သမီးငယ်လေးရဲ့ နို့သောက်ပြီးတဲ့ ချစ်စရာအမူအရာလေးတွေကို အတုခိုးဖန်တီးခဲ့တဲ့ အမျိုးသား

instagram/hijosh

ကလေးမချစ်တတ်သူဆိုတာ ခပ်ရှားရှားရယ်ပါ။ လူတွေဟာ လူသားတွေက မွေးတဲ့ ရင်သွေးငယ်လေးတွေပဲဖြစ်ဖြစ်၊ တိရစ္ဆာန်လေးတွေက မွေးတဲ့ ရင်သွေးငယ်ငယ်လေးတွေပဲ ဖြစ်ဖြစ် ချစ်ကြပါတယ်။ မွေးကင်းစကလေးငယ်လေးတွေရဲ့ အမူအရာလေးတွေဟာ သူတို့ဘယ်လိုပဲနေနေ ချစ်စရာကောင်းလွန်းပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အမူအရာလေးတွေအတိုင်း လူကြီးတွေက လိုက်လုပ်တဲ့အခါမှာတော့ ချစ်စရာမကောင်းပေမယ့် ရယ်တော့ ရယ်ရပါတယ်။

အခုအခါမှာတော့ အွန်လိုင်းပေါ်က ဟာသပညာရှင် ဂျော့ရှ်ရဲ့ ပုံရိပ်တွေကို Boredpanda ကနေတစ်ဆင့် ဖော်ပြပေးလိုက်ပါတယ်။ ဂျော့ဂ်ျဟာ သူ့ရဲ့ (၇) လသားအရွယ် သမီးလေး နို့စို့တဲ့အခါ ဖြစ်ပေါ်လာတဲ့ အမူအရာလေးတွေကို လိုက်အတုခိုးပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဂျော့ဂ်ျရဲ့ ဗီဒီယိုဟာ (၆) ရက်တည်းနဲ့ အကြိမ်ပေါင်း (၄၃) သန်း ကြည့်ရှုခံခဲ့ရတာ ဖြစ်ပါတယ်။ ဗီဒီယိုလေးက ချစ်စရာလည်း ကောင်းသလို ရယ်လည်းရယ်ရပါတယ်။

READ
စတိုးဆိုင်က ဖက်ရှင်မောင်အရုပ်ကို အစ်ကိုဖြစ်သူနဲ့ အမှတ်မှားခဲ့တဲ့ မိန်းကလေး
instagram/hijosh

ဂျော့ရှ်ဟာ ထူးဆန်းပြီး ပျော်စရာကောင်းတဲ့ ဗီဒီယိုအတိုလေးတွေ တင်တယ်ဆိုပြီး လူသိများပါတယ်။ သူက “ကျွန်တော်က တခြား ဗီဒီယိုတင်တဲ့သူတွေနဲ့ နည်းနည်းတော့ ကွာပါတယ်။ ကျွန်တော်လုပ်သမျှ ဗီဒီယိုတိုင်းက ထူးထူးခြားခြားလေးတွေဖြစ်တဲ့အတွက် လူတွေအနေနဲ့ ကျွန်တော်ဘာထလုပ်မလဲဆိုတာ ခန့်မှန်းလို့ မရပါဘူး။ ကျွန်တော်ကတော့ စိတ်ထဲမှာ ပေါ်လာတဲ့အတိုင်း ဖန်တီးရတာကို သဘောကျတယ်…” လို့ ဆိုခဲ့ပါတယ်။

အွန်လိုင်းဟာသသမားတစ်ယောက်ဖြစ်တဲ့ ဂျော့ရှ်ဟာ (၂၀၀၇) ခုနှစ်ကတည်းက ဗီဒီယိုတွေ ဖန်တီးနေခဲ့တာဖြစ်ပြီး အခုလောက် ပရိသတ်ရဖို့ နှစ်အကြာကြီး စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ (၂၀၀၇) ခုနှစ်တုန်းက ပြုလုပ်တဲ့ ပထမဆုံးဗီဒီယိုကတော့ ဂျော့ရှ်ဟာ ၀တ်စုံပြည့်ဝတ်ပြီး ပူဖောင်းရေချိုးကန်ထဲမှာ ချောကလက်နို့ (၃) လီတာ သောက်ပြတဲ့ ဗီဒီယို ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီတုန်းကတော့ ကြည့်ရှုသူ သိပ်မရှိခဲ့ပါဘူး။

READ
ထိုင်းနိုင်ငံက အရယ်ရဆုံး တီဗွီရုပ်သံကြော်ငြာများ

ဒီလိုနဲ့ ဗီဒီယိုတွေ တင်ရင်း ကြိုးစားရင်းနဲ့ (၁၀) နှစ်ကျော်ကြာအပြီးမှာ အခုလို အောင်မြင်မှုရရှိခဲ့တာပါ။ “ကျွန်တော်က လူတွေကို ကျွန်တော့်ဗီဒီယိုလေးတွေကြည့်ပြီး နည်းနည်းတော့ ပျော်စေချင်တယ်လေ။ ကျွန်တော်က ရှက်တတ်တဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် ဗီဒီိယိုလေးတွေ လုပ်ပြီးတဲ့အခါမှာတော့ ကျွန်တော်လည်း ဖြည်းဖြည်းချင်း ရဲတင်းလာတာ….” လို့လည်း ဂျော့ရှ်က ပြောပြခဲ့ပါတယ်။ ဂျော့ရှ်ဟာခုလို အွန်လိုင်းပေါ် မကျော်ကြားခင်မှာ သင်းအုပ်ဆရာတစ်ဦး ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

instagram/hijosh

လင်းလင်း (ShweMom)

SHARE