ဆိုင်ကိုလာတဲ့ မသန်စွမ်းအမျိုးသမီးရဲ့ အပြုအမူကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဆိုင်ရှင်

တစ်နေ့မှာ မသန်စွမ်းအမျိုးသမီးတစ်ဦးဟာ စားသောက်ဆိုင်တစ်ဆိုင်ကို ၀င်လာခဲ့ပါတယ်။ သူမမှာ လက်နှစ်ဖက်မပါပါဘူး။ ထိုအမျိုးသမီးဟာ ဆိုင်ထဲမှာထိုင်ခဲ့ပြီး စားသောက်စရာအချို့ကို မှာယူခဲ့ပါတယ်။ စားသောက်လို့ပြီးတဲ့အခါမှာတော့ သူမက ဆိုင်ရှင်ကို ပိုက်ဆံရှင်းပေးဖို့ လှမ်းခေါ်လိုက်ပါတယ်။

http://en.goodtimes.my

ဒါပေမယ့် အမျိုးသမီးကို တွေ့မြင်ပြီးနောက်မှာတော့ ဆိုင်ရှင်ဟာ သူမစားသောက်ထားတာတွေကို ပိုက်ဆံယူဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်ရှင်က စားသောက်ဆိုင်နံရံမှာချိတ်ထားတဲ့ ကားချပ်တစ်ချပ်ကို ယူပြီး သူမကို လက်မှတ်ထိုးပေးဖို့တောင် တောင်းဆိုခဲ့ပါသေးတယ်။ ထိုအမျိုးသမီးရဲ့ စားသောက်တဲ့အဖိုးအခနဲ့ ပတ်သက်လို့ ဆိုင်ရှင်က ပိုက်ဆံမယူရတဲ့အကြောင်းရင်းကတော့ သူမကို လေးစားတာကြောင့် ဖြစ်ပါတယ်။

http://en.goodtimes.my

အမျိုးသမီးဟာ မသန်စွမ်းဖြစ်ပေမယ့် ခြေထောက်နှစ်ဖက်နဲ့ အစားကောင်းကောင်းစားနိုင်ပြီး သူမရဲ့ မသန်စွမ်းတစ်ဦးအဖြစ်နဲ့ ရပ်တည်မှုကို နည်းနည်းလေးမှ စိတ်အားကျညှိုးငယ်တဲ့ပုံ မပေါ်ပါဘူး။ ဆိုင်ကို တစ်ယောက်တည်းလာပြီး အမှီအခိုကင်းကင်းနဲ့ ကိုယ့်ဘာသာကိုယ် အစားအသောက်မှာစားခဲ့တာပါ။ ဒါကြောင့် ဆိုင်ရှင်က သူမကို လေးစားတဲ့အနေနဲ့ အစားအသောက်တွေ အလကားကျွေးခဲ့တာဖြစ်ပြီး နောက်တစ်ကြိမ်ထပ်လာတဲ့အခါမှာလည်း အလကားကျွေးပါဦးမယ်ဆိုပြီး ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

READ
McDonald ဆိုင်ဝန်ထမ်းအတွက် အထူးလက်ဆောင်ပြင်ဆင်ပေးခဲ့တဲ့ ပုံမှန်ဖောက်သည်
http://en.goodtimes.my

သာမန် ခြေအပြည့်အစုံ လက်အပြည့်အစုံ ရှိနေတဲ့လူတွေက လက်မောင်းက မလှလို့၊ ခြေထောက်က မလှလို့နဲ့ စူပါမော်ဒယ်တွေနဲ့ယှဉ်ပြီး ကိုယ့်ကိုကိုယ် မကျေနပ်ဖြစ်နေချိန်မှာ ခုလို မသန်စွမ်းတဲ့လူတွေကတော့ သူတို့ရဲ့ ကြမ္မာကို သူတို့လက်ခံပြီး အကောင်းဆုံးနေထိုင်နေတာကို တွေ့ရပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ဆုံးရှုံးရလို့ဆိုပြီး တညီးတညီးတငြူငြူဖြစ်မနေပဲ သူတို့ရဲ့ လူနေမှုဘ၀ပုံစံကိုပါ ပြောင်းပြီး ပတ်ဝန်းကျင်နဲ့ တသားတည်းဖြစ်အောင် နေနေကြတဲ့ အခုလို မသန်စွမ်းသူတွေကို မြင်ရတာ ဂရုဏာသက်ဖွယ်ဖြစ်သလို စိတ်အားတက်ဖွယ်လည်း ဖြစ်နေပါတော့တယ်။

http://en.goodtimes.my

လင်းလင်း (ShweMom)

Ref: en.goodtimes.my

SHARE