ရွှေဖရုံစေ့ စားခြင်းဖြင့် ရလာမယ့် ကျန်းမာရေး ကောင်းကျိုးများ

Image:pixabay.com/users/stevep

ရွှေဖရုံ စေ့က  နေ ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ရွှေဖရုံ စေ့ကိုတော့ များ သော အားဖြင့် ဒီ မှာတော့ လှော်ပြီး စားကြပါတယ်။ pumpkin seed oil  ဆိုပြီး လည်း မှီဝဲ ကြတာ မျိုးလည်း ရှိပါတယ်။တစ်ချို့က နေ ကြာ စေ့ အစား ရွှေဖရုံ စေ့ကို ရွေးချယ်စားကြတာ များပါတယ်။ရွှေဖရုံ စေ့မှာတော့ ကျန်းမာရေး အတွက် ကောင်းတဲ့ အာဟာရ ဓါတ်တွေ အများကြီး ပါရှိပါတယ်။သူ့မှာ ပါတဲ့ အထဲမှာ ဆိုရင် တော့ ကျန်းမာ ရေး အတွက် ကောင်းတဲ့ healthy fats, magnesium ၊zinc တို့ အပြင် antioxidant တွေ လည်း အများကြီး ပါရှိပါတယ်။ဖရုံ စေ့ကို စားရင် ဘယ်လို ကျန်းမာရေး အကျိုးကျေး ဇူးတွေ ရ နိုင်လဲ ဆိုတာကိုတော့ healthline မှာ ဖော်ပြထားပါတယ်။

သွေးတွင်း ကိုလက်စထရောကိုလျှော့၊သွေးတိုး အတွက် ကောင်း

Image:freepik.com/lifeforstock

ဖရုံ စေ့ က တော့ သွေးတိုး သမား တွေ အတွက် ကောင်းပါတယ်။ သွေးထဲမှာရှိတဲ့ ကိုလက်စ ထရောနဲ့ သကြား level ကို လျှော့ ချ ပေးနိုင်သလို သွေး တိုး အတွက် ကောင်း တာ မို့ သူနဲ့ ဆက်စပ် နေတဲ့ နှလုံး ကျန်းမာရေး၊ဆီးချို၊သွေးချို တွေ အတွက်  လည်း ဖရုံ စေ့ က အထောက်အကူ ဖြစ် စေပါတယ်။လေ့လာမှု တစ်ခု မှာ ဆိုရင် ဖရုံ စေ့ က နှလုံးကျန်းမာရေး အတွက် ကောင်းတဲ့ Nitric Oxide ကို မြင့်တက် စေပါတယ်။ Nitric Oxide က တော့ သွေး ကြော တွေ ပွင့် ပြီး သွေးစီးဆင်းလညပတ်မှု ကို ကောငးစေ တဲ့ အစွမ်းရှိပါတယ်။ကြွက် တွေကို ဖရုံ စေ့ အမှုန့် ကျွေးပြီး လေ့လာတဲ့ အခါ မှာတော့ ဖရုံ စေ့ စားတဲ့ ကြွက် တွေ ရဲ့ သွေးတွင်း သကြား ဓါတ်က မစားတဲ့ ကြွက်တွေထက် သိသိသာသာ လျော့ ကျ စေတာကို တွေ့ ရပါ တယ်။ magnesium လည်း ပါတာမို့ ဆီးချို သွေးချို အတွက် လည်း ကောင်းပါတယ်။သတိထားရမှာ တစ်ခုက တော့ ဈေးကွက်ထဲမှာ ရှိတဲ့ တစ်ချို့ ဖရုံ စေ့ လှော် တွေ က နည်းနည်းငန် ပါတယ်။ဒါကြောင့် သွေးတိုး ကျန်းမာရေးအတွက် စားချင်တယ်ဆိုရင် တော့ အငန် ဓါတ် မပါတာကို ရွေးချယ် မှီဝဲ ပေးပါ။

READ
အရေက်သေစာစွဲလမ်းသူများ အရက်ပြတ်သွားတာနဲ့ ကြုံတွေ့ရမယ့်ပြောင်းလဲမှု ၅ ခု

ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ကျ စေ

Image:freepik.com/luis-molinero

ဖရုံ စေ့မှာတော့ ကင်ဆာ ဖြစ်ပွားမှု နှုန်းကို လျော့ ကျ စေတဲ့ အစွမ်းလည်း ရှိပါတယ်။အစာအိမ်၊ရင်သား၊အဆုတ်၊ဆီးကြိတ်၊အူ ကင်ဆာ  ဖြစ်ပွားမှုနှုန်းကို လျော့ ကျ စေတာပါ။လေ့လာမှု တစ်ခု မှာဆိုရင်တော့ ဖရုံ စေ့ ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှု နှုန်း ကို လျော့ နည်း စေတယ်လို့ ဖော်ပြ ထားပါတယ်။တစ်ချို့က တော့ ရင်သားကင်ဆာ ကာကွယ်ရေးနဲ့ ကုသ ရေးမှာ ဖရုံ စေ့ ကလည်း အထောက် အကူ ပေးနိုင်ကောင်း ပေးနိုင်တယ်လို့ ဆိုပါတယ်။သေချာတာ တစ်ခုက တော့ ဖရုံ စေ့မှာ ပါဝင် တဲ့ ပစ္စည်းတွေ က ဆီးကြိတ် ကင်ဆာ ဆဲလ် တိုးပွားမှု နှုန်းကို လျော့ ချ ပေးနိုင်ပါတယ်။

