ကျန်းမာမှ အောင်မြင်နိုင်မည်။

ကျန်းမာစွာ စားသောက်ခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုရုံသာမက ရည်မှန်းချက်များကိုပါ
အောင်မြင်စေနိုင်ပါတယ်။ကျန်းမာမှ သာအလုပ်လုပ်နိုင်မှာဖြစ်ပြီး အလုပ်လုပ်နိုင်မှ အောင်မြင်မှုကို
ဆွတ်ခူးနိုင်မှာပါ။ ကျန်းမာပြီး အောင်မြင်စေဖို့ နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါတယ်။

(၁)ပိုမိုအင်အားပြည့်စေဖို့

လူတွေဟာတစ်နေ့တာလုံး အလုပ်လုပ်ရင်း အားအင်တွေကုန်ခမ်းနေကြရပါတယ်။တစ်နေ့တာ လုပ်ငန်း
တွေ မိသားစုအရေးတွေ ကိုလုပ်ဆောင်နိုင်ဖို့ဆိုရင်တော့ အားအင်တွေပြည့်ဝဖို့လိုပါတယ်။ ဒီ့အတွက်
မနက်စာကို အာဟာရပြည့်ဝစွာစားရပါ့မယ် အာဟာရပြည့်ဝတဲ့မနက်စာမှာ အင်အားဖြစ်စေတဲ့ ဆန်
(သို့)ဂျုံ ၊ ဟင်းသီးဟင်းရွက် ၊အသားငါး တွေပါဝင်ပါတယ်။ နောက်ပြီး Snack (သရေစာမုန့်) စားပေး
တာမျိုး ညစာကို သင့်တင့်စွာ စားသုံးတာမျိုးကလည်း တစ်နေ့တာလိုအပ်တဲ့ အင်အားတွေကို ဖြစ်စေ
ပါတယ်။

(၂)မှတ်ဥာဏ်အားကောင်းစေဖို့

မှတ်ဥာဏ်အားကောင်းစေဖို့ ငါး၊ အစေ့အဆံများ၊သံလွင်ဆီနဲ့ အသီးအနှံများများ စားသုံးပေးရပါမယ်။
သရေစာအနေနဲ့ အခွံမာသီးတွေ အစေ့အဆံတွေသစ်သီးခြောက်၊သစ်သီးယိုတွေ ၊ အသီးအနှံတွေ ကို
စားပေးရပါမယ်အစေ့အဆံနဲ့ အခွံမာသီးတွေမှာ Vitamins ဓာတ် ၊သံဓာတ်နဲ့ အသားဓာတ်တွေ ပါဝင်လို့ သရေစာအဖြစ်စားသုံးဖို့အကောင်းဆုံးပါပဲ

READ
ဆေးလိပ်ဖြတ်ဖို့ အီး-စီးကရက်သောက်ပြောင်းသောက်လည်း ကျန်းမာရေးထိခိုက်နိုင်

(၃)ပိုမိုကျန်းမာစေဖို့

ကျန်းမာရေးဟာ ဘဝမှာ အရေးကြီးဆုံးပါ။ကျန်မားရေးချို့ယွင်းနေ မယ်ဆိုရင် ကိုယ်ရည်ရွယ်ထားသမျှ
တွေ ကို လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ကျန်းမာရေးကို ဂရုစိုက်ပါ။ တစ်နေ့တာ နေထိုင်မှု
အမှားအယွင်းတွေကိုပြင်ပါ။ အိပ်ယာဝင် နောက်ကျတာမျိုး တစ်နေ့တာ အိပချိန်မဝတာမျိုး အစား
အသောက်မှားယွင်းတာမျိုးတွေ ဆင်ခြင်ပါ။

(၄)ပိုမိုကောင်းမွန်တဲ့ စိတ်ခံစားမှု ရှိစေဖို့

တစ်နေ့တာ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ စိတ်ဓာတ်တွေလန်းဆန်းနေဖို့လိုပါတယ်။ ကျန်းမာစေတဲ့
အစားအစာတွေဖြစ်တဲ့ Cherry Tomato , အားလူးသီး, swiss chart , ဒိန်ချဉ် ,ချောကလပ် အမည်း
စတာတွေကို စားသုံးပေးရပါမယ်

(၅)ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့

လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ အနည်းဆုံး (၇) နာရီ ရှိသင့်ပါတယ်။ နောက်ပြီး အိပ်ရေးဝဝ အိပ်စက်နိုင်ဖို့
ကျန်းမာစေတဲ့ အစားအစာတွေဖြစ်တဲ့ အခွံမာသီး ၊ ငှက်ပျောသီး၊ ဂျုံမှုန့် ၊ကြက်ဆင်၊နို့ထွက်ပစ္စည်းများ
စားသုံးပေးသင့်ပါတယ်ကောင်းမွန်စွာအိပ်စက်ခြင်းဟာ Energy Level ကိုတိုးစေပြီး တစ်နေ့တာလုပ်ငန်း
တွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေမှာပါ

READ
ညဘက် အိပ်ပျော်စေဖို့ အကောင်းဆုံးအစားအစာများ

(၆)ငွေကြေးပိုက်ဆံ

တကယ်လို့သင့်မှာ စုထားတဲ့ငွေ အများအပြားမရှိရင် အိမ်တွေကားတွေကို မပိုင်ဆိုင်နိုင်သလို သင့်မှာ
ကျန်းမာစေတဲ့ အစားအစာတွေဝယ်ဖို့ ပိုက်ဆံလုံလုံလောက်လောက်မရှိရင် ကျန်းမာနိုင်မှာမဟုတ်ပါဘူး
တစ်ခါတစ်လေ မှာ အချို့ အသီးအနှံတွေက အသင့်စား(ကျန်းမာရေးနဲ့မညီညွတ်တဲ့) အစားအစာတွေ
ထက် ဈေးပိုကြီးနေတတ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာစေဖို့ ပိုက်ဆံရှိဖို့လည်းလိုပါသေးတယ်။

ကျန်းမာစေဖို့အတွက်ဒီ့ထက်ပိုများတဲ့ အချက်တွေလည်းရှိနိုင်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေး
ကို ဂရုစိုက်ပြီး အစားမှန် အအိပ်မှန် ရင် သင့်ဘဝမှာ အရာအားလုံးကိုလုပ်ဆောင်နိုင်မှာပါ။

 

Myanmar Online Media Team

Ref:en.amerikanki

SHARE