ကြက်သွန်ဖြူ ပုံမှန်စားခြင်းဖြင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

Image:freepik.com/iamnoonmai

ကြက်သွန်ဖြူက တော့ အိမ်က မီးဖို ချောင်မှာ အလွယ်တကူ ရနိုင်တဲ့ အရာပါ။ဆေးဖက် ၀င်တဲ့ ပစ္စည်း တစ်ခု လို့ ပြော ရင်လည်း မမှားပါဘူး။ကြက်သွန်ဖြူ မှာတော့ ကျန်းမာရေး အတွက် အ ထောက် အကူ ဖြစ်စေတဲ့ အာဟာရ ဓါတ် တွေ အများကြီး ပါဝင်ပါတယ်။ကြက် သွန်ဖြု တစ်မြွှာ မှာ ဆိုရင် တော့ ကယ်လို ရီ (၁၄)၊ပရိုတင်း (0.57 g) နဲ့ carbohydrates (3 g) ပါဝင် ပါတယ်။ဒ့ါအပြင် Vitamin C (2.81 mg) ၊ Selenium (1.28 mcg) ၊ Manganese (0.15 mg) ၊Iron (0.15 mg) ပါဝင် ပါတယ်။ ကြက်သွန်ဖြူရဲ့ ကောင်းကျိုးတစ်ချို့ကိုတော့ Insider မှာ အခုလို ဖော်ပြထားပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းစေ

Image:freepik.com/racool-studio

ကြက်သွန်ဖြူမှာတော့ Allicin နဲ့ Alliinase တို့ ပေါ ကြွယ်ဝ စွာ ပါဝင် ပါတယ်။allicin က တော့ ကိုယ်ခံအား စနစ်ကို အများကြီးအ ထောက် အကူ ဖြစ်စေပါတယ်။ကြက်သွန်ဖြူက immune cellsေ တွ ဖြစ်တဲ့  macrophages, lymphocytes,  natural killer cells တွေ ကို လှုံ့ ဆော် ပေးနိုင်ပါတယ်။ဒါအပြင် viruses, bacteria နဲ့ တခြား မလို အပ်တဲ့ organisms တွေ တိုးပွားလာ ခြင်းကိုလည်း တား ဆီး ပေးနိုင်ပါတယ်။

READ
ဂေါ်ဘီထုပ်ချဉ်ရဲ့ ကောင်းကျိုး(၇)မျိုး

ကင်ဆာ အတွက် ကောင်း

ကြက်သွန်ဖြူက တော့ ကင်ဆာ ရောဂါ အတွက် လည်း ဆေးတစ်မျိုးလို့ ပြော လို့ရပါတယ်။သူ့မှာဆိုရင် တော့ ဆဲလ် ပျက် စီး ခြင်းကို ကာကွယ် ပေးနိုင်၊ ကင်ဆာ ဖြစ်ပွားမှု ကို လျော့ နည်း စေတဲ့ phytochemicals တွေ ပါဝင် ပါတယ်။ တကယ်လည်း ကြက်သွန် ဖြူ က အစာအိမ် နဲ့ အူမ ကြီး ကင်ဆာ ဖြစ်ပွားမှုနှုန်း ကို လျော့နည်း စေနိုင် တဲ့ အစွမ်းရှိတာကို လေ့လာ တွေ့ ရှိခဲ့ပါတယ်။သွေး ထဲက  မကောင်းတဲ့ ကိုလက်စ ထရော တွေကို လည်း လျှော့ ချ ပေးနိုင်ပါတယ်။တစ်ပတ်ကို ကြက်သွန်ဖြူ လေး မြွှာ လောက် စားပေး သင့်ပါတယ်။

သက်လုံ ကောင်းစေ

Image:freepik.com/8photo

အသက်ကြီးလာတာ ပဲ ဖြစ်ဖြစ် လေ့ကျင့်ခန်း လုပ်တာ နည်းတာ ပဲ ဖြစ်ဖြစ် အဲ့လို လူမျိုးတွေ က အ မောမခံနိုင်တာ၊သက် လုံ မ ကောင်းတာတွေ ဖြစ် စေပါတယ်။ကြက်သွန်ဖြူ က တော့ သက်လုံ ကောင်းအ မော ခံနိုင်စေပါတယ်။ကြွက်သွန်ဖြူ ကေ န Nitric Oxide ကို ထုတ် ပေးပြီး အဲ့ဒီဟာ က သွေးကြော တွေ နဲ့ သွေး ဖိအား အတွက် ကောင်းစေပါတယ်။ဒီ Compound က တော့ ပြေး တဲ့ အခါ မျိုး တွေ မှာ အလုပ်လုပ် နေတဲ့ ကြွက်သား တွေ ဆီကို အောက်စီဂျင် ထောက်ပံ့ ပေးတဲ့ အခါ မှာ ထွက်လာ တတ်ပါတယ်။ဒါကြောင့် အားကစား သမားေ တ်ာတော် များများက ကြွက်သွန်ဖြူ ကို မှီဝဲ ကြတာပါ။

READ
အသက်(၅) နှစ်အောက် ကလေးတွေကို အများဆုံးတစ်နာရီသာ တီဗီကြည့်ခွင့်ပြုသင့်

အအေးမိဖျားနာ နဲ့ သွေးတိုး အတွက် ကောင်း

Image:.freepik.com/jcomp

ကိုယ်ခံအား စနစ်ကို မြှင့်တင် ပေးနိုင်တဲ့ အပြင် ဖျားတာ နာ တွေ အတွက် လည်း ကြက်သွန်ဖြူက ဆေးပါ။ကြက်သွန်ဖြူ က အ အေးမိ ဖျားနာ နဲ့ အအေးမိ ဖျားနာရင် ခံစားရတဲ့ ဝေဒနာ တွေကို သက်သာစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။သွေးတိုး ရောဂါ အတွက်လည်း ကောင်း တာမို့ သွေးတိုး သမားတွေ ပုံမှန် မှီဝဲ ပေးသင့်ပါတယ်။

Alzheimer ရောဂါ အတွက် ကောင်း

Image:freepik.com/8photo

ကြက်သွန်ဖြူက တော့ အယ်ဇိုင်းမား ရောဂါ အတွက်လည်း ကောင်းပါတယ်။ကြက်သွန်ဖြူက antioxidant enzymes တွေ ကို တိုးမြှင့် ပေးနိုင် တဲ့ အစွမ်းရှိပါတယ်။သူ့မှာရှိတဲ့ ပစ္စည်းတွေ က ဦးနှောက် ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ဒါ့အပြင် အရိုး ကျန်းမာရေး အတွက် လည်း ကောင်းစေပါတယ်။

#SHWEMOM

SHARE