စစ်တိုက်ခြင်းထက် ပြဇာတ်ရေးခြင်း ပန်းချီရေးခြင်းတို့မှာ ပိုပြီးဝါသနာထုံခဲ့တဲ့ ဟစ်တလာ

Twitter/JOE KLAMAR

ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တယ်လို့ အများက ယုံကြည်လက်ခံကြတဲ့ အဒေါ့ဟစ်တလာဟာ ပင်ကိုယ်က ရက်စက်ကြမ်းကြုတ်သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူဟာ စစ်တိုက်ခြင်းထက် ပြဇာတ်ရေးခြင်းနဲ့ ပန်းချီဆွဲခြင်းကို ပိုပြီးဝါသနာထုံခဲ့ပါတယ်။ သူဟာ အနုပညာဘက်မှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားအားထုတ်ခဲ့ပေမယ့် အသိအမှတ်ပြုမှု မရခဲ့ပါဘူး။

သူဟာ ကမ္ဘာ့အရက်စက်ဆုံး စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေ မကျူးလွန်ခင်မှာ အော်ပရာတစ်ပုဒ်ရေးဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။ အခု သူမအောင်မြင်ခဲ့တဲ့ အော်ပရာပုံကြမ်းနဲ့ လူသိနည်းခဲ့တဲ့ ပန်းချီလက်ရာတွေကို သြစတီးယားက လက်မှုပန်းချီပြပွဲမှာ ထည့်သွင်းပြသခဲ့ပါတယ်၊

Wikiemedia Commons

ပြပွဲနာမည်ကိုတော့ “ဟစ်တလာ ငယ်ငယ်၊ အာဏာရှင်ကို ပုံသွင်းခဲ့တဲ့ နှစ်ကာလများ”ဖြစ်ပြီး၊ Sankt Poelten မြို့မှာ ဖေဖော်ဝါရီ (၂၉)ရက်က ဖွင့်လှစ်ပြသခဲ့တာပါ။ အဲဒီပြပွဲမှာ ဟစ်တလာဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေ များစွာ ပါဝင်ပြီး၊ ဒီစုဆောင်းမှုတွေကိုတော့ ဟစ်တလာနဲ့ အလွန်ရင်းနီးခဲ့တဲ့ August Kubizek အမည်ရ မိတ်ဆွေက စုဆောင်းသိမ်းဆည်းထားတာဖြစ်ကြောင်း The Sun သတင်းစာ ဘ၀က ဖော်ပြခဲ့ပါတယ်။

August ဟာ ဒီလက်မှုပစ္စည်းတွေကို (၁၉၀၇)ခုနှစ်ကနေ (၁၉၂၀)အထိ သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။ ပြပွဲတာဝန်ခံတစ်ဦးဖြစ်တဲ့ Christian Rapp က ခင်းကျင်းပြသတာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဟစ်တလာရေးခဲ့တဲ့ “Wieland the Smith”အမည်ရ ပြဇာတ်ဖြစ်တယ်လို့ ဆိုပါတယ်။

Wikiemedia Commons

ဟစ်တလာဟာ ထိုစဉ်တုန်းက ကမ္ဘာကျော်တေးပြုဆရာ Richard Wagner ရဲ့ ပရိသတ်တစ်ဦး ဖြစ်ခဲ့ပြီး၊ စန္ဓယားသင်တန်း တက်လို့ သိပ်မကြာမီမှာ ဒီကိုယ်ပိုင်အော်ပရာကို စတင်ရေးသားခဲ့တာပါ။ သူ ဘယ်လောက်အထိ ခရီးပေါက်ခဲ့တယ်ဆိုတာ မသိရပေမယ့် စာတစ်မျက်နှာသာ ကောင်းကောင်း ကျန်ပါတော့တယ်။ နားလည်သလောက် ပြောရရင် သီးချင်းနုတ်တွေနဲ့ ကကွက်ဖန်တီးထားပုံရပါတယ်

Twitter/JOE KLAMAR

ဒါပေမယ့် ဟစ်တလာရဲ့ အနုပညာဗီဇဟာ ပေါက်ပေါက်မြောက်မြောက် မရှိခဲ့သလို၊ ဒီအတွက် သူဟာ တစ်ခြားလူတွေကို အနုပညာကို ကောင်းကောင်းမခံစားတတ်သူတွေအဖြစ် အပြစ်ရှာခဲ့သလို၊ သူကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို အားမလိုအားမရနဲ့ သိမ်ငယ်ခဲ့ပါတယ်။

Rapp က “ တစ်ခုခု မှားတိုင်း … သူက တစ်ခြားလူကို အပြစ်လွှဲချလေ့ရှိတယ် … သူ့အမှားမဟုတ်ဘူးလို့လည်း အငြင်းသန်တယ်လေ ”လို့ ပြောပါတယ်။ သူရဲ့စွမ်းရည်ပိုင်း ဖောင်းပွမှုတွေဟာ များပြားလှစွာသော ကြိုးစားအားထုတ်မှုတွေကို အချည်းအနှီးဖြစ်စေခဲ့ပါတယ်။ တကယ်လို့သာ အဆုံးအစွန်မဟုတ်တောင် အနုပညာဘက်မှာ အနည်းငယ် အောင်မြင်ခဲ့လျှင်တောင်မှ သမိုင်းဆိုးကြီး ဖြစ်လာဖို့မရှိဘူးလို့ Rapp က ယုံကြည်ခဲ့ပါတယ်။

Wikimedia Commons

ဟစ်တလာရဲ့ ခပ်ချော်ချော်အတွေးအခေါ်တွေဟာ အနုပညာနဲ့ပတ်သက်ရင် လူ့အဖွဲ့အစည်းတစ်ခုက လက်ခံဖို့အတွက် အချိန်တွေက နှောင်းခဲ့တယ်၊ ဒါမှမဟုတ် အချိန်တွေက ရှည်လျှားလွန်းခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရေးထိုးခဲ့တဲ့ သမိုင်းဆိုးဟာ ဘယ်တော့မှ ပြန်ပြင်လို့ မရပါဘူး။

ဟစ်တလာ အနုပညာဘက်မှာ မအောင်မြင်ခဲ့ခြင်းဟာ သူ လူကြမ်းကြီးဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းအရင်းခံ ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ဒါတွေက Rapp က ယူဆထားတာဖြစ်ပြီး၊ တစ်ခြားတစ်ဘက်က ဖြစ်တန်ခြေကို တွေးရင်လည်း၊ သူ့စိတ်ထဲမှာ ယခင်ကတည်းက ကိန်းအောင်းခဲ့တဲ့ အညှိုးအာဃာတနဲ့ အမုန်းတရားတွေဟာ ဒီလိုဖြစ်စေဖို့ လုံလောက်နေပါတယ်။

လင်းဇော်ကို

SHARE