သံပရိုရည်က ဖြေရှင်းပေးနိုင်တဲ့ ကျန်းမာရေးပြဿနာ(၆)မျိုး

မနက်မိုးလင်းရင် ကော်ဖီကိုတော့ မဖြစ်မနေသောက်လေ့ရှိပေမယ့် သံပရို ရည်ကိုတော့ တစ်ပတ်မှာ တစ်ခါလောက်တောင် သောက်ဖြစ်ချင်မှ သောက်ြ ဖစ်မှာပါ။သံပရိုရည်ဟာ လူ့ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးတွေ အများ ကြီးပေးနိုင်ပါတယ်။သံပရိုရည်ကိုရေနွေးနွေးလေးနဲ့ ရော(ဒါမှမဟုတ်)ရေေ အးနဲ့ရောပြီး ပုံမှန်မှီဝဲပေးခြင်းအားဖြင့်ရလာမယ့် အကျိုးကျေးဇူးတွေကတော့..

(၁)အအေးမိ၊ဖျားနာ

မကြာခဏ အအေးမိ၊ဖျားနာတတ်သူတွေအနေနဲ့ သံပရိုရည်ကို နေ့စဉ်ပုံမှန်သော က်ပေးသင့်ပါတယ်။သူ့မှာပါတဲ့ ဗီတာမင်စီက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး အအေးမိ၊ဖျားနာတာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ဒါ အပြင် ဗက်တီးရီးယားတွေကို နှိမ်နင်းပေးနိုင်တဲ့ အစွမ်းလည်းရှိတာကြောင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ အန္တရာယ်ရှိတဲ့ ဗက်တီးရီးယားတွေကို နှိမ်နင်းေ ပးနိုင်ပါတယ်။

(၂)ယောင်ယမ်းတာတွေအတွက် ကောင်း

သံပရိုမှာ ယောင်ယမ်းတာတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ အစွမ်းရှိ ပါတယ်။သူ့မှာပါတဲ့ သဘာဝအက်ဆစ်က ခန္ဓာကိုယ်ရဲ့ ရောင်ယမ်းတာတွေကို သက်သေစေပါတယ်။

(၃)အဆိပ်အတောက်ပြေစေ

READ
အစာချေစနစ်ကောင်းမွန်ဖို့ စားသင့်တဲ့ အစားအစာများ

သူ့မှာပါတဲ့ အက်ဆစ်တွေက စားသမျှအစားအစာတွေကို အာဟာရဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ဒါ့အပြင် အသည်းကနေ ကိုယ်ထဲက အဆိပ်အတောက်ေ တွကို ဖယ်ရှားပေးတဲ့ လုပ်ငန်းတွေအတွက်လည်း သံပရိုရည်က အထောက်အ ကူဖြစ်စေပါတယ်။ဒါ့အပြင် အစာချေမကြေတာတွေကိုလည်း သက်သာပျောက်ကင်းစေတဲ့ အစွမ်းရှိပါတယ်။

(၄)၀ိတ်ကျ၊သွေးပေါင်ချိန်ကျ

ကိုယ်အလေးချိန်များလို့ စိတ်ညစ်နေကြရသူတွေအတွက် သံပရိုရည်ကို သော က်ပါ။သူ့မှာပါတဲ့ polyphenol antioxidants  က ၀ိတ်ကျစေဖို့ အများကြီး အထောက်အကူဖြစ်စေပါတယ်။သွေးတိုးရောဂါရှိသူတွေအနေနဲ့လည်း သံပရိုရည်ကို နေ့စဉ်မှီဝဲပေးပါ။

(၅)ကျောက်ကပ် ကျောက်တည်တာကို ကာကွယ်ပေးနိုင်

သံပရိုမှာပါတဲ့ အချဉ်ဓါတ်အက်ဆစ်(ဆီထရစ်အက်ဆစ်)က ကျောက်ကပ်မှာ ကျောက်တည်တာတွေကို သက်သာစေပါတယ်။အဲ့ဒီအက်ဆစ်က calcium stones တွေဖြစ်တာကို တားဆီးပေးနိုင်ပါတယ်။ဒါကြောင့် ကျောက်တည် တာတွေကို သံပရိုက ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၆)အသားအရေပြဿနာကို ဖြေရှင်းနိုင်

သံပရိုဟာ အရေပြာဿးနာတွေအတွက် အရမ်းကောင်းပါတယ်။သနပ်ခါးထဲမှာ သံပရာရည်နှစ်စက်၊သုံးစက်လောက် ရောပြီးထည့်လိမ်းပေးရင်လည်း ၀က်ခြံေ တွအတွက် သက်သာပျောက်ကင်းစေပါတယ်။ဝက်ခြံဖြစ်နေတဲ့ နေရာကို နားကြပ်တံမှာပါတဲ့ ဂွမ်းထိပ်လေးနဲ့တို့ပြီး ၀က်ခြံနေရာပေါ်မှာ လိမ်းပေးလို့ လည်းရပါတယ်။ဒါ့အပြင် မျက်နှာမှာ ပါးရေ၊နားရေတွန့်တာ၊ဆားဝက်ခြံတွေ အတွက်လည်း သံပရိုရည်က ကောင်းပါတယ်။

READ
ကျန်းမာစေတယ်ထင်ရပြီး ကျန်းမာရေးဆိုးဝါးစေတဲ့အစားအသောက်(၆)မျိုး

Ref;davidwolfe

SHARE