(၁၅)မိနစ်အတွင်း ကဒ်တွေထဲက ပိုက်ဆံတစ်ပြားမကျန် အခိုးခံလိုက်ရတဲ့ အမျိုးသား

Freepik/upgradepoints

လူတိုင်းနီးပါး ပိုက်ဆံအိတ်ပျောက်သွားခဲ့ရင် ကိုယ့်အိတ်ထဲက ကျန်ခဲ့တဲ့ ဘဏ်ကဒ်တွေကို စိတ်ပူပြီး ဘဏ်သွားကာ ကဒ်တွေကို အကောင့်ပိတ်ကြတတ်ပါတယ်။ ပြီးမှကဒ်အသစ်လုပ်တတ်ကြပါတယ်။ ဒါပေမယ့် မလေးရှားနိုင်ငံက အမျိုးသားကတော့ တော်တော်ကံဆိုးသွားပုံပါပဲ။

Lam Kok Kuen လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ ပိုက်ဆံအိတ်ပျောက်သွားတယ်ဆိုတာ သိသိချင်း ဘဏ်ကိုဖုန်းဆက်ကာ ကဒ်တွေကို အကောင့်ပိတ်ဖို့ ကြိုးစားခဲ့ပါတယ်။ ကံဆိုးသွားတာက သူ့ကဒ်တွေထဲက မလေးရှား ရင်းဂစ် သိန်း၇၀ကျော်ကို တစ်ယောက်ယောက်က အကုန်ထုတ်ယူသွားခဲ့ပါတယ်။ “ကျွန်တော့်ပိုက်ဆံအိတ်ကို ကျွန်တော်စားသောက်ဆိုင်မှာ မေ့ကျန်ခဲ့တာ သတိရရချင်း ပြန်သွားခဲ့တယ်။ ၁၅မိနစ်ပဲကြာပါတယ်။ စားသောက်ဆိုင်မှာများကျန်ခဲ့မလား သွားပြန်ရှာတာပါ” လို့ Lam ပြောကြားခဲ့ကြောင်း AsiaOne သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Twitter/Lam

စားသောက်ဆိုင်က အလုပ်သမားတွေကတော့ အိတ်ကို သတိမထားမိကြောင်း ပြောခဲ့ပါတယ်။ ဒါနဲ့ Lamဟာ ဘဏ်ကို ဖုန်းဆက်ပြီး ကဒ်တွေကို ပိတ်ဖို့ ပြောခဲ့ကြောင်း သိရှိရပါတယ်။ Lam ဟာ Ipoh မြို့က စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ဖြစ်ပြီး သူ့မိသားစုကို တွေ့ဖို့အလည်လာတာဖြစ်ကြောင်း သိရှိရပါတယ်။ ဖုန်းဆက်ပြီးတာနဲ့ချက်ချင်း Lam ဟာ ဘဏ်ကို သွားရောက်ခဲ့ပါတယ်။ “ဘဏ်လဲရောက်ရော ကဒ်ထဲက ပိုက်ဆံတွေ အကုန်ထုတ်ဖို့ လုပ်နေတဲ့အချိန်မှာ ဘဏ်က ပြောလိုက်တဲ့ စကားကြောင့် ကျွန်တော်တော်တော် ရှောခ့်ရသွားပါတယ်။ သူတို့ပြောတာ ကျွန်တော့် ကဒ်ထဲမှာ ပိုက်ဆံတွေ တစ်ပြားမှ မရှိတော့ဘူးတဲ့” လို့ Lam ကပြောကြားခဲ့ပါတယ်။

READ
မြို့ခံတွေကို အံ့အားသင့်စေခဲ့တဲ့ စင်္ကာပူနိုင်ငံ ကာလန်းမြစ်ထဲက အခေါင်း(၂) လုံး

“ ပိုက်ဆံတွေကို နေ့လည် ၁၂နာရီ ၄၃မိနစ်နဲ့ ၁၂နာရီ၅၀မိနစ်ကြားထဲ အကုန်ထုတ်သွားတာဗျ။ အဲဒီပိုက်ဆံတွေက ကျွန်တော့် ဆိုင်က အလုပ်သမားတွေကို လခပေးဖို့နဲ့ ဆိုင်အသုံးစရိတ်အတွက်ပါ။ အခုလက်ရှိတော့ ကျွန်တော်ရဲတိုင်ထားပါတယ်” လို့ Lam က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE