Squat ထိုင်ခြင်းဖြင့် ရလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

Image:.freepik/merlas

အခုနောက်ပိုင်းမှာတော့ ခန္ဓာကိုယ် ကျန်းမာကြံ့ ခိုင်ရေးက  ပိုပြီး အ ရေးကြီးလာပါတယ်။အလှအ ပ  တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ရောဂါ အသစ် အဆန်းတွေ တစ်မျိုးပြီး တစ်မျိုး ထွက် ပေါ် နေတဲ့ ဒီနေ့ လို ခေတ် ကြီးမှာ ကိုယ်ခံအားေ ကာင်း အောင် နေထိုင် နိုင်မှ တော်ရာ ကျ မှာပါ။Shwemom  စာဖတ်သူတွေ အတွက် နေရာမ ရွေး လုပ်ရတာ လွယ်တဲ့ Squat ထိုင်ခြင်းရဲ့ အကျိုး ကျေးဇူး တွေကို ဖော်ပြ ပေးချင်ပါတယ်။ဒီအ ကြောင်းကိုတော့ Insider မှာ ဖော်ပြထားတာပါ။

ဝိတ်ကျ စေ

Image:.freepik/halayex

Squat ထိုင်တယ်ဆိုတာက ကြည့်တော့ သာ အလွယ်လေး ထင်ရ ပေမယ့် တကယ် လိုက်လုပ်ကြည့်ရင် ထင် သ လောက် မလွယ်တာကို တွေ့ ရမှာပါ။ဝိတ်ကျ ချင်တဲ့ သူတွေ အ နေနဲ့ လည်း Squat ထိုင်ပြီး ၀ိတ်ချ လို့ ရပါတယ်။Squat ထိုင်ခြင်းက ကယ်လိုရီ တွေ ကို လောင်ကျွမ်း စေတာ တာမို့ ၀ိတ်ကျ ဖို့ အ ထောက်အကူ ဖြစ်စေပါတယ်။လေ့ကျင့်ခန်းလုပ်ရင် ခန္ဓာကိုယ်က နေ Anabolic ဟော်မုန်း တွေ ပို ထွက် ပါတယ်။အဲ့ဒီ ဟော်မုန်းက ၀ိတ် ကျ စေပြီး ကြွက် သားတည် ဆောက်မှု ကို အ ထောက်အကူ ဖြစ် စေပါတယ်။ဝိတ်ကျ စေဖို့ ဆိုရင် Squat က Training က အရမ်းကို အ ရေးကြီးပါတယ်။ပုံမှန် လုပ် ပေးရင် တော့ အဆီတွေကို နည်းပါး လာ စေပါတယ်။

READ
အိမ်မှာနေရင်းကြွက်သားတက်စေမယ့် ကိရိယာလွတ် Full Body Workout (၅) မျိုး

ခန္ဓာကိုယ်အောက်ပိုင်းနဲ့ core muscles  တွေကို ကြံ့ ခိုင်စေ

Image:.freepik/diana-grytsku

Squat က တော့ အဓိကက Body အောက်ပိုင်း အတွက် ထိ စေတာပါ။Squat ထိုင် တဲ့ နေရာ မှာေ တာ့အ ရေးအကြီးဆုံးက Position မှန် ဖို့ ပါ။Position မှန် မှ သာ ထိ ရောက်တဲ့ ရလဒ် ကို  ရမှာပါ။ ဒူး ကို (၉၀)ဒီဂရီ အ နေအထားနဲ့ ကွေး ချ ပြီး ထိုင်ရာ မျိုး ဖြစ်တာ ကြောင့် ပေါင် နဲ့ ခြေ ထောက်  က ကြွယ် သားတွေကို ထိ စေတာပါ။ထိုင်ပါ များရင် Body ကို ဟန်ချက်ညီမျှ အောင် လည်း စွမ်း ဆောင် ပေး စေနိုင်ပါတယ်။ပါမေက္ခ တစ်ယောက် ဖြစ်တဲ့ Timothy Suchomel က တော့ Squat ထိုင်ရင် ဘယ် နေရာက ကြွက်သားတွေကို ထိ လဲ ဆိုတာ ပုံနဲ့ တကွ ဖော်ပြ ခဲ့ပါတယ်။

ဒူး၊ခြေကျင်းဝတ် နာကျင်မှုကို သက်သာစေ

Image:.freepik/jehsomwang

ဒီနေရာမှာ တစ်ခု ပြောချင်တာက Squat ထိုင်ပြီးမှ ဒူးနာ တယ်ဆိုရင်တော့ ထိုင်တဲ့ အခါ Position မမှန် လို့ အခုလို ဖြစ်ရတာပါ။တစ်ချို့က Squat ထိုင်လို့ နာရတာ လို့ ထင် နေတာ မှားပါတယ်။အ ပေါ်မှာ ပြောခဲ့သလို ပဲ Position မှန် ဖို့က အရမ်းကို အ ရေးကြီးပါတယ်။ပုံမှန် အ နေအထားမှန်မှန် နဲ့ လုပ် ရင် ဒူးနဲ့ ခြေကျင်းဝတ် နာကျင်တာ ၊ထိခိုက်ဒဏ်ရာရ တာတွေကိုပါ သက်သာ စေပါတယ်။Squat ထိုင်တာ မျိုးက ဒူးရဲ့ တည်ငြိမ်စွမ်းကိုတောင် မြင့်လာ စေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ဒီေ လ့ကျင့်ခန်း ကိုဆိုရင် ခြေကျင်းဝတ်နဲ့ ဒူး မတည်ငြိမ်၊မခိုင်တဲ့ လူတွေကိုတောင် မှ ကုသ တဲ့ နေရာမှာ သုံး ကြပါတယ်။

READ
ဘယ်လိုကင်ဆာမျိုးကိုမဆို တိုက်ဖျက်နိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ပညာရှင်များဖန်တီး

တင်ပါးလှ စေ

Image:.freepik/jasmedvednikov

အောက်ပိုင်း တင်ပါး လှ ချင် တဲ့ ၊တင်ပါး ထွက်ချင်တဲ့ မိန်းက လေး တော်တော် များများ သုံးတဲ့ လေ့ကျင့်ခန်းပါ။တင် ရှိပြီးသား လူတွေ ဆိုရင် ထိုင်လိုက်ရင် ပို ပြီး ကျစ်လစ် လှပ လာ စေမှာပါ။ ရှိပြီးသားလူဆိုရင်တော့ မလိုတဲ့ အဆီ တွေ  လောင်ကျွမ်းပြီး ကျစ်လစ် လှပတဲ့ တင်ပါး တစ်စုံကို ရရှိ စေမှာပါ။

Squat အမျိုးအစား များ

Squat အမျိုးအစား တွေ အမျိုးမျိုး ရှိပါတယ်။ထိရောက်မှု ရှိတာ ခြင်းကလည်း ထိုင်တဲ့ အမျိုးအစား အလိုက် အမျိုးမျိုး ကွာ ခြားစေပါတယ်။Body Weight Squats ၊Sumo Squats ၊Pulse Squats ၊Jump Squats ၊ Split Squats ၊Goblet Squat ၊Barbell Back Squat တို့ပါ။

#SHWEMOM

SHARE