မေတ္တာမှန်ရင် ဆုံစည်ရတယ်ဆိုတာကို သက်သေပြခဲ့တဲ့ စုံတွဲ

ဘ၀မှာ လူတွေဟာ အကြောင်းပြချက်တစ်ခုနဲ့ တစ်ယောက်အတွက် တစ်ယောက်ဖြစ်တည်လာခဲ့ ကြတယ်လို့ ပြောကြတာတွေရှိပါတယ်။ အခုဖော်ပြပေးချင်တဲ့ လူနှစ်ယောက်ကတော့ ငယ်ငယ်ကတည်းက ကစားဖော်ဖြစ်ခဲ့သလို အနာဂတ်မှာလည်း လက်တွဲဖော်တွေ ဖြစ်လာခဲ့ကြပါတယ်။

Mykenzie Ke’alohilani Helmick

Mykenzie Lane နဲ့ သူမရဲ့ ချစ်သူ Brandon Helmick ဟာ အသက် (၁၂) နှစ်အရွယ်ကတည်းက တွေ့ဆုံခဲ့ကြတာပါ။ အရွယ်ရောက်လာတော့လည်း ချစ်သူတွေ ဖြစ်လာခဲ့ကြပြီး Las Vegas မြို့က ဂီတပွဲမှာ ဖြစ်ပွားခဲ့တဲ့ လူ(၅၈) ဦးသေဆုံးခဲတဲ့ ပစ်ခတ်မှုမှလည်း အတူအသက်ရှင် လွတ်မြောက်ခဲ့ကြတယ်။

ဒီဖြစ်ပွားမှုမှာ Lane တစ်ယောက် ခြေထောက်ကို ထိမှန်းသွားခဲ့ရတယ်။ ဒီအချိန်မှာ သူ့ချစ်သူက သူမဟာ သူ့ရဲ့ အရာရာဆိုတာကို သူ့ခန္ဓာကိုယ်ကိုရင်းကာ အသက်ပေး အကာအကွယ်ပြီး သက်သေပြခဲ့တယ်။ ဒဏ်ရာကြောင်း မပြေးနိုင်တော့တဲ့ သူမကိုလည်း ကုန်းပိုးပြီး အနီးက Uber တက်စီပေါ်တင်ပြီး ဆေးရုံကို ပို့ပေးခဲ့တယ်။

READ
ကမ္ဘာ့ညှို့အားအပြင်းဆုံး မိုးလေ၀သ တင်ဆက်သူကိုယ်တိုင် ဖွင့်ဟခဲ့တဲ့ သူမရဲ့ပြောင်းလဲပုံ
Mykenzie Ke’alohilani Helmick

ဒီလို အတူတူ အသက်ရှင် လွတ်မြောက်ပြီးတဲ့ နောက်မကြာခင်မှာပဲ Helmick ကသူမကို California ပြည်နယ်က Laguna ကမ်းခြေမှာ နှင်းဆီပန်းတွေကို အသည်းပုံဖော်ပြီး ရိုမန်းတစ်ဆန်ဆန်နဲ့ လျှပ်တစ်ပြက် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Mykenzie Ke’alohilani Helmick
Mykenzie Ke’alohilani Helmick

Lane အနေနဲ့လည်း ဘ၀မှာ အမြဲသူမအတွက် အားပေးထောက်ကူမှုတွေ ပေးနေတဲ့ အမျိုးသားတစ်ယောက်ကို ပိုင်ဆိုင်ရတော့မှာမို့ ပျော်ရွှင်ကြည်နူးရတာပေါ့။ “ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အကြာကြီး ခွဲမနေနိုင်ကြပါဘူး၊ အထူးသဖြင့် ညဆို အတူတူရှိကြတာများတယ်” လို့ သူတို့ရဲ့ Relationship နဲ့ ပတ်သက်လို့ ပြောပြပါတယ်။

Mykenzie Ke’alohilani Helmick

အခုဆို သူတို့ဟာ ပျော်ရွှင်စွာနဲ့ မင်္ဂလာလက်ထပ်ပွဲကို ဆင်နွှဲခဲ့ကြပါပြီ။ မင်္ဂလာရက်မြက်ကို သြဂုတ် (၆) ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး Lane အနေနဲ့လည်း မျိုးရိုးနာမည်အသစ်တာအတွက်လည်း ဂုဏ်ယူဝမ်းမြောက်နေပါတယ်။ အချစ်ဆက်နွှယ်မှုက ကမ္ဘာကြီးထက် ပိုပြီး အဓိပ္ပာယ်ရှိတယ်ဆိုတာကို ဖော်ပြနေတဲ့ ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။

READ
မြန်မာတွေပြင်ဆင်သင့်သော စိတ်ဓာတ်များ
Mykenzie Ke’alohilani Helmick

တစ်ယောက်နဲ့ တစ်ယောက် အသက်စွန့်ချစ်ခဲ့ကြတယ်၊ ဒီလိုစစ်မှန်တဲ့ မေတ္တာက ဒီနေ့ ဒီလိုအချိန်မှာ သူတို့နှစ်ယောက် အခုလို စိတ်ချမ်းမြေ့စရာတွေ ဖြစ်လာစေခဲ့တယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမလိုဘူးထင်ပါတယ်။ သူတို့ နှစ်ယောက်အတွက်လည်း သိပ်ကို ဂုဏ်ယူမိပါတယ်။

Source: Fabiosa

Matthew (ShweMOM)

SHARE