လေယာဉ်ပေါ်မှာ မဝတ်ဖို့ ကျန်းမာရေးပညာရှင်တွေ သတိထားပေးထားတဲ့ အဝတ်အစားများ

Pexels/wordy

အခုလို ခေတ်ကာလမှာ လူတိုင်းနီးပါးလောက် လေယာဉ်နဲ့ ခရီးသွားဖို့ အကြောင်းသင့်လာကြမှာပါပဲ။ ပြည်တွင်း-ပြည်ပ ခရီးစဉ်များကို လေယာဉ်နဲ့ ခရီးသွားခြင်းက ကားနဲ့ ခရီးသွားခြင်းထက် ငွေကုန်ကြေးကျများပါတယ်။ ဒါပေမယ့် အချိန်တို အတွင်းမှာ ရောက်ရှိတာကြောင့် လူတော်တော်များများဟာ လေယာဉ်နဲ့ ခရီးသွားဖို့ကို ရွေးချယ်ကြပါတယ်။ ဒီလိုလေယာဉ်နဲ့ ခရီးသွားချိန်မှာ ဘယ်အဝတ်အစားကို ဝတ်ရင် သက်သာမယ်၊ လုံခြုံမယ်၊ အန္တရာယ်ကင်းမယ်ဆိုတာလေးတွေကို ဆရာဝန်တွေ၊ ပုံမှန်ခရီးသွားသူတွေ၊ အသက်ကယ်အစောင့်တွေက အကြုံပြုထားကြပါတယ်။

(၁)ကျပ်ထုပ်နေတဲ့ အဝတ်အစားများ

 

လေယာဉ်စီးခြင်းဟာ ကိုယ်ခန္ဓာအတွက် ဖိစီးမှုများပြားတဲ့ အရာတစ်ခုပါ။ အထူးသဖြင့် ကိုယ်ခန္ဓာမှာ ရှိတဲ့ သွေးကြောတွေအတွက်တော့ တော်တော်လေးကို ဖိစီးမှုများလှပါတယ်။ လေယာဉ်စီးတဲ့အခါမှာ လေဖိအားများပြောင်းလဲမှုတွေဖြစ်တာရယ်၊ ထိုင်ခုံသေးသေးလေးနဲ့ အကြာကြီးထိုင်ရတာရယ်ကြောင့် သွေးကြောတွေရဲ့ လုပ်ဆောင်ချက်ဟာ တော်တော်လေးကို အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမှာ ကျပ်ထုပ်နေတဲ့ အဝတ်အစားတွေကို ဝတ်ရင် သွေးကြောစနစ်အတွက် ပိုပြီးတော့တောင် အခက်တွေ့စေမှာပါ။ သွေးလည်ပတ်မှုစနစ်ဟာလည်း ပြဿနာဖြစ်လာစေမှာပါ။ ကျပ်ထုတ်နေတဲ့ အဝတ်အစားတွေ ဝတ်တာထက် သက်သာချောင်ချိတဲ့ အဝတ်အစားတွေကိုဝတ်ခြင်းက လေယာဉ်နဲ့ ခရီးသွားစဉ်မှာ ကိုယ်ခန္ဓာအတွက် ပိုကောင်းမွန်စေမှာပါပဲ။

(၂) ဂျင်းဘောင်းဘီများ
Pexels/aliespress

ဆရာဝန်တွေ၊ ခရီးသွားသူတွေ၊ အသက်ကယ်အစောင့်တွေရဲ့ အတွေ့အကြုံကနေရလာတဲ့ အကြုံပြချက်တွေအရ လေယာဉ်နဲ့ ခရီးသွားစဉ်မှာ ဂျင်းဘောင်းဘီတွေ ဝတ်ဆင်ပြီး မသွာသင့်ပါဘူးတဲ့။   ဂျင်းဘောင်းဘီတွေ ဝတ်လိုက်ရင် ခါးက တင်းကြပ်နေတာကြောင့်မို့လို့ လေဖိအားပြောင်းလဲမှုတွေ ကြုံလာတဲ့အခါမှာ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ အရာတွေဖြစ်စေတတ်ပါတယ်။

