သားရဲတိရစ္ဆာန်တွေဆိုတာ သူတို့စားရမယ့် အစာတွေ့ရင် စားကို စားရမှ ကျေနပ်တဲ့ သတ္တဝါတစ်မျိုးပါပဲ။ ဥပမာ- စွန်ရဲတို့၊ သိမ်းငှက်တို့ဆိုရင် မြေပြင်ပေါ်မှာ သွားနေတဲ့ တိရစ္ဆာန်ငယ်လေးတွေကို အမြဲတစ်မျက်ခြေမပြတ် ဝေဟင်ပေါ်မှာ ပျံသန်းပြီး စောင့်ကြည့်နေတတ်တဲ့ ငှက်တွေပါ။ မြေပြင်ပေါ်က တိရစ္ဆာန် ရပ်နေတဲ့ အချိန် ဒါမှမဟုတ် အလစ်ငိုက်တဲ့ အချိန်မျိုးမှာမှ ကောင်းကင်ကနေ တစ်ဟုန်ထိုး ပျံလာပြီး သူတို့လက်သည်းတွေနဲ့ အဲဒီအကောင်ငယ်လေးတွေကို သုန်ချီသွားတတ်တာပါ။ အခုပြောပြချင်တဲ့ သိမ်းငှက်လေးတစ်ကောင်ကတော့ မြက်ခင်းပေါ်က ဘဲရုပ်ကို အစာထင်ပြီး ဆင်းလာကြည့်ကာမှ ထင်ထားတဲ့အတိုင်း မဟုတ်မှန်း သိသွားတဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

အဆိုပါ ပလတ်စတစ်ဘဲရုပ်ကို မြေပြင်ပေါ်မှာ ထားထားတဲ့ သူကတော့ Garybob အမည်ရ Youtuber တစ်ယောက် ဖြစ်ပါတယ်။ Garybob ဟာ ဒီဘဲရုပ်ကို ဒီအတိုင်း မြေပြင်ပေါ်မှာ ချထားပြီး ဘယ်တိရစ္ဆာန်က လာစားမလဲဆိုတာကို ဗီဒီယိုရိုက်ကူးပြီး စောင့်ကြည့်နေခဲ့တာပါ။ Garybob တစ်ယောက် အဆိုပါဘဲရုပ်ကို မြက်ခင်းပေါ်ထားပြီး သိပ်မကြာခင်အချိန်မှာ သိမ်းငှက်လေးတစ်ကောင်ဟာ သူစားရမယ့် အစာတွေ့ပြီဆိုပြီး ဝမ်းသာအားရနဲ့ ဘဲရုပ်အနားကို ရောက်ရှိလာခဲ့ပါတယ်။ သာမန် အချိန်မှာ သိမ်းငှက်တစ်ကောင် ဘဲတစ်ကောင်ရဲ့ အနားကို ရောက်လာတာနဲ့ ထွက်ပြေးတတ်တာ ဘဲတွေရဲ့ သဘာဝပါပဲ။ ဒါပေမယ့် သိမ်းငှက်လေးဟာ သူအနားရောက်လာသည့်တိုင်အောင် ဒီအတိုင်း ငြိမ်နေတဲ့ ဘဲရုပ်ကိုကြည့်ပြီး ဇဝေဇဝါ ဖြစ်ခဲ့ပုံပါပဲ။


အဲဒီအနောက်မှာတော့ အဆိုပါ သိမ်းငှက်လေးဟာ ဘဲရုပ်အနားကို သေသေချာချာ သွားကြည့်ပြီး ဘဲရုပ်ရဲ့ ခေါင်းကို ခြေသဲနဲ့ ကုတ်ခဲ့ပါတယ်။ အဲဒီအချိန်အထိ ဘဲရုပ်ဟာ ဒီအတိုင်းငြိမ်နေတာကြောင့် အဆိုပါ သိမ်းငှက်ရဲ့စိတ်ထဲမှာ တော်တော်လေးကို ရငပ်ထွေးနေခဲ့ဟန် တူပါတယ်။ အဲဒီအနောက်မှာတော့ ဘဲရုပ်ကို အတောင်ပံနဲ့ ရိုက်ကြည့်လိုက်၊ ခြေသည်းနဲ့ဆိတ်လိုက် လုပ်ကြည့်နေခဲ့ပြီး ဘဲဖက်ကနေပြီးတော့ reaction တစ်ခုခု ပြန်လုပ်လာဖို့ကို မျှော်လင့်နေခဲ့ပုံပါပဲ။ ဒါပေမယ့် ဘဲအရုပ်ဖက်ကနေ ဘာမှတုံ့ပြန်မှု မရှိခဲ့တာကြောင့် နောက်ဆုံးမှာ အဆိုပါ သိမ်းငှက်ဟာ အတောင်ဖြန့်ပြီး အဝေးဆုံးကို ပျံသန်းသွားခဲ့ပါတော့တယ်။
Pyi Hein Kyaw