လူအများစုနှစ်သက်ပြီး ဆေးဖက်လည်းဝင်တဲ့ ကြက်သွန်နီရဲ့ ကောင်းကျိုးအဖြာဖြာ

Pexels/Pixabay

ကြက်သွန်နီဟာ ဟင်းလျာတိုင်းလိုလိုမှာ မပါမဖြစ်တဲ့ အစွမ်းထက် အမယ်တစ်မျိုးဖြစ်ပါတယ်။ အရသာကောင်းမွန်သလို လူ့ကျန်းမာရေးအတွက် ကြက်သွန်နီက ဘယ်လိုအထောက်အကူဖြစ်စေလဲဆိုတာ အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Shared ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

သွေးအချိုဓာတ်ကို ထိန်းပေးတယ်

သွေးတွင်း အချိုဓာတ်များသူတွေဟာ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ခံစားရလေ့ ရှိပါတယ်။ လေ့လာချက်တွေအရတော့ ကြက်သွန်နီထဲ ပါဝင်တဲ့ အဆီအနှစ်တွေဟာ သွေးတွင်းဂလူးကို့စ်နဲ့ ကိုလက်စထရောပမာဏတွေကို ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါသည်တွေဟာ ကြက်သွန်နီကို စားသုံးပေးသင့်ပါတယ်။

ကိုယ်ခံစွမ်းအားတိုးစေတယ်

ကြက်သွန်နီမှာ ဗီတာမင်စီနဲ့ မကောင်းတဲ့ရောဂါပိုးတွေကို ဖယ်ရှားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ညစဉ် ထမင်းစားတဲ့အခါတွေမှာ ကြက်သွန်နီကို တို့စားကာ ကိုယ်ခံအားကို တိုးမြှင့်စေနိုင်ပါတယ်။

Pexels/ Pixabay

ကင်ဆာကို ဆန့်ကျင်တယ်

ကြက်သွန်နီတွေဟာ Allium မျိုးစိတ်ထဲက ဖြစ်ပါတယ်။ Allium မျိုးစိတ်ဟာ အစာအိမ်နဲ့ အူမကြီး ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ချပေးပါတယ်။ ကြက်သွန်နီထဲပါဝင်တဲ့ ဆာလ်ဖာကွန်ပေါင်းနဲ့ ဖလာဗိုနွိုက် အင်တီအောက်ဆီးဒန့်တွေကတော့ ကင်ဆာကို ကာကွယ်တားဆီးပေးတယ်လို့ ယူဆရပါတယ်။ ကြက်သွန်နီတွေမှာ onionin A  လို့ အမည်ရတဲ့ ဆာလ်ဖာကွန်ပေါင်းတစ်မျိုးလည်း ပါဝင်ပါတယ်။ အဲဒီကွန်ပေါင်းကတော့ အလုံးအကြိတ်ဖြစ်ပွားတာကို လျော့ကျစေတဲ့အပြင် ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကိုလည်း တားဆီးပေးပါတယ်။

READ
သံပရိုရည်က ဖြေရှင်းပေးနိုင်တဲ့ ကျန်းမာရေးပြဿနာ(၆)မျိုး

နှလုံးအတွက် ကောင်းတယ်

ကြက်သွန်နီမှာ အရောင်လျော့စေတဲ့ ဓာတ်သတ္တိတွေပါဝင်ပါတယ်။ သွေးခဲတွေပိတ်ဆို့တာကို ကာကွယ်ပြီး သွေးတိုးကျစေပါတယ်။ ကြက်သွန်နီထဲပါဝင်တဲ့ အင်တီအောက်ဆီးဒန့်ဟာ ကိုလက်စထရောပမာဏကို လျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

Pexels/mali maeder

အာဟာရဓာတ်ပြည့်ဝစေတယ်

ကြက်သွန်နီတွေမှာ ဗီတာမင်စုံလင်စွာ ပါရှိပါတယ်။ ကြက်သွန်နီထဲမှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကို ထိန်းညှိပေးတဲ့အပြင် တစ်ရှူးတွေကို ပြန်လည်ပြုပြင်ပေးတာ၊ သံဓာတ်စုပ်ယူတာတွေကို ပြုလုပ်ပေးနိုင်ပါတယ်။ ဗီတာမင် B9 နဲ့ B6 တို့ဟာလည်း  ကိုယ်တွင်းပဍိဇီဝစနစ်ကို တိုးမြှင့်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အာရုံကြောရဲ့ စွမ်းဆောင်ရည်ကို ကောင်းမွန်စေကာ သွေးနီဥဆဲလ်ထုတ်လုပ်မှုကိုလည်း တိုးပွားစေပါတယ်။ ပိုတက်စီယမ်ကတော့ သွေးတွင်းအရည်ကြည်တွေကို သမမျှတအောင် ထိန်းညှိပေးပြီး ကျောက်ကပ်နဲ့အကြော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။

အရိုးသိပ်သည်းမှု မြင့်မားစေတယ်

အရိုးသိပ်သည်းဆဟာ များသောအားဖြင့် နို့ထွက်ပစ္စည်းတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ကြက်သွန်နီတွေက အရိုးသန်မာအောင် အကူအညီပေးနိုင်ပါတယ်။ လေ့လာချက်တစ်ခုအရ ကြက်သွန်နီရည် (၁၀၀) မီလီလီတာကို နေ့စဉ် အမျိုးသမီးတွေအား သောက်သုံးခိုင်းရာမှာ ရက်သတ္တပတ်(၈) ပတ်ကြာတဲ့အခါ ထိုအမျိုးသမီးတွေရဲ့ သတ္တုဓာတ်သိပ်သည်းဆနဲ့ အင်တီအောက်ဆီးဒန့် တွေဟာ ပိုမိုကြွယ်ဝလာတာကို တွေ့ရပြီး အရိုးကျိုးနိုင်ခြေ (၂၀) ရာခိုင်နှုန်းကျော် လျော့နည်းလာတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ဗီတာမင်စုံလင်ပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါဖြစ်ပွားနို်င်ခြေကို သိသိသာသာကြီး ကျဆင်းစေတဲ့ ကြက်သွန်နီကို နေ့စဉ်စားသုံးပေးသင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

READ
အန္တရာယ်ကြီးမာတဲ့ သွေးခဲခြင်း၊ သွေးကြောပိတ်စို့ခြင်းကို ဘယ်လိုကာကွယ်မလဲ

လင်းလင်း (ShweMom)

SHARE