(၃) ပုံမှန်ဆိုဒ်ဘရာများ
Pexels/aliespress

လေယာဉ်နဲ့ခရီးသွားတာ များတဲ့သူတွေဟာ လေယာဉ်စီးတာကြောင့်  ကိုယ်ခန္ဓာနည်းနည်းလေး ရောင်လာတာ၊ မသက်မသာဖြစ်တာကို သိကြပါတယ်။ တကယ်တော့ အပြင်အဝတ်အစားတွေလည်း ဂရုစိုက်သင့်သလို အောက်မှာ ခံဝတ်တဲ့အဝတ်အစားတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် အရမ်းတင်းကျပ်နေတဲ့ ဘရာတွေဟာ လေယာဉ်စီးစဉ်မှာ ကိုယ်ခန္ဓာကို နှိပ်စက်နေသလိုဖြစ်နေစေမှာပါ။ နောက်ကျောနဲ့ ပခုံးတို့ကို တင်းကြပ်စွာ ချုပ်ကိုင်ထားတဲ့အတွက်ကြောင့်လည်း သက်တောင့်သက်သာမဖြစ်ဘဲ နာကျင်မှုကို ခံစားစေမှာဖြစ်တဲ့အတွက် ပုံမှန်ဆိုဒ်ဘရာတွေ၊ တင်းကြပ်နေတဲ့ ဘရာတွေ မဝတ်ဆင်သင့်ပါဘူး။အဲဒီအစား အားကစားလုပ်ချိန်မှာ သုံးတဲ့ sport bra တွေသာ ရွေးချယ်ဝတ်ဆင့်သင့်တာက အကောင်းဆုံးပါ။

(၄) sneaker အသစ်များ
amazon.com

ဖိနပ်အသစ်တစ်ရံကို ဝတ်ပြီး လေယာဉ်မစီးသင့်ပါဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကိုယ်အတွက် အဆင်ပြေ၊ စီးနေကျဖြစ်တဲ့ ဖိနပ်သာ အကောင်းဆုံးဖြစ်ပြီး ဖိနစ်အသစ်မှာတော့ လမ်းလျှောက်ရာမှာ ခရီးစဉ်တစ်လျှောက်လုံး အဆင်မပြေမှုတွေ ကြုံရလေ့ရှိလို့ပါတဲ့။ နောက်တစ်ချက်ကတော့ ဖိနပ်အသစ်အများစုက လေထဲကို ရောက်သွားချိန်မှာ ခြေထောက်ကို တင်းကြပ်လာစေလို့ပါပဲ။ လေဆိပ်မှာတန်းစီရတာဖြစ်စေ၊ လမ်းလျှောက်ရတာဖြစ်စေ ခရီးသွားဖို့ အချိန်ကြာကြာ ဖြစ်မယ်ဆိုရင် ခြေထော်ကမနာမကျင်နဲ့ သွားဖို့အတွက် ကိုယ်အတွက် သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်ဟောင်းကိုပဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

(၅)ဒေါက်ပါသော ဖိနပ်များ
Pexels/aliespress

ဒီတစ်ခုကတော့ လေယာဉ်စီးသူတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာဆိုလည်း မမှားပါဘူး။ ဒေါက်ပါတဲ့ ဖိနပ်တွေကို ဝတ်ဆင်ထားတာက အရေးရယ်၊ အကြောင်းရယ်လို့ဆိုရင် ကိုယ့်ခြေထောက်ကို ကိုယ် ကြည့်နေရတာကြောင့် အဆင်မပြေမှုများကို ရင်ဆိုင်ရတတ်ပါတယ်။ နောက်ပြီး လုံခြုံရေးကိစ္စရပ်များအတွက်ဆိုရင်တော့ ဒေါက်ဖိနပ်တွေသာ သာမန်ဖိနပ်တွေထက်တော့ တော်တော်လးကို အခက်တွေ့စေပါတယ်။ မပြောကောင်း မဆိုကောင်း ကယ်ဆယ်ရေးတွေနဲ့ ကြုံတွေ့ရချိန်မှာ ဒေါက်ဖိနပ်ဝတ်ထားသူတွေက မြန်မြန်ဆန်ဆန်မပြေးနိုင်ပါဘူး။ အရေးပေါ် အခြေအနေတွေမှာလည်း ပြဿနာတက်နိုင်ပါတယ်။

 

READ
ကိုယ်တွင်းအင်္ဂါ လိုအပ်နေသူတွေအတွက် ဆေးပညာရှင်တွေရဲ့ဆန်းသစ်တီထွင်မှု

YYK

SHARE