အသက် ၁၁၄ နှစ် ဖိုးဖိုး ပြောပြသွားခဲ့တဲ့ သူ့ကို အသက်ရှည်စေတဲ့ အစားအစာ ၅ မျိုးအကြောင်း

လူတိုင်းက သက်ရှည်ကျန်းမာစွာ နေထိုင်လိုကြသူတွေချည်းပါပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဖော်ပြချက်အရ ယနေ့ခေတ်လူတွေရဲ့ ပျှမ်းမျှ သက်တမ်းဟာ ၇၂ နှစ် ဖြစ်ပါတယ်။ ဒါပေမယ့် အစားအသောက် နေထိုင်မှုပုံစံအလိုက် ပျှမ်းမျှသက်တမ်းထက် ရှည်တာ၊ တိုတာတွေ ဖြစ်သွားမှာပါ။

© BernandoLaPallo / Twitter
power-living.com

၁၉၀၁ ခုနှစ်ကနေ ၂၀၁၅ အထိ အသက် ၁၁၄ နှစ်ရှည်အောင် ကျန်းမာစွာ နေထိုင်သွားခဲ့တဲ့ ဘရာဇီးလူမျိုး Bernando LaPallo ဟာ သူ့ကို အသက်ရှည်စေအောင် ဘာတွေက အထောက်အကူပြုခဲ့လဲဆိုတာနဲ့ ပတ်သက်ပြီး ဝေမျှသွားခဲ့ဖူးပါတယ်။ သူ့ရဲ့ နေ့စဉ်အစားအသောက်တွေထဲမှာ သဘာဝအော်ဂင်းနစ် အသီးအနှံတွေ ပုံမှန်ပါဝင်ခဲ့ပါတယ်။ ဒီထဲကမှ အောက်ပါ ၅ မျိုးက သူ့ကို အဓိကကျန်းမာစေတဲ့ အစားအစာတွေဖြစ်တယ်လို့ Bernando က ပြောပြခဲ့တာပါ။ ဘာတွေလဲဆိုတော့-

သစ်ကြံပိုးခေါက်

Shutterstock

သစ်ကြံပိုးခေါက်က အရသာကို အထူးပံ့ပိုးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်ဖြစ်ရုံသာမက အခြားအာနိသင် များစွာလည်း ရှိပါတယ်။ ကင်ဆာ၊ နှလုံးရောဂါ၊ ဘက်တီးရီးယားနဲ့ မှို ပိုးဝင်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ HIV ပိုးကို ခုခံရာမှာလည်း အထောက်အကူပြုနိုင်ပါတယ်။

READ
ဒိန်ချဉ်ရဲ့ ကျန်းမာရေးကောင်းကျိုး(၆)မျိုး

ချောကလက်

Shutterstock

ချောကလက်စားပေးတာက ကိုလက်စရော level ကို လျှော့ချပေးနိုင်တဲ့အပြင် မှတ်ဉာဏ်အားလည်း ကောင်းစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ဝိတ်ထိန်းဖို့ ရှောင်တတ်တဲ့ အစားအစာတွေထဲမှာ ချောကလက်ကို ထည့်ထားတယ်ဆိုရင်တော့ ဖျက်လိုက်သင့်ပါတယ်နော်။

ကြက်သွန်ဖြူ

Shutterstock

ကြက်သွန်ဖြူဟာ အယ်ဇိုင်းမားကဲ့သို့ မှတ်ဉာဏ်ချို့ယွင်းရောဂါတွေကို ကာကွယ်ပေးနိုင်တယ်၊ နှလုံးကျန်းမာစေတယ်၊ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဖျားနာခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူရဲ့ ကောင်းကျိုးတွေကို သိလိုက်ရတော့ မကြိုက်တဲ့သူတွေတောင် ကြိုက်ချင်သွားလောက်ကြမယ်ထင်ပါတယ်။

ပျားရည်

Shutterstock

ပျားရည်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀ လောက်တည်းက ဆေးဝါးအဖြစ် အသုံးပြုလာကြတာပါ။ ရောဂါပိုးသတ်ပေးတာ၊ အိုမင်းရင့်ရော်တာ တားဆီးဖို့တွေအတွက် သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆို အလှအပရေးရာအတွက်ပါ အသုံးပြုလာကြပါတယ်။

သံလွင်ဆီ

Shutterstock

ပညာရှင်တွေ ပြောကြားချက်အရ သံလွင်ဆီဟာ ကျန်းမာရေးကို အထောက်အကူအပြုဆုံး ဆီတစ်မျိုး ဖြစ်ပါတယ်။ ဦးနှောက်နဲ့ နှလုံးကို ကျန်းမာစေတဲ့ သံလွင်ဆီဟာ မှတ်ဉာဏ်အားကောင်းစေတယ်၊ အိုမင်းရင့်ရော်မှုကို တားဆီးပေးတယ်၊ ဆီးချိုနဲ့ ကင်ဆာဖြစ်ပွားနှုန်းတို့ကို လျှော့ချပေးနိုင်ပါတယ်။

READ
ခံတွင်းအနာ(အိုင်းနာ/အပူနာ)တွေကို ပျောက်ကင်းစေမယ့် အိမ်ဖြစ်ဆေးဝါးများ
power-living.com

Bernando ကတော့ သူ့ရဲ့ ကျန်းမာရေးလျှို့ဝှက်ချက်တွေမှာ အပေါ်က အစားအစာ ၅ မျိုးအပြင် သူလိုက်နာတဲ့ အခြားအလေ့အကျင့်တွေကိုပါ ပြောပြပေးသွားပါတယ်။ သူဟာ သူ့ဖခင်မှာခဲ့တဲ့အတိုင်း အနီရောင်အသားတွေ မစားပါဘူး။ ဟော့ဒေါ့၊ အာလူးချောင်းကြော်ကဲ့သို့သော ဆီပါတဲ့ အမြန်စာတွေလည်း မစားပါဘူး။ မနက်တိုင်း လမ်းလျှောက်ပြီး ဦးနှောကို အလုပ်ပေးဖို့အတွက် စကားလုံးပဟေဠိလေးတွေ ဖြေလေ့ရှိပါတယ်။ Bernando က သူ ၈ နှစ်သားအရွယ်တုန်းက သူ့အဖေ သူ့ကို ပြောခဲ့တဲ့ စကားတွေပါ မှတ်မိနေသေးတယ်ဆိုကာ သူ့ရဲ့ မှတ်ဉာဏ်အားကောင်းပုံကိုလည်း ပြောခဲ့ပါသေးတယ်။

Ref: Bright Side

SHARE