3 နှစ်အရွယ်က လက်ထပ်ဖို့ပြောခဲ့သူကို နှစ်ပေါင်း 20 အကြာမှာ တကယ်လက်ထပ်ခဲ့သူ

ကလေးကတိဆိုပေမယ့် တည်အောင်ကြိုးစားခဲ့သူတွေ အများကြီးရှိပါတယ်။ ဒီအထဲမှာမှ အချစ်ဆိုတဲ့ အဓိပ္ပါယ်မသက်ရောက်သေးပေမယ့်၊ ကလေးဘ၀ကတည်းက အတူတူကြီးပြင်းခဲ့တဲ့ ကလေးမလေးကို ငါကြီးရင် နင့်ကိုပဲ လက်ထပ်မှာလို့ ပြောခဲ့ဖူးသူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါဟာ နှစ်ယောက်သား အလွန်ရင်းနီးချစ်ခင်ရာက ထွက်ကျလာတဲ့ စကားလုံးပါဘဲ။

ဒါပေမယ့် အဲဒီစကားလုံးတစ်လုံးဟာ ပြောသူနဲ့ ကြားရသူအတွက် ဒီစကားလုံးကို ဘယ်လောက်အထိ တန်ဖိုးထားသလဲဆိုတာပေါ်မှာ မူတည်ပြီး၊ အဓိပ္ပါယ်ဘယ်လောက်ရှိသလဲ၊ အဓိပ္ပါယ်ဘယ်လောက်လေးနက်သလဲဆိုတာ နောင်မှ သိနိုင်မယ့် မသေချာမရေရာတဲ့ ကတိစကားတစ်ခုပါဘဲ။ ဒီလို မသေချာမှုတွေကို သေချာအောင် လုပ်နိုင်ခဲ့သူကတော့ Matt Grodsky လို့ အမည်ရတဲ့ အမျိုးသားပါ။

Matt နဲ့  Laura Scheele တို့ဟာ ငယ်ငယ်ကတည်းက အိမ်နီးနားချင်း၊ ကစားဖော်ကစားဖက်၊ အတူတူ ကြီးပြင်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ 3 နှစ်အရွယ်မှာ Matt က မိဘတွေရှေ့မှာပင် ” သားကြီးလာတဲ့အခါ  Laura ကိုပဲ လက်ထပ်မှာ “လို့ ပြောတုန်းက နှစ်ဘက်မိဘတွေက ဟားတိုက်ရယ်မောခဲ့ကြပါသေးတယ်။ တကယ်လည်း ကလေးတစ်ယောက်ရဲ့ မပီကလာ ပီကလာ စကားလေးဟာ ရယ်စရာပါဘဲ။

READ
နောက်ဆုံးပေါ်ပြိုင်ကားများကို ရောင်းချပေးမဲ့ စကာင်္ပူနိုင်ငံမှ ကားအရောင်းစက်

သူတို့ဟာ ကျောင်းအတူတူသွား၊ အတူတူပြန်၊ အတူတူကစား၊ အတူတူစား၊ သံယောဇဉ်တွေ နှစ်ရှည်သလောက် ခိုင်မာလာခဲ့ကြပါတယ်။ အထက်တန်းကျောင်းရောက်တဲ့အခါမှာလည်း အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး၊ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့သာ ပေါင်းသင်းခဲ့ကာ၊ တစ်ယောက်ကိုတစ်ယောက် အရိပ်အခြေ မပျက်ကြပါဘူး။

အထက်တန်းကျောင်းပြီးသွားတော့ နှစ်ယောက်သား မတူညီတဲ့ကျောင်း၊ မတူညီတဲ့ နယ်ပယ်တွေကို ရောက်ကုန်ကြပါတယ်။ ဒါပေမယ့် သူတို့ အကြာကြီး ခွဲမနေနိုင်ကြပါဘူး။ နှစ်ပတ်အကြာမှာ နှစ်ဦးသား ပြန်တွေ့ကြပြီး၊ အလွမ်းတွေ၊ အဆွေးတွေကို ဖောက်သည်ချခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ နှစ်ယောက်သား ချစ်သူဘ၀ကို ရောက်ခဲ့ပြီး၊ ဒုတိယမ္ပိ လက်ထပ်ကတိစကားကို Matt က ပြောခဲ့ပါတယ်။

ဒီအချိန်မှာ နှစ်ဦးစလုံးက အသက် 23 နှစ် ထဲကိုရောက်ပြီး တက္ကသိုလ်ကျောင်းသားကြီးတွေ ဖြစ်နေကြပါပြီ။ ယင်းနောက် မကြာခင်မှာပဲ Matt နဲ့ Laura တို့ဟာ မတူညီတဲ့ အသားအရောင်တွေကြားမှာ တူညီတဲ့ ဖြူစင်ချစ်ခြင်းမေတ္တာတွေ အရင်းခံပြီး၊ လူကြီးမိဘစုံလင်စွာဖြင့် စည်ကားသိုက်မြိုက်တဲ့ လက်ထပ်ပွဲကို ဆင်နွှဲနိုင်ခဲ့ပါတယ်။ ချစ်တဲ့သူတွေ ပေါင်းကြပါစေကြောင်း။

READ
ကျေးဇူးရှင်အတွက် ရည်စူးပြီး သာသနာ့ဘောင်ဝင်ခဲ့ကြတဲ့ မယ်ဆိုင်ဂူ ထိုင်းလူငယ်လေးများ

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE