ကမ္ဘာကြီးကိုကာကွယ်ဖို့အတွက် ကလေးလျှော့မွေးကြပါလို့ဆိုလိုက်တဲ့ သိပ္ပံပညာရှင်

Pixabay-Free-Photos

“Climate Emergency” ဆိုတဲ့ခေါင်းစဉ်အောက်မှာ နိုင်ငံပေါင်း ၁၅၃ နိုင်ငံမှ သိပ္ပံပညာရှင်ပေါင်း ၁၁,၂၅၀  ကျော်ကနေပြီး လူမှုနေထိုင်ရေးတွေကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ညစ်နွမ်းမှု အဲဒီကနေမှ ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေကေို သတိထားမိလာစေဖို့အတွက်  လက်မှတ်ထိုးကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်လို့ Insider မှာ ဖတ်ခဲ့ရပါတယ်။

ကမ္ဘာတစ်ခုလုံးစာမကြည့်ရင်တောင်မှ ကျွန်တော်တို့မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာတင် ရေမကြီးတဲ့ဒေတွေကြီးလိုကြီး၊ မြေငလျှင်တွေခဏခဏလှုပ်ပြီး အပူချိန်တွေ ပိုမြင့်လာတာတွေ၊ မုန်တိုင်းတွေခဏခဏဖြစ်လာတာတွေကိုပဲကြည့်ပါ။ လက်ရှိမှာတောင်မှပဲ ဒီလောက်ဆုံးရှုံးနစ်နာမှုတွေ ရှိနေပြီဆိုရင် အနာဂတ်မှာ ဘယ်လိုမျိုးတွေ ပိုဆိုးလာမလဲဆိုတာ မတွေးကြည့်ဘဲနဲ့တောင် ပုံဖော်လို့ရနိုင်နေပါပြီ။

Pixabay-Hermann
Pixabay-girlart39

ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက BioScience ဂျာနယ်မှာ ဒီလိုဆန္ဒထုတ်ဖော်မှုနဲ့ ပူးတွဲပြီး အာဏာပိုင်တွေကို သိတိပေးနှိုးဆော်တဲ့အနေနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ လောက်က ထက်စာရင် အခုအချိန်မှာ ပိုဆိုးသွားခဲ့တဲ့ လေထုညစ်ညမ်းမှုမှတ်တမ်းတွေ၊ အာတိတ်နဲ့ အန္တာတိကတိုက်တို့က ရေခဲတွေအရည်ပျော်မှုကြောင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှု၊ လူဦးရေတိုးပွားလာမှု၊ အပူချိန်တိုးပွားမှု၊ သစ်တောတွေခုတ်မှုတွေ၊ အညစ်အကြေးနဲ့ ကာဗွန်စွန့်ပစ်မှုတိုးပွားလာပုံတွေနဲ့ အကျိုးဆက်အကြောင်းအရာတွေကို နှိုင်းယှဉ်ဖော်ပြခဲ့ပါသေးတယ်။

READ
အရှေ့တောင်အာရှထဲက လေထုအသန့်ရှင်းဆုံးမြို့တွေ ပိုင်ဆိုင်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံ
Pixabay-JuergenPM

ဒါဟာ လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကမ္ဘာမြေကြီးအတွက် ဆိုးကျိုးတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ လူနေမှုဘဝတွေ မြင့်တက်လာလေ၊ ကမ္ဘာကြီးကတော့ လက်ရှိအချိန်အထိ ဥပါတ်ဒဏ်တွေ ခံနေရတာပါ။ ဒီလိုမဖြစ်စေဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီတိုင်း အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဘယ်လိုမျိုး ဖြေရှင်းကြမလဲတဲ့။ ဒီမေးခွန်းရဲ့အဖြေကိုတော့ သဘာဝပတ်ဝန်းကျင်ပညာရှင် William Ripple က အခုလိုပဲ  အချက် ၃ ချက်နဲ့ ဖြေကြားသွားခဲ့ပါတယ်။

(၁) သဘာဝတွင်းထွက်ပစ္စည်းနဲ့လောင်စာတွေကို လျှော့သုံးခြင်း

(၂) ပေါက်လွယ်တဲ့အပင်တွေနဲ့ ပြုလုပ်တဲ့အစားအစာများကိုသာ စားသုံးပေးခြင်း

(၃) ကလေးလျှော့ယူခြင်း

Pixabay-1041483

ဒီ ၃ ချက်ထဲ ကျွန်တော်သဘောကျမိတာကတော့ နံပါတ် ၃ အချက်ပါပဲ။ လူသားတွေရှိလို့ ကမ္ဘာမြေကြီးဟာ ပျက်ဆီးနေတဲ့အချက်ကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။ ပျက်ဆီးအောင်မလုပ်ဖို့ ကလေးတွေကို သင်ရမယ်တို့၊ တို့တွေ ပြောင်းလဲကြမယ်လို့သာပြောတယ်။ အခု ၂၀၁၉ ခုနှစ်ကုန်လို့ ၂၀၂၀ ထဲတောင် ရောက်ပါတော့မယ်။ လူတွေရဲ့ စိတ်ဓာတ်နဲ့ အကျင့်စရိုက်က မပြောင်းလဲသွားခဲ့ပါဘူး။ ဥပမာ အမှိုက်ကိုစနစ်တကျစွန့်ပစ်ခြင်း၊ ပလတ်စတစ်အိတ် မသုံးခြင်းကစလို့ပေါ့။

READ
ချောသူတွေကိုပဲ အနားအကပ်ခံတယ်ဆိုတဲ့အချက် အပါအဝင် ကြက်တို့ရဲ့လျှို့ဝှက်ချက် ၁၀ ခု

အများစုဟာ ပြောင်းလဲဖို့ စိတ်ဆန္ဒမရှိတဲ့အတွက် သူတို့က မွေးလာတဲ့ ကလေးတွေဟာဆိုရင်လည်း များသောအားဖြင့် မိဘတွေအတိုင်း ကမ္ဘာမြေကြီးကို ဆက်လက်အကျိုးယုတ်နေဦးမယ်ဆိုရင်.. နောက် လူဦးရေတိုးပွားလာတာနဲ့အမျှ ကုန်ပစ္စည်းထုတ်မှုတွေ ပိုများလာမယ်၊ နောက်ဆက်တွဲ စက်ရုံကထွက်တဲ့ ဓာတုပစ္စည်းတွေနဲ့ လေ၊ မြေနဲ့ ရေပြင်တွေကို ဖျက်ဆီးမယ် စသဖြင့်ပေါ့။ ဒါကြောင့် ပညာရှင် William Ripple အနေနဲ့ အခုလိုမျိုး အကြံပေးခဲ့ဟန်တူပါတယ်။

နောက်၂ ချက်ကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှင့်စေတဲ့ လုပ်ငန်းတွေမှ ထုတ်ကုန်တွေကို ဈေးတင်လိုက်တာမျိုးတွေ၊ သစ်ပင်စိုက်တာမျိုးတွေဟာလည်း အထောက်အကူဖြစ်စေပါတယ်တဲ့။

Pixabay-MemoryCatcher

Penny

SHARE