ဆီးဆိုင်ရာ ပြဿနာတွေ အတွက် ကောင်း

Image:.freepik.com/azerbaijan-stockers

ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်တဲ့ ဆဲလ် တိုးပွားနှုန်းကို လျော့ ချ ပေးနိုင်တဲ့ အပြင် ဆီးနဲ့ ဆိုင်တဲ့ တခြားရောဂါတွေ အတွက် လည်း ကောင်းပါတယ်။အမျိုးသား(၁၄၀၀)ကျော်ကို လေ့လာတဲ့ အခါ မှာတော့ ဖရုံစေ့ မှီဝဲ သူတွေ ဟာ ဆီးနဲ့ ပတ်သက်တဲ့ ရောဂါ ဖြစ်ပွားမှုနှုန်း တွေ သိသိသာသာ လျော့ ကျ သွားစေပါတယ်။ဒါ့အပြင် ဆီးအိမ် နဲ့ ပတ်သက်တဲ့ ရောဂါ တွေ အတွက်လည်း ဖရုံ စေ့က ကောင်းပါတယ်။အချိန်ပြည့် ဆီးသွားချင် နေတဲ့ ဆီးအိမ် ပြဿာ နာ၊တစ်နည်း အားဖြင့် ဆီးမထိန်းနိုင်တဲ့ ပြဿနာ ရှိ နေသူ (၄၅) ယေက်ကို တော့ နေ့စဉ် ဖရုံ စေ့ (10 g) ကျွေးတဲ့ အခါ မှာ ဆီးနဲ့ ပတ်သက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်လို့ လေ့လာမှု တစ်ခု မှာ ဖော်ပြထားပါတယ်။

READ
ကော်ဖီသောက်ခြင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

Sperm ပြဿနာ အတွက် ကောင်း

Image:freepik.com/svtdesign

အပေါ် မှာ ပြောခဲ့သလိုပါပဲ ဖရုံစေ့မှာက Zin ဓါတ်တွေ အများကြီး ပါပါတယ်။အမျိုးသားတွေ မှာက Zinc ဓါတ် နည်း ရင် sperm quality လျော့ ကျ သွားစေနိုင်ပါတယ်။အဲ့လိုအ ခြေအ နေ မျိုးတွေ ကြာလာရင် မျိုး မအောင် တာ မျိုး တွေ ဖြစ် ပေါ် နိုင်ပါတယ်။ဖရုံ စေ့ က တော့ Zinc ဓါတ်တွေ အများကြီး ပါတာ မို့ sperm quality ကို ကောင်းစေပါတယ်။ဖရုံ စေ့ က တော့ အမျိုးသားတွေ ရဲ့ မျိုးပွားတဲ့ လုပ်ငန်း တွေ အတွက် အများကြီးအ ထောက် အကူ ဖြစ်စေပါတယ်။

နှစ်ခြိုက်စွာ အိပ် ပျော်စေ

Image:.freepik.com/drobotdean

အိပ်မ ပျော်လို့ စိတ်ဆင်းရဲ နေရင် တော့ ဖရုံ စေ့ကို စားပေးပါ။မအိပ်ခင် ဖရုံ စေ့ နည်းနည်း စီစားပေးပါ။tryptophan, amino acid ပါဝင် တာ ကြောင့် အိပ် စက်ခြင်းကို ကောင်း ကောင်း အထောက်အကူ ဖြစ်စေပါတယ်။အိပ် မပျော်တဲ့ ရောဂါ ရှိတယ်ဆိုရင် နေ့စဉ် ဖရုံစေ့ (1g) စီစားပေးပါ။သူ့မှာပါတဲ့ Zinc ဓါတ်က tryptophan ကို serotonin အဖြစ် က နေ melatonin အဖြစ် သို့ ပြောင်းလဲ သွားစေ ပါတယ်။အဲ့ဒီ ဟော်မုန်းက တော့ သင့်ရဲ့ အိပ် စက်မှု ကို ပုံမှန် ဖြစ်စေပါတယ်။

ဝိတ်ချ တဲ့ နေရာမှာ အထောက်အကူဖြစ်စေ

Image:.freepik.com/zaniastudio

ဖရုံ စေ့ စားပြီးရင် ဗိုက်ပြည့် နေတာ၊တော်တော်နဲ့ မဆာတာ မျိုး ဖြစ်တတ်ပါတယ်။ဖရုံ စေ့ စားပြီးတဲ့ အချိန်တိုင်း သတိထား ကြည့်ရင် ပြည့် နေသလို ခံစားရတာကို သိနိုင်ပါတယ်။ဒါကြောင့် ဖရုံ စေ့က ၀ိတ်ချ တဲ့ေ နရာမှာ အထောက်အကူ ဖြစ်စေပါတယ်။အစာ ချေ ဖျက် မှု နှုန်းကို အချိန် ပို ကြာ စေတဲ့ အတွက်  ဗိုက် ပြည့် နေ သလို ခံစား ရ စေတာပါ။

#SHWEMOM

SHARE