ကျန်းမာရေးနဲ့ ပတ်သတ်ပြီး လူတိုင်းနီးပါး သတိမထားမိပဲ လွဲမှားနေတဲ့အရာများ

Freepik/NFD

ကျွန်တော်တို့ လူတော်တော်များများဟာ တစ်ကိုယ်ရေ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး သိထား၊ ထင်တားတာ အချို့မှာ လွဲမှားကောင်း လွဲမှားနေတတ်ကြပါတယ်။ဥ ပမာ- ထမင်းစားပြီးရင် သွားတိုက်တာတို့၊ မြွေကိုက်ရင် ကိုက်တဲ့နေရာကို ပါးစပ်နဲ့ သွေးတွေကို စုပ်ပြီး ထွေးပစ်လိုက်တာမျိုးတို့၊ နှာခေါင်းသွေးလျှံရင် ခေါင်းကိုမော့ထားရတာမျိုးတို့ကို တော်တော်မေားများ ပြုလုပ်တတ်ကြပါတယ်။ ဒါတွေက တော်တ်ေကြီးကို လွဲမှားနေတဲ့ နည်းလမ်းတွေဆို သင်လက်ခံပါ့မလား။ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး လူအတော်များများ လွဲမှားစွာ လက်ခံထားတတ်တဲ့ အချက်တွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(1)ကလေးတွေစားမယ့် အစားအစာကို ပူတယ်ဆိုပြီး အေးအောင် မမှုတ်ပေးပါနဲ့

ဒီလို ကလေးစားမယ့်အစားအစာတွေကို မှုတ်ပေးမယ်ဆိုရင် မိဘတွေရဲ့ ခံတွင်းထဲမှာရှိတဲ့ သွားအခေါင်းပေါက်တွေက ဘက်တီးရီးယားတွေဟာ အဲဒီအစားအစာထဲကို တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးက မိမိကလေးစားမယ့် အစားအစာကပူနေတယ်ဆိုရင် ခဏလောက်အေးခံလိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။

Freepik/MNT

(2)နှာခေါင်းသွေးလျှံတဲ့အခါ ဦးခေါင်းကို နောက်သို့ မလှန်ပါနဲ့

READ
ပြင်းထန်တဲ့ Orgasmကြောင့် မျက်လုံးတစ်ဖက်ကွယ်တဲ့အထိဖြစ်ခဲ့ရတဲ့ အမျိုးသား

အဲဒီလို ဦးခေါင်းကို နောက်ပြန်လှန်လိုက်မယ်ဆိုရင် နှာခေါင်းထဲမှာရှိတဲ့သွေးတွေက နောက်ပြန်စီးသွားပြီး လည်ချောင်းထဲကိုရောက်ကာ အသက်ရှုမွန်းကျပ်စေပါတယ်။ဒါ့ကြောင့် အကောင်းဆုံးက နှာခေါင်းသွေးလျှံရင် ခေါင်းကို ရေပြင်ညီအတိုင်းနေပြီး နှာခေါင်းထိပ်ကို လက်မနှင့် လက်ညှိုးသုံးပြီး ပိတ်ထားပါက ခဏကြာရင် သွေးတိတ်သွားမှာပဲ ဖြစ်ပါတယ်။

(3)ရုတ်ရက် သတိလစ်ပြီးလဲကျသွားတဲ့အခါ ဆွဲမထူပါနဲ့

လူတစ်ယောက် သတိလစ်ပြီးလဲကျတယ်ဆိုတာသွေးပေါင်ချိန်ကျပြီး သွေးအားနည်းလို့ပါ။အဓိကတော့ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးလည်ပတ်မှုဟာ ဦးနှောက်ထံ လိုအပ်သလောက်ရောက်ရှိတာကြောင့် သွေးအားနည်းပြီး သတိလစ်တာပါ။ဒီလိုအချိန်မှာ ဆွဲထူလိုက်မယ်ဆို ဦးခေါင်းက အထက်ကို ပိုရောက်သွားပြီး သွေးလည်ပတ်မှုဟာ ပိုမိုခက်ခဲသွားမှာ ဖြစ်ပါတယ်။ဒါ့ကြောင့် အကောင်းဆုံးကတော့ ဒီအတိုင်းလေးလှဲထားပြီး အနားယူခိုင်းတာ အကောင်းဆုံးပါပဲ။

YouTube/HarvardEdu

(4)မြွေကိုက်ခံရင် သွေးတွေကို စုပ်မထုတ်ပါနဲ့

ဒီလို စုပ်ထုတ်လိုက်လို့လဲ ဘာမှအကျိုးသက်ရောက်မှုမရှိပါဘူး။အခန့်မသင့်ပဲ ကိုယ့်ပါးစပ်ထဲမှာ အနာရှိရင် မြွေဆိပ်တောင်ပြန်ကူးသွားနိုင်ပါတယ်။အကောင်းဆုံးကတော့ အဆိပ်ရှိတဲ့သတ္တဝါကိုက်ပြီဆိုတာနဲ့ အရေးပ်ါဖုန်းနံပါတ်ကိုဆက်ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းသို့သွားတာ အကောင်းဆုံးပါပဲ။ ဆေးရုံကား မလာခင်အထိတော့ မှောက်လျက်လေးနေပြီး လှဲနေတာအကောင်းဆုံးပါပဲ။

(5)အစာစားပြီး သွားမတိုက်ပါနဲ့

READ
သင့်ရဲ့ လျှာကပြောပြနေသည့် သင့်ရဲ့ကျန်းမာရေးအကြောင်း

အစာစားပြီးသွားတိုက်ခြင်းဟာ သွားရဲ့ အပေါ်ယံကြွေလွှာလေးတွေကို ထိခိုက်စေနိုင်ပါတယ်။ဒါ့ကြောင့် အကောင်းဆုံးက မနက်ပိုင်းအချိန်အစာမစားမီ သွားတိုက်တာကတော့ အကောင်းဆုံးပါပဲ။

 

Pyi Hein Kyaw

SHARE