ညီအစ်မရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာအကျိုးရှိပြီး အမှန်တကယ်စိတ်ချမ်းသာစေတယ်တဲ့

1494202/pixabay

ဒီတွေ့ရှိချက်ကိုတော့ Brigham Young University မှ ပါမေက္ခ Laura Padilla-Walker မှ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

မွေးချင်းတွေသို့မဟုတ် အရင်းနှီးဆုံး ဝမ်းကွဲမောင်နှမတွေရှိခြင်းဟာ မိဘတွေမပေးနိုင်တဲ့ နွေးထွေးမှုမျိုး၊ ရင်းနှီးပြီး လွတ်လပ်တဲ့စိတ်ခံစားချက်မျိုးတွေကို ပေးနိုင်တဲ့အတွက် မိဘထက်ပိုပြီး ရင်းနှီးရသူတွေအဖြစ် တော်တော်များများရဲ့ စိတ်ထဲသတ်မှတ်ထားလေ့ရှိကြပါတယ်။ အဲဒီအထဲကမှ သဘာဝအရ ချစ်ခင်နွေးထွေးမှုတွေ ပိုစေခဲ့တဲ့ မိန်းကလေးတွေအချင်းချင်း၊ ညီအစ်မအချင်းချင်းဆိုရင်တော့ သူတို့ကြားထဲက သံယောဇဉ်နှောင်ကြိုးဟာ တခြားမောင်နှမ သို့မဟုတ် ညီအစ်ကိုတွေထက်ကိုပိုပြီး အကဲပိုစေမှာပါ။

Pexels/pixabay

တစ်ခါတစ်လကိုယ်ဖြစ်ပျက်သမျှတွေကို မိဘကိုရော၊ သူငယ်ချင်းတွေကိုရောကိုပါ မပြောပြချင်တဲ့အခါမျိုးမှာ ကိုယ့်အစ်မ ဒါမှမဟုတ် ညီမကို နှစ်ကိုယ်ကြားပြောပြလိုက်တဲ့အခါမျိုးမှာ စိတ်ပေါ့ပါးရုံသာမကဘဲ တစ်ခါတစ်ရံ အကြံဥာဏ်ကောင်းတွေပါ ရတတ်ပါသေးတယ်။ တစ်ယောက်အကြောင်း တစ်ယောက်မသိသလိုသာ ဟန်ဆောင်နေကောင်း ဟန်ဆောာင်နိုင်ပေမယ့် တကယ်တမ်းတော့ တစ်ယောက်အကြောင်း တစ်ယောက်ကို စိတ်ထဲ ထဲထဲဝင်ဝင်သိထားတတ်ကြတာလည်း ညီအစ်မတွေပါပဲ။

READ
သုတေသနစာတမ်းကို Rap ရွတ်ခဲ့တဲ့ ဟားဗတ်တက္ကသိုလ်ကျောင်းသား

ညီအစ်မတွေရှိခြင်းဟာ အထီးကျန်မှုတွေ၊ မေတ္တာတရားတွေ၊ ယုံကြည်မှုကင်းမဲ့တာတွေနဲ့ မသိမသာကင်းဝေးစေနိုင်ပြီး မိန်းမချင်းဖြစ်တဲ့အတွက် တစ်ယောက်က ပြဿနာတက်တဲ့အခါ တခြားတစ်ယောက်က ကိုယ်ချင်းစာစိတ်ရှေ့ထားကာ ဘယ်လောက်ပဲ အမြင်မှာမတည့်ဘူးပြောပြော အရေးကြုံလာရင်တော့ သွေးစည်းလုံးကြသူတွေချည်းပဲဖြစ်ပါတယ်။

cherylholt/pixabay

ညီအစ်မရှိခြင်းဟာ စိတ်ပိုင်းဆိုင်ရာအရ ကောင်းကျိုးတွေကိုသာ ခံစားရနိုင်ရုံသာမကဘဲ အချင်းချင်း တစ်ယောက်ရဲ့ကိုယ်ပိုင်မန်နေဂျာတစ်ယောက်လို၊ ဖက်ရှင်အကြံပေးတစ်ယောက်လို၊ သူနာပြုတစ်ယောက်လို၊ မိခင်တစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို၊ အခက်အခဲတွေကို ဆွေးနွေးတိုင်ပင်လို့ရမယ့် therapist တစ်ယောက်လို၊ သွားဖော်သွားဖက် စားဖော်စားဖက်တစ်ယောက်လိုမျိုးအဖြစ်လည်း အားကိုးနိုင်ပါသေးတယ်နော်။

မွေးချင်းတွေရဲ့ သံယောဇဉ်အဖြစ်ဆုံး အသက်အပိုင်းကခြားကတော့ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြား အချိန်တွေဖြစ်ပြီး အဲဒီအချိန်မှာသာ အချင်းချင်း ချစ်ချစ်ခင်ခင်ရှိနေတတ်ခဲ့ရင် တစ်သက်လုံး စည်းစည်းစည်းလုံးလုံးနဲ့ ချစ်ခင်နေကြမှာ မလွဲသေချာပါပဲတဲ့။

jty11117777/pixabay

Penny

SHARE