နွမ်းပါးတဲ့ ယူနီကျောင်းသားတွေကို အခမဲ့ကျွေးမွေးနေတဲ့ မလေးရှားအစိုးရ

The Rakyat Post, Malay Mail

တက္ကသိုလ်ကျောင်းသားဘ၀မှာ ပိုက်ဆံပြတ်တယ်ဆိုတာဟာ lifestyle တစ်ခုလိုပါပဲ။ မိဘက ကောင်းကောင်းမထောက်ပံ့နိုင်တဲ့ တစ်ချို့ကျောင်းသားတွေကျတော့ ကျောင်းလည်းတက်၊ အချိန်ပိုင်းလေးလည်း အလုပ်ရတဲ့အခါ လက်ထဲငွေရှိတဲ့အခါ ရှိသလို မရှိတဲ့အခါလည်း ဘီစကွတ်ချပ်၊ ခေါက်ဆွဲခြောက်တွေနဲ့ နှစ်ပါးသွားရတာပါပဲ။ ဒါကြောင့် နွမ်းပါးတဲ့ ကျောင်းသားတွေရဲ့ အခက်အခဲကို ရှေးရှုပြီး အစိုးရက (၂၀၂၀) Food Bank Siswa ဆိုတဲ့ အစီအစဉ်ကို ထပ်တိုးဖန်တီးလိုက်ကြောင်း worldofbuzz သတင်းအရ သိရပါတယ်။

မလေးအစိုးရဟာ Food Bank Siswa ပရိုဂရမ်ကို (၂၀၁၈) ခုနှစ် သြဂုတ်လပိုင်းမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အစီအစဉ်စစပြုလုပ်ခြင်းမှာ အစိုးရတက္ကသိုလ် (၁၉) ခုမှာသာ ကျင့်သုံးခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ ပုဂ္ဂိလိက တက္ကသိုလ်တွေပါ အစိုးရက စရိတ်စိုက်ပြီး အစားအသောက်ကျွေးမွေးသွားမယ်လို့ သိရတာပါ။

READ
မိဘခွင့်ပြုချက်မရဘဲ လက်ထပ်မိလို့ ကျင်ငယ်ရည်တိုက်ပြီး နှိပ်စက်ခံခဲ့ရတဲ့ စုံတွဲ
The Rakyat Post

ပြည်တွင်းကုန်သွယ်ရေးနဲ့စားသုံးသူများဌာနမှ ၀န်ကြီးကလည်း တက္ကသိုလ်ကျောင်းသားကျောင်းသူအပေါ် အခုလိုကြည့်ရှုပေးတဲ့ အစီအစဉ်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပိုလီတက္ကနစ်တွေနဲ့ ဆရာအတတ်သင်ကျောင်းတွေပါ အားလုံးအကျုံးဝင်မှာဖြစ်ကြောင်း ဆိုထားပါတယ်။ အစိုးရအနေနဲ့ ပိုက်ဆံပြတ်လပ်လို့ ညစာမစားမသောက်ပဲ အိပ်ရာဝင်ရမယ့် ကျောင်းသားလေးတွေရဲ့ အရေးကို စာနာပြီး အခုလို အစားအသောက်ဘဏ်တွေကို ဖွင့်လှစ်ပေးထားတာပဲ ဖြစ်ပါတယ်။

အစားအသောက်တွေကိုတော့ နည်းလမ်းနှစ်မျိုးသုံးပြီး ကျောင်းသားတွေကို ဝေမျှသွားမယ်လို့ သိရပါတယ်။ ပထမနည်းလမ်းကတော့ စားစရာအခြောက်အခြမ်းတွေကို အခန်းထဲ သိုလှောင်ထားမှာဖြစ်ပြီး အခန်းထဲက အစားအသောက်တွေကိုတော့ ငွေကြေးနွမ်းပါးသူကျောင်းသားတွေက မျှဝေကာ စားသုံးနိုင်မှာဖြစ်ပါတယ်။

unsplash/brandless

ဒုတိယနည်းလမ်းကတော့ မီးဖိုဆောင်ထဲမှာ စေတနာ့လုပ်အားပေးတွေက လိုအပ်နေတဲ့ ကျောင်းသားတွေအတွက် ထမင်းဟင်းချက်ပြုတ်ပြီး အကူအညီပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Food Bank Siswa ပရိုဂရမ်ဟာ ဆင်းရဲနွမ်းပါးပြီး ဆာလောင်မွတ်သိပ်နေတဲ့ ပြည်သူတွေအတွက်လည်း တစ်နိုင်ငံလုံးက ဟိုင်ပါမားကတ်တွေ၊ စူပါမားကတ်တွေနဲ့ ပူးပေါင်းကာ ဆက်လက်အကူအညီပေးသွားဖို့ရှိတယ်လို့ သိရပါသေးတယ်။

READ
ကစားစရာအရုပ်ကို ခေါင်းမှာစွပ်ပြီး သံကြိုးတန်းလန်းနဲ့ ဖျော်ဖြေနေရတဲ့ မျောက်ကလေး

လင်းလင်း (ShweMom)

SHARE