကုန်နိုင်အောင် ရှိနေပါတော့တယ်။
လင်းလင်း (ShweMom)
Ref: fabiosa