သန့်ရှင်းစွာ ကြော်ချက်ထားတဲ့ပုရစ်များကို စားပေးခြင်းဖြင့် ရရှိလာနိုင်တဲ့ကောင်းကျိုးများ

Jaochainoi1980/Shutterstock

ကမ္ဘာအနှံ့မှာ အသားတွေအပြင် အင်းဆက်တွေကိုပါ နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေကြပါပြီ။ အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ ပုရစ်ဈေးကွက်ဟာ တော်တော်လေးကို ကျယ်ပြန့်လာခဲ့တာကို မြင်ရပါတယ်။ အခုဆိုရင်လည်း ပုရစ်တွေလှိုင်လှိုင်ပေါတဲ့ရာသီကို ရောက်လာပြီမလို့ ပုရစ်ချစ်သူတွေအတွက် ပုရစ်ရဲ့ကောင်းကျိုးလေးတွေကို ဖတ်ရ၊မှတ်ရသလောက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ခန္ဓာကိုယ်အတွင်းတစ်နေရာက အကျိုးပြု ဘတ်တီးရီယားတွေရဲ့ လုပ်ဆောင်ချကတွေကို ပုရစ်စားလိုက်ခြဖင့် မြှင့်တင်ရာရောက်ပါတယ်။

happystock/Shutterstock

ဒီအချက်ကို Wisconsin-Madison တက္ကသိုလ်မှ သုတေသီ Valerie Stull နဲ့ အဖွဲ့သားတွေက လေ့လာတွေ့ရှိခဲ့ကြတာပါ။ သူတို့ရဲ့လေ့လာမှုမှာ ရောဂါကင်းရှင်းပြီး ကျန်မာရေးကောင်းတဲ့ အသက် ၁၈ နှစ်မှ ၄၂ နှစ်ကြားရှိ အယောက် ၂၀ ကို အရင်းပြုကာ လေ့လာခဲ့ကြတာပါ။ အယောက် ၂၀ ထဲက ၁၀ ယောက်ကိုတော့ ပုံမှန်နံနက်စာစားသလိုမျိုးပဲ စားခိုင်းခဲ့ပြီး ကျန်တဲ့အယောက် ၂၀ ကိုတော့ ပုရစ်နဲ့လုပ်ထားတဲ့ ပေါင်မုန့်တွေနဲ့ ပုရစ်ကိုကြိတ်ထားပြီး အမှုန့်လုပ်ကာ protein shake လိုမျိုးဖျော်ရည်တွေကို တိုက်ကျွေးခဲ့ကြတာပါ။

READ
ဖုန်းအားသွင်းကြိုးကို မဟုတ်တဲ့နေရာထဲ ထိုးထည့်ခဲ့မိလို့ ဆေးရုံရောက်သွားခဲ့တဲ့ တရုတ်လူငယ်

၂ ပတ်ကျော်လောက်မှာတော့ သုတေသီတွေဟာ အဲဒီလူအယောက် ၂၀ လုံးရဲ့ သွေး၊ ဝမ်းတို့လို ဇီဝနမူနာတွေနဲ့ သူတို့ကျန်းမာရေးပြောင်းလဲမှုရှိမရှိနဲ့ စိတ်ခံစားချက်တို့ကိုလည်း ကိုယ်တွေ့မေးမြန်းကောက်ယူခဲ့ပါတယ်။ အဲဒီမှာ တွေ့ခဲ့ရတာကတော့ ပုရစ်ကို နေ့တိုင်းစားသောက်နေရင်တောင် ဘာဆိုးကျိုးမှ ဖြစ်တာမရှိတဲ့အပြင်ကိုမှ ပုရစ်မနက်စာစားကြတဲ့ လူ ၁၀ ယောက်ရဲ့ အစာလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဇီဝအင်ဇိုင်းတွေမြင့်တက်လာတာကို တွေ့ရပါတယ်တဲ့။ ဒီအပြင်ကိုမှ စိတ်ကျရောဂါနဲ့ ကင်ဆာတို့ဖြစ်စေနိုင်တဲ့ TNF alpha နဲ့ ဆက်စပ်နေတဲ့ သွေးတွင်းပရိုတင်းဓာတ်တွေကိုလည်း လျော့ကျတာကို တွေ့ရပါတယ်။ နောက်ပြီး အူလမ်းကြောင်းအတွင်းမှာရှိတဲ့ အကျိုးပြုဘတ်တီးရီးယားတွေဖြစ်တဲ့ Bifidobacterium animalis တို့လိုမျိုးတွေရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါသေးတယ်။

nicemyphoto/Shutterstock

များသောအားဖြင့် ပုရစ်အပါအဝင် အင်းဆက်တော်တော်များများမှာ မမျှော်လင့်ထားဘဲ ပရိုတင်းဓာတ်တွေ ပေါကြွယ်ဝနေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ရေရှည်မှာ အင်းဆက်တွေကို အသားကြီးတွေအစားထိုးအဖြစ် အသုံးပြုသွားဖို့အတွက် ရည်ရွယ်ပြီး စနစ်နကျနဲ့ မွေးမြူရေးခြံတွေတောင် အခုဆိုလုပ်နေကြပါပြီ။ ဒီလိုအစားထိုးအသုံးပြုခြင်းကြောင့် ပတ်ဝန်းကျင်အတွက် အကျိုးရှိရုံတင်မကဘဲ ပရိုတင်းဓာတ်ရယူရာမှာ လူသားတွေအတွက် ကျန်းမာရေးနဲ့ပိုညီညွတ်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။

READ
သဘာဝအတိုင်း မှတ်ဥာဏ်ကောင်းစေဖို့ ဦးစားပေး စားသင့်တဲ့ အစားအသောက်များ
John Ramkhamhaeng/Shutterstock

ပုရစ်နဲ့ တခြားစားနိုင်တဲ့ အင်းဆက်တွေတော်တော်များများမှာ ဟင်းသီးဟင်းရွက်တွေကရရှိတဲ့ ဖိုက်ဘာဓာတ်နဲ့မတူတဲ့ chitin ဖိုက်ဘာအမျိုးအစားလိုမျိုး ရရှိနိုင်တဲ့အတွက် ကျန်းမာရေးအတွက် အကျိုးပြတဲ့အစားအသောက်တွေထဲ ထည့်ကိုထည့်သွင်းသင့်တာပါ။

Chaikom/Shutterstock

Penny

SHARE